သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြတ္လပ္ေရး ၇၂ ႏွစ္ျပည့္ ျမန္မာ လြတ္လပ္မႈ အျပည့္အဝ ရၿပီလား


၂၀၁၇ ခုႏွစ္က က်င္းပခဲ့သည့္ ၆၉ ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ ႏုိင္ငံေတာ္အလံတင္အခမ္းအနား။ (ဇန္နဝါရီ ၄၊ ၂၀၁၇)

(Zawgyi / Unicode)

ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ႏိုင္ဖို႔ ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြ လူ႔အခြင့္အေရး စံႏႈန္းစံထားေတြနဲ႔ ကိုက္ညီတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ရြက္ၾကဖို႔ ႏုိင္ငံေတာ္သမၼတက ဒီကေန႔က်ေရာက္တဲ့ လြတ္လပ္ေရးေန႔မွာ ႏုိင္ငံကို ႏႈိးေဆာ္ တုိက္တြန္းလိုက္ပါတယ္။ အခုလို ႏိုင္ငံ့အႀကီးအကဲေတြဘက္က ႏိုင္ငံရဲ႕ အေျခခံလိုအပ္ခ်က္ စိန္ေခၚခ်က္ေတြ ပူးေပါင္းေျဖရွင္းၾကဖို႔ တိုက္တြန္းေနၾကေပမယ့္လို႔ လက္ေတြ႔က်တဲ့ အေကာင္အထည္ေဖာ္မႈေတြ လုပ္ငန္းစဥ္ေတြ လိုအပ္ေနေသးသလို တုိင္းရင္းသားျပည္သူအက်ိဳးကို ေဖာ္ေဆာင္ႏိုင္မယ့္ ဖက္ဒရယ္အစိုးရတရပ္ ေပၚထြန္းလာေအာင္ ေဆာင္ရြက္သင့္တယ္လို႔လည္း သံုးသပ္တိုက္တြန္းမႈေတြ ရွိပါတယ္။ အျပည့္အစံုကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ဒီကေန႔က်ေရာက္တဲ့ ၇၂ ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏုိင္ငံ နယ္ခ်ဲ႕ကိုလိုနီလက္ေအာက္က လြတ္ေျမာက္ၿပီး လြတ္လပ္ေရးရရွိခဲ့တဲ့ မနက္ ၄ နာရီ မိနစ္ ၂၀ အခ်ိန္မွာ ျပည္နယ္၊ တုိင္း အသီးသီး၊ ေနျပည္ေတာ္၊ ရန္ကုန္-မႏၱေလး စတဲ့ ၿမိဳ႕ႀကီးေတြမွာ လြတ္လပ္ေရးေန႔ ႏိုင္ငံေတာ္ အလံတင္အခမ္းအနားကို က်င္းပခဲ့ၾကပါတယ္။

ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ေပးပို႔တဲ့ လြတ္လပ္ေရးေန႔ သဝဏ္လႊာကိုေတာ့ ေနျပည္ေတာ္မွာ က်င္းပတဲ့ ၇၂ ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားမွာ ဒုသမၼတ-၁ ဦးျမင့္ေဆြက ဖတ္ၾကားသြားပါတယ္။

“ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေအာင္ျမင္ေရး၊ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရး၊ တုိင္းရင္းသား ညီအစ္ကုိေမာင္ႏွမမ်ားအၾကား သံသယစိတ္ ကင္းစင္ၿပီး ခုိင္မာေသာယံုၾကည္မႈ တည္ေဆာက္ႏိုင္ေရး ဒီမိုကေရစီ စံခ်ိန္စံညႊန္းမ်ား လူ႔အခြင့္အေရး စံႏႈန္းစံထားမ်ားနဲ႔ ကိုက္ညီၿပီး ႏုိင္ငံေတာ္၏ ပကတိ အေျခအေနမ်ားႏွင့္ ဆီေလ်ာ္သည့္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးတုိ႔ကုိ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ရြက္သြားၾကရမည္ ျဖစ္ပါသည္။ ၇၂ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အမ်ဳိးသားေရး ဦးတည္ခ်က္မ်ားကို အေလးအနက္ ခံယူၿပီး တုိင္းရင္းသားအားလုံး ဥမကြဲ သုိက္မပ်က္ ေသြးစည္းညီညြတ္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကပါရန္ ဤေန႔ထူးေန႔ျမတ္ျဖစ္ေသာ လြတ္လပ္ေရးေန႔ အခါသမယတြင္ ခ်စ္ၾကည္ေလးစားစြာ တုိက္တြန္းႏႈိးေဆာ္လ်က္ သဝဏ္လႊာ ေပးပို႔အပ္ပါသည္။”

လူ႔အခြင့္အေရး စံႏႈန္းစံထားေတြနဲ႔ ကိုက္ညီတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ ဝိုင္းဝန္းႀကိဳးပမ္းေပးၾကဖို႔ သမၼတရဲ႕ လြတ္လပ္ေရးေန႔ သဝဏ္လႊာမွာ အဓိက တုိက္တြန္းထားတာပါ။ ဒါေပမယ့္ ႏုိင္ငံေတာ္ဘက္က လက္ေတြ႔က်တဲ့ လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္မႈေတြနဲ႔ လက္ေတြ႔က်က် ေဆာင္ရြက္ဖို႔ အေရးႀကီးတယ္လို႔ ေထာက္ျပမႈေတြလည္း ရွိပါတယ္။

သမၼတရဲ႕ လြတ္လပ္ေရးေန႔ သဝဏ္လႊာပါ တိုက္တြန္းသြားသလို ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ ဘာေတြလိုအပ္ပါသလဲ။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္း ေခါင္းေဆာင္တဦးျဖစ္တဲ့ ရခိုင္အမ်ိဳးသားေကာင္စီ (ANC) ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္က အခုလိုသံုးသပ္ပါတယ္။

“အခု သမၼတရဲ႕ သဝဏ္လႊာမွာ ေျပာသလိုမ်ဳိးေပါ့ဗ်ာ သံသယကင္းရွင္းဖုိ႔နဲ႔ ဖြဲ႔စည္းပုံ ျပင္ဖုိ႔ ေျပာတဲ့အခ်က္ကေတာ့ တကယ္ တုိင္းျပည္ရဲ႕ အေျခခံလုိအပ္ခ်က္ကုိ သူေျပာတာျဖစ္တယ္။ သမၼတတုိ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံတုိ႔ကေတာ့ ဒီစကားလုံးေတြက အခြင့္အခါ သင့္ရင္သင့္သလုိ သူတုိ႔ အခါႀကီး ရက္ႀကီး သဝဏ္လႊာေတြမွာ မိန္႔ခြန္းေတြမွာ ထည့္ၿပီး ေျပာေနတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ အဲဒါကို လက္ေတြ႔အားျဖင့္ ဘယ္လိုလုပ္ၾကမလဲဆုိတဲ့ အဓိကျမင္တာေတာ့ လုပ္ငန္းစဥ္ လုိေနတယ္လို႔ က်ေနာ္ျမင္ပါတယ္။ အဲဒီ အေျခခံမူကို လက္ေတြ႔အားျဖင့္ ဘယ္လုိ အေကာင္အထည္ ေဖာ္မလဲ။ ဒီေန႔ ႏုိင္ငံေတာ္သမၼတရဲ႕ လြတ္လပ္ေရးေန႔ သဝဏ္လႊာမွာပါတဲ့ အခ်က္ေတြကေတာ့ အေျပာသက္သက္ မဟုတ္ဘဲနဲ႔ လက္ေတြ႔အားျဖင့္ အေကာင္အထည္ ေဖာ္ေနဖို႔ လုိတဲ့အခ်က္ကို သူက ေထာက္ျပတာျဖစ္တယ္။ အဲဒါကို ဘယ္လုိလုပ္မလဲ ဆုိတဲ့ အခ်က္ကပဲ အဓိက အေရးႀကီးတယ္လို႔ ျမင္ပါတယ္။”

ျမန္မာႏုိင္ငံ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီတဲ့ ဖြံ႔ၿဖိဳးတိုးတက္မႈရဖို႔ ၂၀၂၀-၂၀၃၀ စီမံကိန္း (Myanmar Sustainable Development Plan MSDP) နဲ႔ အေကာင္အထည္ ေဖာ္မယ္လို႔လည္း သမၼတ လြတ္လပ္ေရးေန႔ သဝဏ္လႊာထဲမွာ ေျပာထားပါတယ္။

ဒီမွာ ေျပာစရာရွိတာက ျမန္မာႏုိင္ငံမွာ လြတ္လပ္ေရးရရွိခဲ့တာ ႏွစ္ေပါင္း ၇၀ ေက်ာ္ၿပီ ျဖစ္ေပမယ့္လို႔ တုိင္းရင္းသားျပည္သူေတြဘက္က လြတ္လပ္ေရး အျပည့္အဝ မရရွိေသးဘူးလို႔ ခံစားေနရတာေတြ၊ ျပည္နယ္ တုိင္းေတြမွာ ဖြ႔ံၿဖိဳးတုိးတက္မႈ တေျပးညီ မျဖစ္ႏုိင္ေသးတဲ့ အေနအထားေတြ ရွိေနဆဲပါ။ ျမန္မာ့ႏိုင္ငံေရးအကဲခတ္ ဦးေမာင္ေမာင္စိုးက အခုလို ေျပာပါတယ္။

“အဓိကေတာ့ ဒီမုိကရက္တစ္ အခြင့္အလမ္းေတြနဲ႔ ပတ္သက္လုိ႔ပဲျဖစ္ျဖစ္ ျပည္နယ္ေတြရဲ႕ ဖက္ဒရယ္ အခြင့္အလမ္းေတြနဲ႔ ပတ္သက္ၿပီး အျပည့္အဝ မရေသးတဲ့ အခ်ိန္မွာ လြတ္လပ္ေရး ရေပမယ့္ ငါတုိ႔ တကယ္တမ္း လြတ္လပ္ေရးရဲ႕ အရသာကုိ မခံစားရေသးဘူးဆိုတဲ့ အျမင္မ်ဳိးကုိ ျပည္သူေတြ ခံစားေနရတာပါ။ အဓိကေတာ့ တုိင္းရင္းသား ျပည္သူေတြက ပုိၿပီးေတာ့ ဒီကိစၥကို ခံစားရပါတယ္။ က်ေနာ္တုိ႔က ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ္၊ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္္မယ္လို႔ ဘယ္လုိေျပာေျပာ တကယ္တမ္း က်ေနာ္တို႔တုိင္းျပည္က ၄၈ ကေန ဒီေန႔အထိ တျပည္ေထာင္စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့တာ ျဖစ္တဲ့အတြက္ တုိင္းျပည္ရဲ႕ စည္းလုံးညီညြတ္ေရးကို တကယ္လိုခ်င္တယ္ဆုိရင္ ဖက္ဒရယ္အစုိးရတရပ္ကုိ ထူေထာင္မွပဲ ျဖစ္လိမ့္မယ္လုိ႔ ထင္ပါတယ္။”

ဒီကေန႔က်ေရာက္တဲ့ ၇၂ ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲ႕ လြတ္လပ္ေရးေန႔ကို အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္၊ ႐ုရွားႏုိင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ အိႏိၵယႏုိင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ထုိင္း၊ စင္ကာပူ၊ ၾသစေၾတးလ်၊ ဂ်ာမနီ၊ ခ်က္သမၼတႏိုင္ငံ စတဲ့ ႏုိင္ငံေတြက ႏုိင္ငံ့ေခါင္းေဆာင္ေတြကလည္း လြတ္လပ္ေရးသဝဏ္လႊာေတြ ေပးပို႔ခဲ့ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုက ေပးပို႔တဲ့ သဝဏ္လႊာမွာေတာ့ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကရက္တစ္ အေျပာင္းအလဲ၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ စီးပြားေရး အသြင္ကူးေျပာင္းေရးေတြမွာ ျမန္မာျပည္သူမ်ားနဲ႔အတူ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ လက္တြဲပူးေပါင္း ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ ျမန္မာျပည္သူေတြရဲ႕ ဂုဏ္သိကၡာ၊ အခြင့္အေရးေတြကို ေလးစားတန္ဖိုးထားၿပီး ၿငိမ္းခ်မ္းၿပီး ဒီမိုကေရစီစနစ္ ထြန္းကားလာေစေရး အစိုးရ၊ အရပ္ဘက္အဖြဲ႔စည္းေတြ၊ လူငယ္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ့္အေၾကာင္း ကတိျပဳထားတာ ေတြ႔ရပါတယ္။

-----------------------------------

(Unicode)

လွတ်လပ်ရေး ၇၂ နှစ်ပြည့် မြန်မာ လွတ်လပ်မှု အပြည့်အဝ ရပြီလား

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ဖို့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတက ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံကို နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။ အခုလို နိုင်ငံ့အကြီးအကဲတွေဘက်က နိုင်ငံရဲ့ အခြေခံလိုအပ်ချက် စိန်ခေါ်ချက်တွေ ပူးပေါင်းဖြေရှင်းကြဖို့ တိုက်တွန်းနေကြပေမယ့်လို့ လက်တွေ့ကျတဲ့ အကောင်အထည်ဖော်မှုတွေ လုပ်ငန်းစဉ်တွေ လိုအပ်နေသေးသလို တိုင်းရင်းသားပြည်သူအကျိုးကို ဖော်ဆောင်နိုင်မယ့် ဖက်ဒရယ်အစိုးရတရပ် ပေါ်ထွန်းလာအောင် ဆောင်ရွက်သင့်တယ်လို့လည်း သုံးသပ်တိုက်တွန်းမှုတွေ ရှိပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ နယ်ချဲ့ကိုလိုနီလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့တဲ့ မနက် ၄ နာရီ မိနစ် ၂၀ အချိန်မှာ ပြည်နယ်၊ တိုင်း အသီးသီး၊ နေပြည်တော်၊ ရန်ကုန်-မန္တလေး စတဲ့ မြို့ကြီးတွေမှာ လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကိုတော့ နေပြည်တော်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒုသမ္မတ-၁ ဦးမြင့်ဆွေက ဖတ်ကြားသွားပါတယ်။

“မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား သံသယစိတ် ကင်းစင်ပြီး ခိုင်မာသောယုံကြည်မှု တည်ဆောက်နိုင်ရေး ဒီမိုကရေစီ စံချိန်စံညွှန်းများ လူ့အခွင့်အရေး စံနှုန်းစံထားများနဲ့ ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် ဆီလျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို အလေးအနက် ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် ဤနေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။”

လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ သမ္မတရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အဓိက တိုက်တွန်းထားတာပါ။ ဒါပေမယ့် နိုင်ငံတော်ဘက်က လက်တွေ့ကျတဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

သမ္မတရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာပါ တိုက်တွန်းသွားသလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် လုပ်ဆောင်ဖို့ ဘာတွေလိုအပ်ပါသလဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က အခုလိုသုံးသပ်ပါတယ်။

“အခု သမ္မတရဲ့ သဝဏ်လွှာမှာ ပြောသလိုမျိုးပေါ့ဗျာ သံသယကင်းရှင်းဖို့နဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ ပြောတဲ့အချက်ကတော့ တကယ် တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ကို သူပြောတာဖြစ်တယ်။ သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကတော့ ဒီစကားလုံးတွေက အခွင့်အခါ သင့်ရင်သင့်သလို သူတို့ အခါကြီး ရက်ကြီး သဝဏ်လွှာတွေမှာ မိန့်ခွန်းတွေမှာ ထည့်ပြီး ပြောနေတာတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို လက်တွေ့အားဖြင့် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အဓိကမြင်တာတော့ လုပ်ငန်းစဉ် လိုနေတယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီ အခြေခံမူကို လက်တွေ့အားဖြင့် ဘယ်လို အကောင်အထည် ဖော်မလဲ။ ဒီနေ့ နိုင်ငံတော်သမ္မတရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာပါတဲ့ အချက်တွေကတော့ အပြောသက်သက် မဟုတ်ဘဲနဲ့ လက်တွေ့အားဖြင့် အကောင်အထည် ဖော်နေဖို့ လိုတဲ့အချက်ကို သူက ထောက်ပြတာဖြစ်တယ်။ အဲဒါကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အချက်ကပဲ အဓိက အရေးကြီးတယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ ၂၀၂၀-၂၀၃၀ စီမံကိန်း (Myanmar Sustainable Development Plan MSDP) နဲ့ အကောင်အထည် ဖော်မယ်လို့လည်း သမ္မတ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

ဒီမှာ ပြောစရာရှိတာက မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ပြီ ဖြစ်ပေမယ့်လို့ တိုင်းရင်းသားပြည်သူတွေဘက်က လွတ်လပ်ရေး အပြည့်အဝ မရရှိသေးဘူးလို့ ခံစားနေရတာတွေ၊ ပြည်နယ် တိုင်းတွေမှာ ဖွံ့ဖြိုးတိုးတက်မှု တပြေးညီ မဖြစ်နိုင်သေးတဲ့ အနေအထားတွေ ရှိနေဆဲပါ။ မြန်မာ့နိုင်ငံရေးအကဲခတ် ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။

“အဓိကတော့ ဒီမိုကရက်တစ် အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်နယ်တွေရဲ့ ဖက်ဒရယ် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အပြည့်အဝ မရသေးတဲ့ အချိန်မှာ လွတ်လပ်ရေး ရပေမယ့် ငါတို့ တကယ်တမ်း လွတ်လပ်ရေးရဲ့ အရသာကို မခံစားရသေးဘူးဆိုတဲ့ အမြင်မျိုးကို ပြည်သူတွေ ခံစားနေရတာပါ။ အဓိကတော့ တိုင်းရင်းသား ပြည်သူတွေက ပိုပြီးတော့ ဒီကိစ္စကို ခံစားရပါတယ်။ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ ဘယ်လိုပြောပြော တကယ်တမ်း ကျနော်တို့တိုင်းပြည်က ၄၈ ကနေ ဒီနေ့အထိ တပြည်ထောင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို တကယ်လိုချင်တယ်ဆိုရင် ဖက်ဒရယ်အစိုးရတရပ်ကို ထူထောင်မှပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ၊ ဂျာမနီ၊ ချက်သမ္မတနိုင်ငံ စတဲ့နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေကလည်း လွတ်လပ်ရေးသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းရေးတွေမှာ မြန်မာပြည်သူများနဲ့အတူ အမေရိကန်ပြည်ထောင်စု အနေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး ငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားလာစေရေး အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းတွေ၊ လူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ကတိပြုထားတာ တွေ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG