သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တန္းတူညီမွ်ၿပီး ျပည္ပလႊမ္္းမိုးမႈကင္းတဲ့ ျမန္မာႏုိင္္ငံအျဖစ္ ျမင္ေတြ႔ခ်င္ၾက


၆၈ ႀကိမ္ေျမာက္ လြတ္လပ္ေရးက်င္းပစဥ္

(Zawgyi / Unicode)

ျမန္မာႏိုင္ငံကို တန္းတူခြင့္ရွိတဲ့ ဖြ႔ံၿဖဳိးတိုးတက္တဲ့ ႏိုင္ငံတခုအျဖစ္ ျမင္ေတြ႔ခ်င္လွၿပီျဖစ္ေၾကာင္း ျပည္ပေရာက္ ႏိုင္ငံေရးသုံးသပ္သူတခ်ဳိ႕က ေျပာဆိုလိုက္ပါတယ္။ ဇန္နဝါရီလ(၄)ရက္ေန႔မွာ က်ေရာက္တဲ့ (၇၂)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အခါသမယမွာ ခုလိုေျပာဆိုလိုက္ၾကတာပါ။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပ ထားပါတယ္။

ျမန္မာႏိုင္ငံ လြတ္လပ္ေရးရယူဖို႔ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အဂၤလန္ကို သြားေရာက္ေဆြးေႏြးခ်ိန္မွာ ေတာင္တန္းေဒသေတြက သေဘာမတူရင္ လြတ္လပ္ေရး မေပးႏိုင္ေသးဘူးလို႔ ျငင္းလႊတ္လိုက္တာေၾကာင့္ ကခ်င္၊ ခ်င္း၊ ရွမ္း စတဲ့ေတာင္တန္းေဒသ ေခါင္းေဆာင္ေတြနဲ႔ ျပန္ညႇိႏႈိင္းၿပီး ၁၉၄၇ ေဖေဖၚဝါရီ (၁၂)ရက္ေန႔မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တုိင္းရင္းသားေခါင္းေဆာင္ႀကီးေတြ ပင္လုံစာခ်ဳပ္ ခ်ဳပ္ခဲ့တာပါ။

လြတ္လပ္ေရးရဖို႔ ဒီလိုအတူတကြ ႀကဳိးပမ္းခဲ့ေပမယ့္ ၁၉၄၈ လြတ္လပ္ေရးရၿပီးခ်ိန္ကစလို႔ ျပည္မနဲ႔ တိုင္းရင္းသားေတြၾကား ျပည္တြင္းစစ္မီး ေတာက္ေလာင္လာခဲ့တာ ခုခ်ိန္ထိအျပီးသတ္ မျငိမ္းႏိုင္ေသးသလို၊ ဖြ႔ံၿဖဳိးမႈလည္းနည္းေနဆဲျဖစ္ပါတယ္။ တိုင္းရင္းသားေဒသေတြမွာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ေတြရွိတဲ့ လြတ္လပ္တဲ့ ျမန္မာႏို္င္ငံကို ျမင္ေတြ႔ခ်င္တယ္လို႔ ေျပာလာသူက အေမရိကန္ ကယ္လီဖိုးနီးယား ျပည္နယ္က ရွမ္းစာေပနဲ႔ယဥ္ေက်းမႈ အသင္း ဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္က ျမင္ပါတယ္။

“ က်ေနာ္တို႔ အခုဆိုရင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီး လြတ္လပ္ေရးရခဲ့တာ ၇၂ ႏွစ္ရွိၿပီ။ လြတ္လပ္ေရးရၿပီလို႔သာေျပာတာ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ ေနတဲ့ တိုင္းရင္းသားေတြအားလံုး လြတ္လပ္မႈမရၾကေသးဘူး။ လြတ္လပ္စြာေျပာဆိုခြင့္လည္းမရွိဘူး၊ လြတ္လပ္စြာ အုပ္ခ်ဳပ္ပိုင္ခြင့္လည္းမရွိဘူး။ ျပည္ေထာင္စု ဆိုကတည္းက က်ေနာ္တို႔ ျပည္ေထာင္ေတြစုထားတဲ့ ႏို္င္ငံျဖစ္တယ္။ ဆိုေတာ့ ျပည္ေထာင္စုထဲမွာ ပါ၀င္ေနတဲ့ ျပည္ေထာင္ေတြအားလံုး က်ေနာ္တို႔ တန္းတူညီမွ်မႈ ရွိဖို႔လိုတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ လြတ္လပ္စြာ ကိုယ္ပိုင္အုပ္ခ်ဳပ္မႈလည္း ရွိဖို႔လိုတယ္။ ကိုယ္ပိုင္ျပဌာန္းမႈလည္း ရရွိဖို႔လိုတယ္။ က်ေနာ္တို႔အားလံုး ျပည္ေထာင္စုထဲမွာ ပါ၀င္တဲ့ ျပည္ေထာင္ေတြအားလံုး တကယ္လို႔ တန္းတူညီမွ်မႈ ရွိတယ္ဆိုရင္ က်ေနာ္တို႔ တိုင္းျပည္က စည္းလံုးၿပီးေတာ့ တိုင္းျပည္ႀကီး သာယာလာမယ္ ၊ ၿငိမ္းခ်မ္းလာမယ္၊ တိုးတက္လာမယ္လို႔ က်ေနာ္တို႔ ျမင္တယ္”

တန္းတူညီမွ်ခြင့္ ရွိလာမွသာ ဖြံ႔ၿဖဳိးတိုးတက္တဲ့ ျမန္မာႏိုင္ငံကို ျမင္လာရလိမ္မယ့္လို႔ ေျပာသူက ဂ်ာမနီႏိုင္ငံ ဘာလင္ တကၠသုိလ္ အာရွေရးရာဌာန ကထိကေဟာင္း ဦးခင္ေမာင္ေစာျဖစ္ပါတယ္။

“က်ေနာ္တခုစဥ္းစားေနတာ ျမန္မာျပည္ လြတ္လပ္ေရးယူခဲ့တာ ေစာသလားလို႔ထင္မိတယ္ ဘာျဖစ္လို႔ ထင္မိသလဲဆိုေတာ့ ျမန္မာျပည္က စစ္ဒဏ္ကို ၂ ခါ ခံထားရတယ္။ အဂၤလိပ္အၿပီး ဂ်ပန္အ၀င္မွာ တခါ၊ ဂ်ပန္အၿပီး အဂၤလိပ္အ၀င္မွာ တခါ ၿပီးေတာ့ ျပာပံုျဖစ္ေနတဲ့ ႏိုင္ငံမွာ လြတ္လပ္ေရးသြားယူေတာ့ အကုန္လံုးအစအဆံုးက ကိုယ္က လုပ္ရမွာေလ။ လြတ္လပ္ေရးမယူေသးပဲ ထားရင္ ျပင္စရာရွိတာေတြကို အဂၤလိပ္က ျပင္ေပးရမွာ ၊ လြတ္လပ္ေရးယူခဲ့တာ ၁၀ ႏွစ္ေလာက္မ်ားေစာေနသလားလို႔ က်ေနာ္ျမင္မိတယ္။ ဒုတိယအခ်က္က လြတ္လပ္ေရးအရသာဆိုတာက အခုအခ်ိန္မွာ ျပန္စဥ္းစားၾကည့္ရင္ေတာ့ ဗမာမဟုတ္တဲ့ တိိုင္းရင္းသားေတြက ငါတို႔ ဗမာေတြနဲ႔အတူ လြတ္လပ္ေရးယူခဲ့တာ မွားျပီလို႔ေတာင္ ထင္ေနၾကမလားမသိဘူး။ ဒီျမန္မာျပည္ဆိုတာက ဗမာလူမ်ိဳးတမ်ိဳးထဲေနတာမဟုတ္ဘူး၊ သာတူညီမွ်အခြင့္အေရး ၊ ရစရာရွိတာေတြအားလံုး ညီတူညီမွ် ေ၀ယူရမယ္၊ ခံစရာရွိရင္လည္း အားလံုး ညီတူညီမွ် ခံရမယ္။ အဲဒါမွသာလွ်င္ က်ေနာ္တို႔က သာယာ၀ေျပာတဲ့ ျပည္ေထာင္စုျဖစ္မယ္။”

ေခတ္ကာလ ေရြ႕လ်ားမႈေအာက္မွာ ႏိုင္ငံေရး စနစ္အမ်ဳိးမ်ဳိးကိုျဖတ္သန္းလာရတဲ့ ျမန္မာႏိုင္ငံဟာ အင္အားႀကီးႏိုင္ငံတခ်ဳိ႕ရဲ႕ ၾသဇာအရိပ္ လႊမ္းမုိးမႈ ေအာက္ကေန လြတ္ေျမာက္တာ ျမင္ခ်င္တယ္လို႔ ေျပာသူက အေမရိကန္ အင္ဒီယားနားျပည္နယ္က ၁၉၉၀ ေရြးေကာက္ပြဲအႏိုင္ရ ကိုယ္စားလွယ္ ေဒါက္တာတင့္ေဆြျဖစ္ပါတယ္။

“လြတ္လပ္ေရးက က်ေနာ့္ထက္ အသက္ ၇ လပဲ ႀကီးတယ္ခင္ဗ် ။ အဲဒီေတာ့ ဒီ ၇၂ ႏွစ္ျပည့္တဲ့အခ်ိန္မွာ က်ေနာ္ကိုယ္တိုင္ ျမန္မာျပည္ထဲမွာ လြတ္လြတ္လပ္လပ္ ေအးေအးေဆးေဆး ေနဖို႔ထိုင္ဖို႔ အေျခအေနမေပးဘူးလို႔ ေျပာရမွာပါပဲ။ ေနာက္တခါ ၁၉၄၈ လြတ္လပ္ေရးရတုန္းက က်ေနာ္တို႔ ကိုလိုနီလက္ေအာက္က လြတ္လာတာပဲျဖစ္တယ္ ၊ က်ေနာ္တို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာဟာ က်ေနာ္တုိ႔ ႏိုင္ငံသားေတြ အုပ္ခ်ဳပ္ပိုင္ခြင့္ရွိတာ မွန္ေသာ္လည္း အေရးအရာ ေတာ္ေတာ္မ်ားမ်ားမွာ တျခားႏိုင္ငံႀကီးေတြ၊ အိမ္နီးခ်င္းႏိုင္ငံႀကီးေတြရဲ႕ လႊမ္းမိုးမႈေတြ ၊ ထိန္းခ်ဳပ္မႈေတြ ၊ သူမ်ားလက္ေအာက္ခံဘ၀ကို က်ေနာ္တုိ႔ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီးက ခံေနရစဲ ျဖစ္တဲ့အတြက္ စစ္မွန္တဲ့ လြတ္လပ္တဲ့ တရားမွ်တတဲ့ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီး ျဖစ္ေစခ်င္တယ္လို႔ က်ေနာ္ဆႏၵရွိပါတယ္။”

ျမန္မာႏို္င္ငံကို တႏွစ္အတြင္း လြတ္လပ္ေရးေပးမယ္ဆိုတဲ့ အာမခံခ်က္နဲ႔ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ အက္တလီနဲ႔ ျမန္မာေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔ ၁၉၄၇ ဇန္နဝါရီလထဲမွာ သေဘာတူ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ၁၉၄၇ ဂ်ဴလိုင္(၁၉)မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တကြ အာဇာနည္(၉)ဦး လုပ္ႀကံခံရတာေၾကာင့္ ေနာင္တက္လာတဲ့ ျမန္မာႏို္င္ငံဝန္ႀကီးခ်ဳပ္ ဦးႏုနဲ႔ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ အက္တလီတို႔ စာခ်ဳပ္ ထပ္ခ်ဳပ္ဆိုၾကၿပီး ၁၉၄၈ ဇန္နဝါရီလ(၄)ရက္ေန႔မွာ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရယူခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တန်းတူညီမျှပြီး ပြည်ပလွှမ်းမိုးမှုကင်းတဲ့ မြန်မာနိုင်ငံအဖြစ် မြင်တွေ့ချင်ကြ
(Unicode)

မြန်မာနိုင်ငံကို တန်းတူခွင့်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုအဖြစ် မြင်တွေ့ချင်လှပြီဖြစ်ကြောင်း ပြည်ပရောက် နိုင်ငံရေးသုံးသပ်သူတချို့က ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီလ(၄)ရက်နေ့မှာ ကျရောက်တဲ့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ ခုလိုပြောဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရယူဖို့ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်ကို သွားရောက်ဆွေးနွေးချိန်မှာ တောင်တန်းဒေသတွေက သဘောမတူရင် လွတ်လပ်ရေး မပေးနိုင်သေးဘူးလို့ ငြင်းလွှတ်လိုက်တာကြောင့် ကချင်၊ ချင်း၊ ရှမ်း စတဲ့တောင်တန်းဒေသ ခေါင်းဆောင်တွေနဲ့ ပြန်ညှိနှိုင်းပြီး ၁၉၄၇ ဖေဖေါ်ဝါရီ (၁၂)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံစာချုပ် ချုပ်ခဲ့တာပါ။

လွတ်လပ်ရေးရဖို့ ဒီလိုအတူတကွ ကြိုးပမ်းခဲ့ပေမယ့် ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်ကစလို့ ပြည်မနဲ့ တိုင်းရင်းသားတွေကြား ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့တာ ခုချိန်ထိအပြီးသတ် မငြိမ်းနိုင်သေးသလို၊ ဖွံ့ဖြိုးမှုလည်းနည်းနေဆဲဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေရှိတဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို မြင်တွေ့ချင်တယ်လို့ ပြောလာသူက အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က မြင်ပါတယ်။

“ ကျနော်တို့ အခုဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့တာ ၇၂ နှစ်ရှိပြီ။ လွတ်လပ်ရေးရပြီလို့သာပြောတာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေတဲ့ တိုင်းရင်းသားတွေအားလုံး လွတ်လပ်မှုမရကြသေးဘူး။ လွတ်လပ်စွာပြောဆိုခွင့်လည်းမရှိဘူး၊ လွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်လည်းမရှိဘူး။ ပြည်ထောင်စု ဆိုကတည်းက ကျနော်တို့ ပြည်ထောင်တွေစုထားတဲ့ နိုင်ငံဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စုထဲမှာ ပါဝင်နေတဲ့ ပြည်ထောင်တွေအားလုံး ကျနော်တို့ တန်းတူညီမျှမှု ရှိဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်မှုလည်း ရှိဖို့လိုတယ်။ ကိုယ်ပိုင်ပြဌာန်းမှုလည်း ရရှိဖို့လိုတယ်။ ကျနော်တို့အားလုံး ပြည်ထောင်စုထဲမှာ ပါဝင်တဲ့ ပြည်ထောင်တွေအားလုံး တကယ်လို့ တန်းတူညီမျှမှု ရှိတယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က စည်းလုံးပြီးတော့ တိုင်းပြည်ကြီး သာယာလာမယ် ၊ ငြိမ်းချမ်းလာမယ်၊ တိုးတက်လာမယ်လို့ ကျနော်တို့ မြင်တယ်”

တန်းတူညီမျှခွင့် ရှိလာမှသာ ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံကို မြင်လာရလိမ်မယ့်လို့ ပြောသူက ဂျာမနီနိုင်ငံ ဘာလင် တက္ကသိုလ် အာရှရေးရာဌာန ကထိကဟောင်း ဦးခင်မောင်စောဖြစ်ပါတယ်။

“ကျနော်တခုစဉ်းစားနေတာ မြန်မာပြည် လွတ်လပ်ရေးယူခဲ့တာ စောသလားလို့ထင်မိတယ် ဘာဖြစ်လို့ ထင်မိသလဲဆိုတော့ မြန်မာပြည်က စစ်ဒဏ်ကို ၂ ခါ ခံထားရတယ်။ အင်္ဂလိပ်အပြီး ဂျပန်အဝင်မှာ တခါ၊ ဂျပန်အပြီး အင်္ဂလိပ်အဝင်မှာ တခါ ပြီးတော့ ပြာပုံဖြစ်နေတဲ့ နိုင်ငံမှာ လွတ်လပ်ရေးသွားယူတော့ အကုန်လုံးအစအဆုံးက ကိုယ်က လုပ်ရမှာလေ။ လွတ်လပ်ရေးမယူသေးပဲ ထားရင် ပြင်စရာရှိတာတွေကို အင်္ဂလိပ်က ပြင်ပေးရမှာ ၊ လွတ်လပ်ရေးယူခဲ့တာ ၁၀ နှစ်လောက်များစောနေသလားလို့ ကျနော်မြင်မိတယ်။ ဒုတိယအချက်က လွတ်လပ်ရေးအရသာဆိုတာက အခုအချိန်မှာ ပြန်စဉ်းစားကြည့်ရင်တော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ငါတို့ ဗမာတွေနဲ့အတူ လွတ်လပ်ရေးယူခဲ့တာ မှားပြီလို့တောင် ထင်နေကြမလားမသိဘူး။ ဒီမြန်မာပြည်ဆိုတာက ဗမာလူမျိုးတမျိုးထဲနေတာမဟုတ်ဘူး၊ သာတူညီမျှအခွင့်အရေး ၊ ရစရာရှိတာတွေအားလုံး ညီတူညီမျှ ဝေယူရမယ်၊ ခံစရာရှိရင်လည်း အားလုံး ညီတူညီမျှ ခံရမယ်။ အဲဒါမှသာလျှင် ကျနော်တို့က သာယာဝပြောတဲ့ ပြည်ထောင်စုဖြစ်မယ်။”

ခေတ်ကာလ ရွေ့လျားမှုအောက်မှာ နိုင်ငံရေး စနစ်အမျိုးမျိုးကိုဖြတ်သန်းလာရတဲ့ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတချို့ရဲ့ သြဇာအရိပ် လွှမ်းမိုးမှု အောက်ကနေ လွတ်မြောက်တာ မြင်ချင်တယ်လို့ ပြောသူက အမေရိကန် အင်ဒီယားနားပြည်နယ်က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေဖြစ်ပါတယ်။

“လွတ်လပ်ရေးက ကျနော့်ထက် အသက် ၇ လပဲ ကြီးတယ်ခင်ဗျ ။ အဲဒီတော့ ဒီ ၇၂ နှစ်ပြည့်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေဖို့ထိုင်ဖို့ အခြေအနေမပေးဘူးလို့ ပြောရမှာပါပဲ။ နောက်တခါ ၁၉၄၈ လွတ်လပ်ရေးရတုန်းက ကျနော်တို့ ကိုလိုနီလက်အောက်က လွတ်လာတာပဲဖြစ်တယ် ၊ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ကျနော်တို့ နိုင်ငံသားတွေ အုပ်ချုပ်ပိုင်ခွင့်ရှိတာ မှန်သော်လည်း အရေးအရာ တော်တော်များများမှာ တခြားနိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုတွေ ၊ ထိန်းချုပ်မှုတွေ ၊ သူများလက်အောက်ခံဘဝကို ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးက ခံနေရစဲ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်စေချင်တယ်လို့ ကျနော်ဆန္ဒရှိပါတယ်။”

မြန်မာနိုင်ငံကို တနှစ်အတွင်း လွတ်လပ်ရေးပေးမယ်ဆိုတဲ့ အာမခံချက်နဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီနဲ့ မြန်မာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းတို့ ၁၉၄၇ ဇန်နဝါရီလထဲမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၇ ဂျူလိုင်(၁၉)မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်(၉)ဦး လုပ်ကြံခံရတာကြောင့် နောင်တက်လာတဲ့ မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ စာချုပ် ထပ်ချုပ်ဆိုကြပြီး ၁၉၄၈ ဇန်နဝါရီလ(၄)ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG