သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လြတ္လပ္ေရးေန႔ အေမရိကန္ သဝဏ္လႊာေပးပို႔


၂၀၁၇ တုန္းက ျမန္မာ့လြပ္လပ္ေရးေန႔အတြက္ အလံလႊင့္ထူစဥ္

(Zawgyi/Unicode)

ဇန္န၀ါရီလ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ ျမန္မာ့လြတ္လပ္ေရးေန႔အတြက္ အေမရိကန္ျပည္ေထာင္စု ကုိယ္စား ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ဇန္န၀ါရီလ ၂ ရက္ေန႔ ရက္စြဲနဲ႔ သ၀ဏ္လႊာ ေပးပုိ႔လုိက္ပါတယ္။ ဇန္န၀ါရီ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ ျမန္မာ့လြတ္လပ္ေရးေန႔အတြက္ ျမန္မာျပည္သူေတြထံ ဆုမြန္ေကာင္း ပုိ႔သလုိက္ပါေၾကာင္း သ၀ဏ္လႊာမွာ ေရးသားထားပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားစြာက လုပ္ေဆာင္ခဲ့တဲ့အတုိင္း ျမန္မာႏုိင္ငံမွာ လက္ရွိေဆာင္ရြက္ေနတဲ့ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရး၊ အမ်ဳိးသား ရင္ၾကားေစ့ေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲေရး တုိ႔အတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဆက္လက္ ကူညီ ပ့ံပုိးၿပီး လက္တြဲ လုပ္ေဆာင္သြားမယ္ လုိ႔လည္း သ၀ဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ၿငိမ္းခ်မ္းမႈ၊ ဒီမုိကေရစီနဲ႔ ႂကြယ္၀ခ်မ္းသာမႈေတြ ရရွိၿပီး လူတုိင္း ဂုဏ္သိကၡာနဲ႔ အခြင့္အေရးေတြ ရရွိေစေရးအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အစုိးရ၊ အရပ္ဘက္လူမႈအဖြဲ႔အစည္း၊ လူငယ္ေတြနဲ႔ ဆက္လက္ လက္တြဲ ေဆာင္ရြက္သြား မယ္လုိ႔ ျမန္မာ့လြတ္လပ္ေရးေန႔အတြက္ ေပးပုိ႔တဲ့ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ရဲ႕ သ၀ဏ္လႊာမွာ ေရးသားထားပါတယ္။

လာမယ့္ႏွစ္သစ္မွာ ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားအားလုံး ၿငိမ္းခ်မ္းၿပီး သာယာ၀ေျပာႏုိင္ၾကပါေစလုိ႔လည္း အဆုံးသတ္မွာ ၀န္ႀကီး Pompeo က ဆုေတာင္းေမတၱာ ပုိ႔သထားပါတယ္။

လာမယ့္ ဇန္န၀ါရီလ ၄ ရက္ေန႔ဟာ ျမန္မာႏုိင္ငံ အဂၤလိပ္ကုိလုိနီလက္ေအာက္က လြတ္ေျမာက္တဲ့ ၇၂ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာ့လွတ်လပ်ရေးနေ့ အမေရိကန် သဝဏ်လွှာပေးပို့

(Unicode)

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စု ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူတွေထံ ဆုမွန်ကောင်း ပို့သလိုက်ပါကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက လုပ်ဆောင်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး တို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက် ကူညီ ပံ့ပိုးပြီး လက်တွဲ လုပ်ဆောင်သွားမယ် လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနဲ့ ကြွယ်ဝချမ်းသာမှုတွေ ရရှိပြီး လူတိုင်း ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ ရရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ လူငယ်တွေနဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်သွား မယ်လို့ မြန်မာ့လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းပြီး သာယာဝပြောနိုင်ကြပါစေလို့လည်း အဆုံးသတ်မှာ ဝန်ကြီး Pompeo က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။

လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်တဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG