သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာ ပူးတြဲေၾကညာခ်က္အေပၚ အျမင္တခ်ိဳ႕


ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္မ်ား လက္မွတ္ေရးထုိးပြဲ အခမ္းအနားတြင္ ေတြ႔ရသည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္သမၼတ Xi Jinping. (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္ရလဒ္မွာ အမ်ားထင္ထားသလို တ႐ုတ္ရဲ႕ ခါးပတ္လမ္း စီမံကိန္းႀကီးေတြကို အေကာင္အထည္ေဖာ္မယ့္အေရး တြန္းအားေပးမလား ဆိုတာထက္ တ႐ုတ္ရဲ႕ ေဒသတြင္း သူတို႔ရဲ႕ၾသဇာ အခိုင္အမာ တည္ေဆာက္မႈကို လက္ခံတဲ့ႏိုင္ငံေတြထဲ ျမန္မာပါ၀င္လာၿပီ ဆိုတာကို ျပသႏိုင္ခဲ့တဲ့အခ်က္ပဲ ျဖစ္တယ္လို႔ တ႐ုတ္သုေတသီတဦးက ေျပာပါတယ္။ သမၼတ Xi ရဲ႕ ႏွစ္ရက္ၾကာ ခရီးစဥ္အၿပီး ႏွစ္ႏိုင္ငံ ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္အေပၚ အျမင္သေဘာထားေတြနဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ပဋိပကၡကို ကိုင္တြယ္ေျဖရွင္းရာမွာ ႏိုင္ငံတကာရဲ႕ ေ၀ဖန္မႈေတြကို ရင္ဆိုင္ေနရတဲ့ ျမန္မာအစိုးရအတြက္ တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ဟာ ႏွစ္ႏိုင္ငံဆက္ေရးအတြက္ က႑သစ္တရပ္ျဖစ္လာဖို႔ အခိုင္အမာ တည္ေဆာက္ေပးလိုက္တယ္လို႔ သံုးသပ္ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီအေျခစိုက္ Stimson Center ရဲ႕ ပူးတဲြ ညႊန္ၾကားေရးမွဴး Yun Sun ရဲ႕ အျမင္ကေတာ့-

“Xi ရဲ႕ ခရီးစဥ္ရလဒ္ကို ၾကည့္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ စာခြ်န္လႊာ ၃၃ ခု ေရးထုိးခဲ့တဲ့အထဲက ၂၉ ခုမွာဆိုရင္ လူေတြယံုၾကည္ေနသလိုမ်ဳိး ဒါမွမဟုတ္ သတင္းမီဒီယာေတြ ပံုေဖာ္ေရးသားေနသလိုမ်ဳိး အႏွစ္သာရအားျဖင့္ အထင္ႀကီးစရာ ဘာမွမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ စီမံကိန္း၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း စတဲ့ စီမံကိန္းေတြဆိုရင္ အသစ္အဆန္းေတြ မဟုတ္ပါဘူး။ ဒါ့အျပင္ အေရွ႕ေတာင္အာရွက လာအိုနဲ႔ ကေမၻာဒီးယားႏိုင္ငံေတြမွာ ရွိေနတဲ့ အျခား တ႐ုတ္ရဲ႕ စီမံကိန္းေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာင္ ျမန္မာက တ႐ုတ္စီမံကိန္းေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အလြန္ကို ေႏွးေကြးပါတယ္။ ဒါေၾကာင့္ အခု ႏွစ္ႏိုင္ငံ အျပည့္အ၀ သေဘာတူညီ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေတြကို ၾကည့္မယ္ဆိုရင္ အႏွစ္သာရအားျဖင့္ အထင္ႀကီးစရာ မရွိပါဘူး။”

ဒါေပမယ့္ တ႐ုတ္သမၼတ Xi ရဲ႕ ခရီးစဥ္ဟာ ႏိုင္ငံေရးသေဘာအရ အလြန္အေရးႀကီးတာ ေတြ႔ရတယ္လို႔ Yun Sun က သံုးသပ္ပါတယ္။

“သမၼတ Xi ရဲ႕ ခရီးစဥ္ရလဒ္မွာ အထင္ႀကီးစရာ အခ်က္အျဖစ္ ႏိုင္ငံေရးအရ ေပးခ်င္တဲ့ သတင္းအမွာစကားနဲ႔ ႏိုင္ငံေရးအရ ကိုယ္စားျပဳမႈပဲ ျဖစ္ပါတယ္။ အဲဒီအတြက္ ဥပမာႏွစ္ခု ေပးရမယ္ဆိုရင္ ပထမတခုက ႏွစ္ႏိုင္ငံ ပူးတဲြထုတ္ျပန္ခ်က္ဟာ တ႐ုတ္-ျမန္မာ အသိုင္းအ၀ိုင္းႏွစ္ခုလံုးမွာ ဘံုတူညီတဲ့ ကံၾကမၼာ ရွိေနတယ္ဆိုတာကို ရည္ညႊန္းထားတာ ေတြ႔ရပါတယ္။ ဒီစကားလံုး သံုးႏႈန္းထားခ်က္ကို တ႐ုတ္ေရးရာ ကြ်မ္းက်င္သူ၊ တ႐ုတ္သုေတသီတဦး အေနနဲ႔ ေျပာရမယ္ဆိုရင္ သမၼတ Xi Jinping အစိုးရအေနနဲ႔ ျမန္မာနဲ႔ဆက္ဆံေရး အျခားဆက္ဆံေရးမ်ဳိးထက္ အမ်ားႀကီး ျမင့္မားတယ္ဆိုတာကို ရည္ညႊန္းတာ ျဖစ္ပါတယ္။ အိမ္နီးခ်င္းႏွစ္ႏိုင္ငံရဲ႕ မဟာဗ်ဴဟာေျမာက္ ခိုင္မာတဲ့ မဟာမိတ္ဆက္ဆံေရးထက္ ေက်ာ္လြန္တဲ့ အလြန္အေရးပါတဲ့ ဆက္ဆံေရးျဖစ္တယ္ ဆုိတာကို ျပသတာျဖစ္ပါတယ္။ ဒီအသံုးအႏႈန္းဟာ ႏိုင္ငံေရး ဂယက္႐ုိက္ခတ္မႈေတြ ရွိေနတာပါ။”

တ႐ုတ္အေရး ေစာင့္ၾကည့္ေနသူတဦး အေနနဲ႔ ေျပာရရင္ ဘံုတူညီတဲ့ ကံၾကမၼာရွိေနတဲ့ အသိုင္းအ၀ိုင္းဆိုတဲ့ အသံုးအႏႈန္းကို တ႐ုတ္က သံုးတာဟာ အျခားႏိုင္ငံေတြရဲ႕ လႊမ္းမိုးမႈကို သူတို႔က စိုးရိမ္ေၾကာက္ရြံ႕တာကို ေဖာ္ျပတာနဲ႔ အတူတူပဲလို႔ Yun Sun က ဆိုပါတယ္။

“ဒါေၾကာင့္လည္း တ႐ုတ္က ဒီႏိုင္ငံေရး အယူအဆကို အေရွ႕ေတာင္အာရွ ႏိုင္ငံေတြကို သြတ္သင္းေနတဲ့ေနရာမွာ လာအိုနဲ႔ ကေမၻာဒီးယားႏိုင္ငံေတြက ဘံုတူညီတဲ့ ကံၾကမၼာရွိေနတဲ့ အသိုင္းအ၀ိုင္းဆိုတဲ့ အသံုးအႏႈန္းကို လက္ခံခဲ့ၾကပါတယ္။ အခုေတာ့ ျမန္မာႏိုင္ငံကလည္း တတိယေျမာက္ႏိုင္ငံအေနနဲ႔ ဒီအသံုးအႏႈန္းကို လက္ခံခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္ဘက္က ဒီလိုသံုးႏႈန္းတဲ့ စကားလံုးမွာ ႏိုင္ငံေရး ဂယက္႐ုိက္ခတ္မႈေတြ၊ ႏိုင္ငံေရးအရ ပါ၀င္ပတ္သက္မႈေတြ ရွိေနတယ္ဆိုတာ ျမန္မာအစိုးရဘက္က အေသအခ်ာ နားလည္သလား၊ နားမလည္ဘူးလားဆိုတာ မေသခ်ာပါဘူး။”

ျမန္မာနဲ႔ တ႐ုတ္ ႏွစ္ႏုိင္ငံ သေဘာတူညီမႈ စာခြ်န္လႊာ ၃၃ ခုထဲ ပါ၀င္ေနတဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ တိုင္းရင္းသားေဒသေတြကို ျဖတ္ၿပီး ေဖာက္လုပ္မယ့္ တ႐ုတ္ရဲ႕ စီမံကိန္းႀကီးေတြအတြက္ ေဒသခံတိုင္းရင္းသား လူမ်ဳိးေတြရဲ႕ သေဘာတူညီခ်က္ရမွ အေကာင္အထည္ေဖာ္သင့္ေၾကာင္း အေမရိကန္ျပည္ေထာင္စု အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠ႒ Gum San NSang က ဗီြအိုေအကို ေျပာပါတယ္။

ဒါေပမယ့္ သေဘာတူညီခ်က္ ၃၃ ခုထဲမွာေတာ့ ျမစ္ဆံုဆည္စီမံကိန္းကိစၥ ပါ၀င္ျခင္းမရွိပါဘူး။ ဒီအေပၚ Gum San NSang ရဲ႕ အျမင္ကေတာ့-

“မပါတဲ့သေဘာအေပၚမွာေတာ့ ဖ်က္သိမ္းတယ္ဆုိတာ တကယ္ အကုန္လုံး လုိခ်င္တာ။ က်ေနာ္တို႔ ကခ်င္ျပည္နယ္သူ ျပည္နယ္သားေတြခ်ည္းပဲ မဟုတ္ဘူး။ ဒါေပမယ့္ ျပည္ေထာင္စုမွာ မွီတင္းေနထုိင္တဲ့ ၅၂ သန္းေသာ ျပည္သူလူထု အားလုံး ေထာက္ခံတဲ့ဟာ။ ဒီဟာ မပါတာနဲ႔ေတာ့ က်ေနာ္တို႔ ေက်နပ္လို႔မရဘူး။ ဖ်က္သိမ္းတယ္ ဆုိတာကို က်ေနာ္တုိ႔ ေက်နပ္ရမွာ။ ဖ်က္သိမ္းတယ္ ဆိုတဲ့ စကားေတြ၊ စာလုံးေတြ ပါရမယ္၊ ပါသင့္တယ္။ ဒီဟာေတြကုိ အစုိးရကေနၿပီးေတာ့ တကယ္ဆုိရင္ တစိုက္မတ္မတ္ ေတာင္းဆုိသင့္ပါတယ္။”

စေနေန႔က ထုတ္ျပန္တဲ့ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပူးတဲြေၾကညာခ်က္မွာ တ႐ုတ္တႏိုင္ငံတည္း မူ၀ါဒကို ျမန္မာက ခိုင္မာစြာ ေထာက္ခံေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံက ခဲြထြက္လို႔မရတဲ့ အစိတ္အပိုင္းေတြျဖစ္တဲ့ ထိုင္၀မ္၊ တိဘက္နဲ႔ ရွန္က်န္း ကိစၥေတြကို ေျဖရွင္းဖို႔ တ႐ုတ္ရဲ႕ႀကိဳးပမ္းမႈကို ေထာက္ခံေၾကာင္း ေဖာ္ျပထားပါတယ္။ အခုလို ျမန္မာက တ႐ုတ္တႏိုင္ငံတည္း မူ၀ါဒကို ေထာက္ခံေၾကာင္း တရား၀င္ရပ္တည္ ေျပာဆိုလာတာဟာ ထူးျခားတဲ့ ေျပာင္းလဲမႈျဖစ္ၿပီး လက္ေတြ႔မက်ဘူးလို႔ တ႐ုတ္သုေတသီ Yun Sun က ဗီြအိုေအကို ေျပာပါတယ္။

---------------------------------

(Unicode)

တရုတ်-မြန်မာ ပူးတွဲကြေညာချက်အပေါ် အမြင်တချို့

တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံခရီးစဉ်ရလဒ်မှာ အများထင်ထားသလို တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်မယ့်အရေး တွန်းအားပေးမလား ဆိုတာထက် တရုတ်ရဲ့ ဒေသတွင်း သူတို့ရဲ့သြဇာ အခိုင်အမာ တည်ဆောက်မှုကို လက်ခံတဲ့နိုင်ငံတွေထဲ မြန်မာပါဝင်လာပြီ ဆိုတာကို ပြသနိုင်ခဲ့တဲ့အချက်ပဲ ဖြစ်တယ်လို့ တရုတ်သုတေသီတဦးက ပြောပါတယ်။ သမ္မတ Xi ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်အပေါ် အမြင်သဘောထားတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာအစိုးရအတွက် တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ရေးအတွက် ကဏ္ဍသစ်တရပ်ဖြစ်လာဖို့ အခိုင်အမာ တည်ဆောက်ပေးလိုက်တယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Stimson Center ရဲ့ ပူးတွဲ ညွှန်ကြားရေးမှူး Yun Sun ရဲ့ အမြင်ကတော့-

“Xi ရဲ့ ခရီးစဉ်ရလဒ်ကို ကြည့်မယ်ဆိုရင် နှစ်နိုင်ငံ သဘောတူညီချက် စာချွန်လွှာ ၃၃ ခု ရေးထိုးခဲ့တဲ့အထဲက ၂၉ ခုမှာဆိုရင် လူတွေယုံကြည်နေသလိုမျိုး ဒါမှမဟုတ် သတင်းမီဒီယာတွေ ပုံဖော်ရေးသားနေသလိုမျိုး အနှစ်သာရအားဖြင့် အထင်ကြီးစရာ ဘာမှမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း စတဲ့ စီမံကိန်းတွေဆိုရင် အသစ်အဆန်းတွေ မဟုတ်ပါဘူး။ ဒါ့အပြင် အရှေ့တောင်အာရှက လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရှိနေတဲ့ အခြား တရုတ်ရဲ့ စီမံကိန်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် မြန်မာက တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အလွန်ကို နှေးကွေးပါတယ်။ ဒါကြောင့် အခု နှစ်နိုင်ငံ အပြည့်အ၀ သဘောတူညီ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ကြည့်မယ်ဆိုရင် အနှစ်သာရအားဖြင့် အထင်ကြီးစရာ မရှိပါဘူး။”

ဒါပေမယ့် တရုတ်သမ္မတ Xi ရဲ့ ခရီးစဉ်ဟာ နိုင်ငံရေးသဘောအရ အလွန်အရေးကြီးတာ တွေ့ရတယ်လို့ Yun Sun က သုံးသပ်ပါတယ်။

“သမ္မတ Xi ရဲ့ ခရီးစဉ်ရလဒ်မှာ အထင်ကြီးစရာ အချက်အဖြစ် နိုင်ငံရေးအရ ပေးချင်တဲ့ သတင်းအမှာစကားနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုမှုပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဥပမာနှစ်ခု ပေးရမယ်ဆိုရင် ပထမတခုက နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ဟာ တရုတ်-မြန်မာ အသိုင်းအဝိုင်းနှစ်ခုလုံးမှာ ဘုံတူညီတဲ့ ကံကြမ္မာ ရှိနေတယ်ဆိုတာကို ရည်ညွှန်းထားတာ တွေ့ရပါတယ်။ ဒီစကားလုံး သုံးနှုန်းထားချက်ကို တရုတ်ရေးရာ ကျွမ်းကျင်သူ၊ တရုတ်သုတေသီတဦး အနေနဲ့ ပြောရမယ်ဆိုရင် သမ္မတ Xi Jinping အစိုးရအနေနဲ့ မြန်မာနဲ့ဆက်ဆံရေး အခြားဆက်ဆံရေးမျိုးထက် အများကြီး မြင့်မားတယ်ဆိုတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးထက် ကျော်လွန်တဲ့ အလွန်အရေးပါတဲ့ ဆက်ဆံရေးဖြစ်တယ် ဆိုတာကို ပြသတာဖြစ်ပါတယ်။ ဒီအသုံးအနှုန်းဟာ နိုင်ငံရေး ဂယက်ရိုက်ခတ်မှုတွေ ရှိနေတာပါ။”

တရုတ်အရေး စောင့်ကြည့်နေသူတဦး အနေနဲ့ ပြောရရင် ဘုံတူညီတဲ့ ကံကြမ္မာရှိနေတဲ့ အသိုင်းအဝိုင်းဆိုတဲ့ အသုံးအနှုန်းကို တရုတ်က သုံးတာဟာ အခြားနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို သူတို့က စိုးရိမ်ကြောက်ရွံ့တာကို ဖော်ပြတာနဲ့ အတူတူပဲလို့ Yun Sun က ဆိုပါတယ်။

“ဒါကြောင့်လည်း တရုတ်က ဒီနိုင်ငံရေး အယူအဆကို အရှေ့တောင်အာရှ နိုင်ငံတွေကို သွတ်သင်းနေတဲ့နေရာမှာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဘုံတူညီတဲ့ ကံကြမ္မာရှိနေတဲ့ အသိုင်းအဝိုင်းဆိုတဲ့ အသုံးအနှုန်းကို လက်ခံခဲ့ကြပါတယ်။ အခုတော့ မြန်မာနိုင်ငံကလည်း တတိယမြောက်နိုင်ငံအနေနဲ့ ဒီအသုံးအနှုန်းကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်က ဒီလိုသုံးနှုန်းတဲ့ စကားလုံးမှာ နိုင်ငံရေး ဂယက်ရိုက်ခတ်မှုတွေ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတာ မြန်မာအစိုးရဘက်က အသေအချာ နားလည်သလား၊ နားမလည်ဘူးလားဆိုတာ မသေချာပါဘူး။”

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ ၃၃ ခုထဲ ပါဝင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားဒေသတွေကို ဖြတ်ပြီး ဖောက်လုပ်မယ့် တရုတ်ရဲ့ စီမံကိန်းကြီးတွေအတွက် ဒေသခံတိုင်းရင်းသား လူမျိုးတွေရဲ့ သဘောတူညီချက်ရမှ အကောင်အထည်ဖော်သင့်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။

ဒါပေမယ့် သဘောတူညီချက် ၃၃ ခုထဲမှာတော့ မြစ်ဆုံဆည်စီမံကိန်းကိစ္စ ပါဝင်ခြင်းမရှိပါဘူး။ ဒီအပေါ် Gum San NSang ရဲ့ အမြင်ကတော့-

“မပါတဲ့သဘောအပေါ်မှာတော့ ဖျက်သိမ်းတယ်ဆိုတာ တကယ် အကုန်လုံး လိုချင်တာ။ ကျနော်တို့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေချည်းပဲ မဟုတ်ဘူး။ ဒါပေမယ့် ပြည်ထောင်စုမှာ မှီတင်းနေထိုင်တဲ့ ၅၂ သန်းသော ပြည်သူလူထု အားလုံး ထောက်ခံတဲ့ဟာ။ ဒီဟာ မပါတာနဲ့တော့ ကျနော်တို့ ကျေနပ်လို့မရဘူး။ ဖျက်သိမ်းတယ် ဆိုတာကို ကျနော်တို့ ကျေနပ်ရမှာ။ ဖျက်သိမ်းတယ် ဆိုတဲ့ စကားတွေ၊ စာလုံးတွေ ပါရမယ်၊ ပါသင့်တယ်။ ဒီဟာတွေကို အစိုးရကနေပြီးတော့ တကယ်ဆိုရင် တစိုက်မတ်မတ် တောင်းဆိုသင့်ပါတယ်။”

စနေနေ့က ထုတ်ပြန်တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ တရုတ်တနိုင်ငံတည်း မူဝါဒကို မြန်မာက ခိုင်မာစွာ ထောက်ခံကြောင်းနဲ့ တရုတ်နိုင်ငံက ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ထိုင်ဝမ်၊ တိဘက်နဲ့ ရှန်ကျန်း ကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်ရဲ့ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဖော်ပြထားပါတယ်။ အခုလို မြန်မာက တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း တရားဝင်ရပ်တည် ပြောဆိုလာတာဟာ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်ပြီး လက်တွေ့မကျဘူးလို့ တရုတ်သုတေသီ Yun Sun က ဗွီအိုအေကို ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG