သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတခရီးကေန ဘာေမွ်ာ္လင့္ႏိုင္


တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံ နားလည္မႈစာခၽြန္လႊာ ေရးထုိးပြဲသို႔ တက္ေရာက္ေနသည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္သမၼတ Xi Jinping။ (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတယ္ဆိုၿပီး ႏုိင္ငံတကာက စိုးရိမ္မႈေတြနဲ႔ ေဝဖန္ေနတဲ့ ရခိုင္အေရးကိစၥ အပါအဝင္ ႏုိင္ငံေရး၊ ၿငိမ္းခ်မ္းေရး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏုိင္ငံကို ေဒသတြင္းမွာေရာ ကမာၻမွာပါ ၾသဇာႀကီးမားတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ သမၼတကိုယ္တုိင္ ေရာက္ရွိလာၿပီး သမၼတ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ ၿငိမ္းခ်မ္းေရးေတြအတြက္ ေဆြးေႏြးေတြ႔ဆံုမႈေတြဟာ ျမန္မာႏုိင္ငံအေပၚ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိႏိုင္ပါသလဲ။ တ႐ုတ္-ျမန္မာအေရး ႏုိင္ငံေရးအကဲခတ္ေတြရဲ႕ သေဘာထားအျမင္ေတြကုိ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ခ်ိန္ ႏွစ္ေပါင္း ၂၀ နီးပါး ကာလအတြင္း ျမန္မာႏိုင္ငံကို သမၼတ တဦးအေနနဲ႔ ပထမဆံုးအႀကိမ္ ေရာက္ရွိေနတဲ့ တ႐ုတ္သမၼတ Xi Jinping ရဲ႕ ခရီးစဥ္ဟာ ျမန္မာႏုိင္ငံအတြက္ အလားအလာ ေကာင္းေစမယ့္အျပင္ တ႐ုတ္ၾကားဝင္ ေစ့စပ္ေပးမႈေၾကာင့္ ျမန္မာ့တပ္မေတာ္အတြက္ ၿငိမ္းခ်မ္းေရးရလဒ္ေကာင္းေတြ ရေစႏိုင္မယ့္ ခရီးစဥ္အျဖစ္ တ႐ုတ္-ျမန္မာအေရး အကဲခတ္ေတြက ႐ႈျမင္ပါတယ္။ တ႐ုတ္ႏုိင္ငံအေျခစိုက္ တ႐ုတ္-ျမန္မာအေရး အကဲခတ္ ေဒါက္တာလွေက်ာ္ေဇာကေတာ့ သူ႔ရဲ႕အျမင္ကုိ အခုလိုေျပာပါတယ္။

“က်မၾကည့္တာ ဗမာျပည္အတြက္ေတာ့ အမ်ားႀကီး အက်ဳိးရွိႏုိင္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ဥပမာ ICJ တုိ႔ ဘာတုိ႔က ဗမာျပည္ကုိပဲျဖစ္ျဖစ္၊ ဗမာအစုိးရကိုပဲျဖစ္ျဖစ္၊ တပ္မေတာ္ကိုပဲျဖစ္ျဖစ္ ဘယ္ေလာက္ပဲ အေရးယူခ်င္ ယူခ်င္ ဘာေတြပဲခ်ခ် အဲလိုခ်လုိက္ရင္ ဗမာျပည္အတြက္ ဘာမွ ျပႆနာ ႀကီးႀကီးမားမားမျဖစ္ေအာင္ တ႐ုတ္ကလာၿပီး အားေပး ေထာက္ခံလုိက္တဲ့ကိစၥျဖစ္ေတာ့ ဗမာျပည္နဲ႔ ပတ္သက္လုိ႔ကေတာ့ တ႐ုတ္သမၼတ လာတာ ဗမာျပည္အတြက္ ႏုိင္ငံေရးအရ၊ စီးပြားေရးအရ၊ လူမႈေရးအရ ဒီဟာေတြဟာ ေတာ္ေတာ္ အက်ဳိးရွိမယ္ထင္တယ္။

“ဒီမွာ က်မ တဆက္တည္းေျပာခ်င္တာ ဗမာ့တပ္မေတာ္ပဲ။ ဗမာ့တပ္မေတာ္က ဒီလိုအခ်ိန္မ်ဳိးမွာ ႏုိင္ငံတကာရဲ႕ ဝုိင္းၿပီး အေျပာအဆုိ ခံေနရတဲ့ အခ်ိန္မွာ တ႐ုတ္ကလည္း ဝင္လာၿပီးေတာ့ ၿငိမ္းခ်မ္းေရးကိစၥေတြ လာေျပာတဲ့အတြက္ တ႐ုတ္ေျပာလို႔ လုိက္ေလ်ာရပါတယ္ဆုိတဲ့ သေဘာမ်ဳိးနဲ႔ ကိုယ့္ဘက္က တစုံတရာ ေလွ်ာ့ေပးရင္ေတာ့ တပ္မေတာ္အေပၚ ျပည္သူလူထုကေရာ ႏုိင္ငံတကာ ဖိအားေပးေနတာကေရာ သက္သာေစၿပီးေတာ့ တပ္မေတာ္ရဲ႕ ဆုိးဝါးတဲ့ ပုံရိပ္ေတြလည္း တစုံတရာ ျပန္ေကာင္းလာႏုိင္မယ္ ထင္တယ္။ အဲဒါကေန ဆက္ၿပီးေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးရေအာင္ အမ်ဳိးသား စည္းလုံးညီညြတ္ေရးရေအာင္ လုပ္လုိ႔ရွိရင္ က်မတုိ႔အတြက္ ပုိၿပီးေတာ့ အလားအလာ ေကာင္းတယ္လို႔ ျမင္ရပါတယ္။”

တ႐ုတ္သမၼတရဲ႕ ျမန္မာခရီးစဥ္ဟာ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံျပည္သူေတြၾကား ဆက္ဆံေရးကိုလည္း အဓိက ဦးတည္တာကို ျမင္ရသလို ျမန္မာ့ႏုိင္ငံေရး အက်ပ္အတည္း စိန္ေခၚမႈေတြ အတြက္လည္း ေဒသတြင္း ၾသဇာႀကီးတဲ့ႏုိင္ငံ တ႐ုတ္ရဲ႕ ကူညီမႈေၾကာင့္ အတိုင္းအတာ တခုအထိ ေျပေလ်ာ့ႏုိင္စရာ ရွိတယ္လို႔ ျမန္မာ့အေရး အကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းက ဒီခရီးစဥ္အေပၚ အခုလို ႐ႈျမင္ပါတယ္။

“တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံ ဆက္ဆံေရး၊ အထူးသျဖင့္ေတာ့ ျပည္သူ ျပည္သူခ်င္း ဆက္ဆံေရးအတြက္ကို အလားအလာေကာင္းေတြ အတုိင္းအတာ တခုအထိ အုတ္ျမစ္ခ်ႏုိင္ခဲ့တဲ့ ခရီးစဥ္တခုလို႔ က်ေနာ္ေတာ့ အဲလိုျမင္ပါတယ္။ အဲေတာ့ ဒီခရီးစဥ္အတြင္းမွာ လက္မွတ္ေရးထုိးခဲ့တဲ့ MoU သေဘာတူညီခ်က္ စာခၽြန္လႊာ အားလုံးေပါင္း ၃၃ ခုေလာက္ရွိတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ဒီ ၃၃ ခုကို ၾကည့္လုိက္မယ္ဆုိရင္ သူလည္း အက်ဳိးရွိ၊ ကိုယ္လည္း အက်ဳိးရွိဆုိတဲ့ ပုံစံမ်ဳိး ဦးတည္မယ့္ စာခ်ဳပ္မ်ဳိးေတြ ပါလာတာကို ေတြ႔ရပါတယ္။ ျမန္မာျပည္သူလူထု ၾကားထဲမွာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အေပၚမွာ စုိးရိမ္မႈေတြ ေၾကာင့္ၾကမႈေတြကေတာ့ ျမင့္မားေနဆဲပဲလို႔ ျမင္ပါတယ္။ အဲဒီအခါက်ေတာ့ အဲလို အေျခအေနေတြကုိ အလွ်င္အျမန္ ေလ်ာ့ပါးႏုိင္ဖုိ႔ဆုိရင္ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ အစုိးရ ေခါင္းေဆာင္ေတြအေနနဲ႔ ျမစ္ဆုံေရကာတာ စီမံကိန္းလုိမ်ဳိးကုိ အၿပီးတုိင္ ရပ္ဆုိင္းတာမ်ဳိး ထုတ္ျပန္ေၾကညာလာႏုိင္မယ္ ဆုိရင္ ျမန္မာႏုိင္ငံနဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံအၾကား ျပည္သူ ျပည္သူခ်င္း ဆက္ဆံေရးအတြက္ ဒီ့ထက္ပုိၿပီး ႀကီးႀကီးမားမား အေထာက္အကူ ျပဳႏုိင္လိမ့္မယ္လို႔ ျမင္ပါတယ္။”

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ မစၥတာ Xi Jinping ဟာ သူ႔ရဲ႕ ျမန္မာႏိုင္ငံကို ပထမဆံုး ေရာက္ရွိတဲ့ေန႔မွာပဲ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္နဲ႔ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈနဲ႔ ခရီးသြားလာေရးႏွစ္ စတင္ျခင္းအခမ္းအနား တက္ေရာက္ခဲ့တာပါ။ တ႐ုတ္-ျမန္မာ ခရီးသြားလာေရးႏွစ္ ၂၀၂၀ အျဖစ္ သတ္မွတ္လိုက္တဲ့အတြက္ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိႏုိင္ပါသလဲ။

တ႐ုတ္-ျမန္မာအေရး အကဲခတ္ ေဒါက္တာလွေက်ာ္ေဇာက အခုလိုျမင္ပါတယ္။

“ခရီးသြားႏွစ္လို႔ သတ္မွတ္ေပးလုိက္တဲ့အတြက္ တ႐ုတ္ခရီးသြားေတြ အေတာ္မ်ားမ်ား သြားၾကတယ္။ ဗမာျပည္ကုိလည္း ခရီးသြားႏွစ္ သတ္မွတ္ေပးတယ္ဆုိတာ အခြင့္အေရးေပးသလုိ ျဖစ္တာေပါ့။ ဘာျဖစ္လို႔လဲဆုိေတာ့ တ႐ုတ္ျပည္ရဲ႕ ခရီးသြားမ်ားက မ်ားေသာအားျဖင့္ State Tourism လို႔ေခၚတယ္၊ ႏုိင္ငံေတာ္က တစိတ္တပုိင္း ပါဝင္ကူညီၿပီးေတာ့ လုပ္ေပးတဲ့ဟာေတြ။ မႏွစ္ကဆုိရင္ သန္း ၁၂၀ ရွိတယ္၊ ႏုိင္ငံျခားကုိထြက္လည္တာ တ႐ုတ္က။ အဲေတာ့ ခရီးသြားႏွစ္လို႔ လုပ္လုိက္တယ္ဆုိရင္ ဒါဟာ ဗမာျပည္ကုိ အခြင့္အေရးတခု အေနနဲ႔ ေပးတယ္လို႔ ျမင္တာပဲ။”

တ႐ုတ္သမၼတရဲ႕ ခရီးစဥ္ဟာ ျမန္မာ့စီးပြားေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဒသတြင္း လံုၿခံဳေရးအတြက္ အလားအလာ ရလဒ္ေကာင္းေတြရဖို႔ကို ေမွ်ာ္လင့္သလို လက္မွတ္ေရးထိုးခဲ့တဲ့ ႏွစ္ႏုိင္ငံ သေဘာတူညီစာခ်ဳပ္ေတြ အေပၚမွာလည္း စိုးရိမ္မႈေတြ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံဘက္က ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ တ႐ုတ္သမၼတ Xi Jinping ဟာ ျမန္မာႏုိင္ငံကုိ ဇန္န၀ါရီလ ၁၇ ကေန ၁၈ ရက္ေန႔အထိ ႏွစ္ရက္ၾကာ ႏုိင္ငံေတာ္ခရီးစဥ္အျဖစ္ လာေရာက္ခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ သူ႔ခရီးစဥ္ အဆံုးသတ္မွာျဖစ္ပါတယ္။

----------------------------------

(Unicode)

တရုတ်သမ္မတခရီးကနေ ဘာမျှော်လင့်နိုင်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာက စိုးရိမ်မှုတွေနဲ့ ဝေဖန်နေတဲ့ ရခိုင်အရေးကိစ္စ အပါအဝင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ဒေသတွင်းမှာရော ကမ္ဘာမှာပါ သြဇာကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ သမ္မတကိုယ်တိုင် ရောက်ရှိလာပြီး သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတွေအတွက် ဆွေးနွေးတွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ တရုတ်-မြန်မာအရေး နိုင်ငံရေးအကဲခတ်တွေရဲ့ သဘောထားအမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ချိန် နှစ်ပေါင်း ၂၀ နီးပါး ကာလအတွင်း မြန်မာနိုင်ငံကို သမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အလားအလာ ကောင်းစေမယ့်အပြင် တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် မြန်မာ့တပ်မတော်အတွက် ငြိမ်းချမ်းရေးရလဒ်ကောင်းတွေ ရစေနိုင်မယ့် ခရီးစဉ်အဖြစ် တရုတ်-မြန်မာအရေး အကဲခတ်တွေက ရှုမြင်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး အကဲခတ် ဒေါက်တာလှကျော်ဇောကတော့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ကျမကြည့်တာ ဗမာပြည်အတွက်တော့ အများကြီး အကျိုးရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ICJ တို့ ဘာတို့က ဗမာပြည်ကိုပဲဖြစ်ဖြစ်၊ ဗမာအစိုးရကိုပဲဖြစ်ဖြစ်၊ တပ်မတော်ကိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အရေးယူချင် ယူချင် ဘာတွေပဲချချ အဲလိုချလိုက်ရင် ဗမာပြည်အတွက် ဘာမှ ပြဿနာ ကြီးကြီးမားမားမဖြစ်အောင် တရုတ်ကလာပြီး အားပေး ထောက်ခံလိုက်တဲ့ကိစ္စဖြစ်တော့ ဗမာပြည်နဲ့ ပတ်သက်လို့ကတော့ တရုတ်သမ္မတ လာတာ ဗမာပြည်အတွက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဒီဟာတွေဟာ တော်တော် အကျိုးရှိမယ်ထင်တယ်။

“ဒီမှာ ကျမ တဆက်တည်းပြောချင်တာ ဗမာ့တပ်မတော်ပဲ။ ဗမာ့တပ်မတော်က ဒီလိုအချိန်မျိုးမှာ နိုင်ငံတကာရဲ့ ဝိုင်းပြီး အပြောအဆို ခံနေရတဲ့ အချိန်မှာ တရုတ်ကလည်း ဝင်လာပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ လာပြောတဲ့အတွက် တရုတ်ပြောလို့ လိုက်လျောရပါတယ်ဆိုတဲ့ သဘောမျိုးနဲ့ ကိုယ့်ဘက်က တစုံတရာ လျှော့ပေးရင်တော့ တပ်မတော်အပေါ် ပြည်သူလူထုကရော နိုင်ငံတကာ ဖိအားပေးနေတာကရော သက်သာစေပြီးတော့ တပ်မတော်ရဲ့ ဆိုးဝါးတဲ့ ပုံရိပ်တွေလည်း တစုံတရာ ပြန်ကောင်းလာနိုင်မယ် ထင်တယ်။ အဲဒါကနေ ဆက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမျိုးသား စည်းလုံးညီညွတ်ရေးရအောင် လုပ်လို့ရှိရင် ကျမတို့အတွက် ပိုပြီးတော့ အလားအလာ ကောင်းတယ်လို့ မြင်ရပါတယ်။”

တရုတ်သမ္မတရဲ့ မြန်မာခရီးစဉ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူတွေကြား ဆက်ဆံရေးကိုလည်း အဓိက ဦးတည်တာကို မြင်ရသလို မြန်မာ့နိုင်ငံရေး အကျပ်အတည်း စိန်ခေါ်မှုတွေ အတွက်လည်း ဒေသတွင်း သြဇာကြီးတဲ့နိုင်ငံ တရုတ်ရဲ့ ကူညီမှုကြောင့် အတိုင်းအတာ တခုအထိ ပြေလျော့နိုင်စရာ ရှိတယ်လို့ မြန်မာ့အရေး အကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ဒီခရီးစဉ်အပေါ် အခုလို ရှုမြင်ပါတယ်။

“တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၊ အထူးသဖြင့်တော့ ပြည်သူ ပြည်သူချင်း ဆက်ဆံရေးအတွက်ကို အလားအလာကောင်းတွေ အတိုင်းအတာ တခုအထိ အုတ်မြစ်ချနိုင်ခဲ့တဲ့ ခရီးစဉ်တခုလို့ ကျနော်တော့ အဲလိုမြင်ပါတယ်။ အဲတော့ ဒီခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ MoU သဘောတူညီချက် စာချွန်လွှာ အားလုံးပေါင်း ၃၃ ခုလောက်ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ ၃၃ ခုကို ကြည့်လိုက်မယ်ဆိုရင် သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိဆိုတဲ့ ပုံစံမျိုး ဦးတည်မယ့် စာချုပ်မျိုးတွေ ပါလာတာကို တွေ့ရပါတယ်။ မြန်မာပြည်သူလူထု ကြားထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ စိုးရိမ်မှုတွေ ကြောင့်ကြမှုတွေကတော့ မြင့်မားနေဆဲပဲလို့ မြင်ပါတယ်။ အဲဒီအခါကျတော့ အဲလို အခြေအနေတွေကို အလျှင်အမြန် လျော့ပါးနိုင်ဖို့ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ခေါင်းဆောင်တွေအနေနဲ့ မြစ်ဆုံရေကာတာ စီမံကိန်းလိုမျိုးကို အပြီးတိုင် ရပ်ဆိုင်းတာမျိုး ထုတ်ပြန်ကြေညာလာနိုင်မယ် ဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ပြည်သူ ပြည်သူချင်း ဆက်ဆံရေးအတွက် ဒီ့ထက်ပိုပြီး ကြီးကြီးမားမား အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ မြင်ပါတယ်။”

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ Xi Jinping ဟာ သူ့ရဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိတဲ့နေ့မှာပဲ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနား တက်ရောက်ခဲ့တာပါ။ တရုတ်-မြန်မာ ခရီးသွားလာရေးနှစ် ၂၀၂၀ အဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

တရုတ်-မြန်မာအရေး အကဲခတ် ဒေါက်တာလှကျော်ဇောက အခုလိုမြင်ပါတယ်။

“ခရီးသွားနှစ်လို့ သတ်မှတ်ပေးလိုက်တဲ့အတွက် တရုတ်ခရီးသွားတွေ အတော်များများ သွားကြတယ်။ ဗမာပြည်ကိုလည်း ခရီးသွားနှစ် သတ်မှတ်ပေးတယ်ဆိုတာ အခွင့်အရေးပေးသလို ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ရဲ့ ခရီးသွားများက များသောအားဖြင့် State Tourism လို့ခေါ်တယ်၊ နိုင်ငံတော်က တစိတ်တပိုင်း ပါဝင်ကူညီပြီးတော့ လုပ်ပေးတဲ့ဟာတွေ။ မနှစ်ကဆိုရင် သန်း ၁၂၀ ရှိတယ်၊ နိုင်ငံခြားကိုထွက်လည်တာ တရုတ်က။ အဲတော့ ခရီးသွားနှစ်လို့ လုပ်လိုက်တယ်ဆိုရင် ဒါဟာ ဗမာပြည်ကို အခွင့်အရေးတခု အနေနဲ့ ပေးတယ်လို့ မြင်တာပဲ။”

တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ မြန်မာ့စီးပွားရေးနဲ့ ငြိမ်းချမ်းရေး ဒေသတွင်း လုံခြုံရေးအတွက် အလားအလာ ရလဒ်ကောင်းတွေရဖို့ကို မျှော်လင့်သလို လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီစာချုပ်တွေ အပေါ်မှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ ကနေ ၁၈ ရက်နေ့အထိ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ သူ့ခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။

တ႐ုတ္သမၼတခရီးကေန ဘာေမွ်ာ္လင့္ႏိုင္
please wait

No media source currently available

0:00 0:05:04 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG