သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္လႊမ္းမိုးမႈေအာက္ကေန ျမန္မာႏုိင္ငံ လြတ္ႏုိင္ပါ့မလား


တ႐ုတ္သမၼတ Xi Jinping ႏွင့္ ေတြ႔ဆုံေဆြးေႏြးေနသည့္ ျမန္မာႏုိင္ငံသမၼတ ဦးဝင္းျမင့္။ (ဇန္နဝါရီ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံဟာ လာမယ့္ ႏွစ္ကာလ အေတာ္မ်ားမ်ားအထိ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမုိးမႈေအာက္ကေန လြတ္ေျမာက္ႏိုင္ဖို႔ မလြယ္ေသးဘူးလို႔ ျမန္မာ့ႏိုင္ငံေရး ေစာင့္ၾကည့္ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ တ႐ုတ္ႏုိင္ငံရဲ႕ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ အကူအညီေတြ အပါအဝင္ လက္နက္ကိုင္ပဋိပကၡအေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ေနတာ၊ ႏိုင္ငံတကာ မ်က္ႏွာစာမွာပါ အခုိင္အမာ အကာကြယ္ေပးေနတဲ့ အခ်က္ေတြကို ေထာက္ျပၿပီး အဲဒီလို ေျပာဆိုၾကတာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

တ႐ုတ္သမၼတ Xi Jinping ရဲ႕ ႏွစ္ရက္ၾကာ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း အလုပ္သေဘာပါတဲ့ ႏွစ္ႏိုင္ငံ အျပန္အလွန္နားလည္မႈ စာခၽြန္လႊာေပါင္း ၃၀ ေက်ာ္ လက္မွတ္ေရးထုိးခဲ့ၾကတာပါ။ တ႐ုတ္ႏုိင္ငံဟာ ျမန္မာႏုိင္ငံတြင္းမွာ အရင္စစ္အစိုးရလက္ထက္ကေန ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံး ေတာက္ေလွ်ာက္လုပ္လာတာေၾကာင့္ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမုိးမႈေအာက္က လြတ္ေျမာက္ဖို႔ မလြယ္ေသးဘူးလို႔ သုံးသပ္သူက အေမရိကန္ အင္ဒီယားနားျပည္နယ္က ျမန္မာ့အေရးေလ့လာသူ ေဒါက္တာတင့္ေဆြ ျဖစ္ပါတယ္။

“စစ္အစုိးရတက္ၿပီးတဲ့ေနာက္ ဆယ္ႏွစ္ ဆယ့္ငါးႏွစ္ေလာက္ ၾကာတဲ့အခါမွာ အုပ္ခ်ဳပ္ေနတဲ့ စစ္အစိုးရကုိယ္တုိင္က တ႐ုတ္ရဲ႕ လႊမ္းမုိးမႈ၊ ႀကီးစုိးမႈ လြန္ၿပီဆုိတာကုိ သူတုိ႔ သိလာခဲ့တယ္။ သုိ႔ေသာ္လည္း အဲဒီကာလေတြမွာ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ေတြ၊ သေဘာတူညီမႈေတြဟာ တရားဝင္ျဖစ္ေတာ့ ဦးသိန္းစိန္ တက္တယ္၊ NLD တက္တယ္၊ ဒါေတြက ဆက္ရွိတယ္။ အဲေတာ့ တ႐ုတ္လႊမ္းမုိးမႈေတြကို ေက်ာ္လႊားဖို႔ အင္မတန္ခက္တယ္။ ေနာက္တခုက က်ေနာ္တို႔ႏုိင္ငံမွာ ႏုိင္ငံကေသးတယ္၊ အားကလည္းေသး၊ ျပည္တြင္းမွာလည္း မညီမညြတ္၊ ႏုိင္ငံေရးကလည္း တည္ၿငိမ္မႈမရွိတဲ့ အေျခအေနမွာ အဲဒီေလာက္ ႀကီးမားတဲ့ လႊမ္းမုိးမႈကုိ ျပည္သူလူထုေတြက ဘယ္လုိနည္းနဲ႔ျဖစ္ပါေစ၊ တ႐ုတ္ႏုိင္ငံရဲ႕ လႊမ္းမုိးမႈ၊ စြက္ဖက္မႈ၊ ႀကီးစုိးမႈေအာက္ကေန ျမန္မာႏုိင္ငံက ႐ုန္းထြက္ဖို႔ အလားအလာ မျမင္ေသးဘူးလုိ႔ပဲ ျမင္ပါတယ္။”

တ႐ုတ္အစုိးရက အစပ်ဳိးထားတဲ့ ရပ္ဝန္းနဲ႔ လမ္းေၾကာင္းစီမံကိန္းမွာ ျမန္မာႏိုင္ငံကို တစိတ္တပိုင္း ထည့္သြင္းထားတာကိုၾကည့္ရင္ အင္အားခ်ည့္နဲ႔ေနတဲ့ ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံရဲ႕ အစိတ္အပိုင္းအျဖစ္ သိမ္းသြင္းရာေရာက္တယ္လို႔ လန္ဒန္ၿမဳိ႕ေန သမုိင္းပညာရွင္ ေဒါက္တာေအာင္ခင္က ေထာက္ျပပါတယ္။

“မ်ားေသာအားျဖင့္ေတာ့ ႏုိင္ငံျခားအရင္းအႏွီးေပါ့၊ တ႐ုတ္က အမ်ားဆုံးေပါ့။ လြယ္လြယ္နဲ႔ ေျပာရရင္ေတာ့ ျမန္မာျပည္က စစ္အာဏာရွင္စနစ္မွာ ႏွစ္ေပါင္းငါးဆယ္ေက်ာ္ ေနလာတဲ့ လူမမာႀကီးက အခုမွျပန္ၿပီး နာလန္ထပဲ ရွိေသးတယ္။ ဒီ နာလန္ထ လူမမာႀကီးနဲ႔ အင္မတန္ အားေကာင္းတဲ့ တ႐ုတ္နဲ႔ သြားၿပီး လက္တြဲလုပ္တဲ့အခါၾကရင္ တ႐ုတ္က စီးပြားေရးေရာ အတတ္ပညာေရာ ျမန္မာထက္ အဆေပါင္းမ်ားစြာ ႀကီးမားေတာ့ သူကပဲ လႊမ္းမုိးသြားမွာပဲ။ ေနာက္တခုကေတာ့ အခု ရပ္ဝန္းလမ္းေၾကာင္းကလည္း တ႐ုတ္ရဲ႕ နယ္ခ်ဲ႕ဝါဒ၊ တ႐ုတ္ရဲ႕ Imperialism ပါပဲ။ တ႐ုတ္ကုိ မွီခုိလာရတာလည္း အမ်ားႀကီးေပါ့။ အခု တ႐ုတ္နဲ႔ကုန္သြယ္ေရးကို တ႐ုတ္ကုိ အားကိုးလာရတဲ့အတြက္ က်န္တဲ့လူေတြကို မလုပ္ႏုိင္ဘူး။ တ႐ုတ္နဲ႔ အိႏၵိယၾကားမွာ ရွိေပမယ့္ အိႏၵိယက အင္မတန္ အားနည္းတယ္။ တ႐ုတ္က အင္မတန္ အားေကာင္းတယ္။ အဲေတာ့ ၾကာေလ ၾကာေလ အားေကာင္းတဲ့ဘက္ မွီခုိတဲ့ဘက္ကို ေရာက္သြားတာပဲ။”

အခုလုိ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမုိးမႈေအာက္က ႐ုန္းထြက္ဖို႔ဆိုရင္ တျခားအင္အားႀကီးႏိုင္ငံေတြ၊ ႏိုင္ငံတကာ မဟာမိတ္အုပ္စုေတြနဲ႔ လက္တြဲ လုပ္သြားႏိုင္ဖုိ႔ လိုမယ္လို႔ ေဒါက္တာတင့္ေဆြက သုံးသပ္ပါတယ္။

“အဲေတာ့ ဗမာႏုိင္ငံ အေျခအေနမွာ အေမရိကန္ျပည္ေထာင္စုကို အားကုိးလုိ႔ ရမလားဆုိတဲ့ အခ်က္ကတခ်က္၊ က်ေနာ္တုိ႔ တစုံတရာပဲရတယ္။ ေနာက္တခါ အိမ္နီးခ်င္း အိႏၵိယႏုိင္ငံ၊ ေနာက္တခါ အာဆီယံေပါ့။ ဒီအုပ္စုေတြကို စဥ္းစားၿပီးေတာ့ ဗမာႏုိင္ငံက ႏုိင္ငံတကာ အေရးအခင္းေတြ၊ ျပည္တြင္းကိစၥေတြမွာ မဟာမိတ္ျပဳဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ႀကိဳးစားလည္း ႀကိဳးစားေနတယ္။ သုိ႔ေသာ္လည္း အိႏၵိယပဲျဖစ္ျဖစ္၊ အာဆီယံပဲျဖစ္ျဖစ္ဟာ အေထာက္အကူရတဲ့ မဟာမိတ္ထက္ မပုိဘဲနဲ႔ တ႐ုတ္ႏုိင္ငံရဲ႕ လႊမ္းမုိးမႈကို ေခ်ဖ်က္ဖုိ႔မွာ အင္အားေတာ့ ေသးတယ္။ သုိ႔ေသာ္လည္းပဲ ျဖစ္ႏုိင္စြမ္းရွိတဲ့ မဟာမိတ္ျပဳမႈေတြကို ထိထိေရာက္ေရာက္ အသုံးျပဳရင္ေတာ့ ပုိၿပီးေတာ့ ျမန္လည္းျမန္ႏုိင္တယ္၊ ျဖစ္လည္း ျဖစ္ႏုိင္တယ္လို႔ ယူဆတယ္။”

ျမန္မာႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ယုိယြင္းနိမ့္က်လာခဲ့တဲ့ လူသားအရင္းအျမစ္ က႑ကို မတည္ေဆာက္ႏိုင္သေရြ႕ ႏိုင္ငံႀကီးေတြရဲ႕ လႊမ္းမိုးမႈအရိပ္က လြတ္ဖို႔မလြယ္ဘူးလို႔ ေဒါက္တာေအာင္ခင္က ေျပာပါတယ္။

“ဗမာက လူမမာႀကီးဗ်။ လူမမာႀကီးက ကိုယ့္ဟာနဲ႔ကုိယ္ မရပ္ႏုိင္ဘူး။ ဗီယက္နမ္တို႔ ဘာတုိ႔က လူမမာမဟုတ္ဘူး။ သူတုိ႔က တ႐ုတ္နဲ႔ ကပ္ေနေပမယ့္ ကုိယ့္ဟာကို ရပ္ႏုိင္တယ္။ လူမမာႏုိင္ငံေတြက တ႐ုတ္ၾသဇာခံ ျဖစ္သြားတာေပါ့ဗ်ာ။ အဲဒါက ျမန္မာႏုိင္ငံသားေတြမွာ လူသားရင္းျမစ္ အားေကာင္းဖုိ႔လုိတယ္။ Human Capital ေပါ့ဗ်ာ။ က်န္းမာေရး၊ ပညာေရးနဲ႔ ကၽြမ္းက်င္မႈ အားေကာင္းတဲ့ႏုိင္ငံက အားရွိတာပဲ။ ျပည္သူေတြ ျပည္သူေတြ ဆုိၿပီးေတာ့ က်န္းမာေရးမွာလည္း ပိုက္ဆံမသုံးဘူး။ ပညာေရးမွာလည္း မသုံးဘူး။ သုံးတဲ့ပညာေရးကလည္း အသုံးမက်ဘူး။ ဆုိေတာ့ ေနာက္ဆုံးပိတ္မွာ ကၽြမ္းက်င္မႈလည္း မရွိဘူး။ အလုပ္သမားေတြ ၾကည့္လိုက္ေတာ့လည္း အဆင့္အတန္း မရွိဘူးဆုိေတာ့ ဘယ္လိုလုပ္ၿပီးေတာ့ သူမ်ားနဲ႔ ၿပိဳင္ႏုိင္မွာလဲ။”

သမၼတ Xi ရဲ႕ ခရီးစဥ္အၿပီး ႏွစ္ႏိုင္ငံ ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ တ႐ုတ္အစိုးရရဲ႕ “ရပ္ဝန္းနဲ႔လမ္းေၾကာင္း” စီမံကိန္းမွာ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ စီမံကိန္းရဲ႕ အဓိကမ႑ိဳင္ ၃ ခုျဖစ္တဲ့ ေက်ာက္ျဖဴ စီးပြားေရးဇုန္ စီမံကိန္း၊ တ႐ုတ္-ျမန္မာ နယ္စပ္စီးပြားေရးဇုန္နဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ဖြံ႔ၿဖိဳးေရး စီမံကိန္းသစ္တို႔ကို အေကာင္အထည္ေဖာ္ေရး သေဘာတူခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကို တ႐ုတ္ႏိုင္ငံ လာေရာက္လည္ပတ္ဖို႔ သမၼတ Xi Jinping က ဖိတ္ၾကားသြားခဲ့ၿပီး ႏွစ္ဖက္အဆင္ေျပမယ့္အခ်ိန္မွာ သြားေရာက္လည္ပတ္မယ္လို႔ ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

---------------------------------

(Unicode)

တရုတ်လွှမ်းမိုးမှုအောက်ကနေ မြန်မာနိုင်ငံ လွတ်နိုင်ပါ့မလား

မြန်မာနိုင်ငံဟာ လာမယ့် နှစ်ကာလ အတော်များများအထိ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်နိုင်ဖို့ မလွယ်သေးဘူးလို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ အပါအဝင် လက်နက်ကိုင်ပဋိပက္ခအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာ၊ နိုင်ငံတကာ မျက်နှာစာမှာပါ အခိုင်အမာ အကာကွယ်ပေးနေတဲ့ အချက်တွေကို ထောက်ပြပြီး အဲဒီလို ပြောဆိုကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အလုပ်သဘောပါတဲ့ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု စာချွန်လွှာပေါင်း ၃၀ ကျော် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းမှာ အရင်စစ်အစိုးရလက်ထက်ကနေ ရင်းနှီးမြှုပ်နှံမှု အများဆုံး တောက်လျှောက်လုပ်လာတာကြောင့် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ မလွယ်သေးဘူးလို့ သုံးသပ်သူက အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေ ဖြစ်ပါတယ်။

“စစ်အစိုးရတက်ပြီးတဲ့နောက် ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ကြာတဲ့အခါမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရကိုယ်တိုင်က တရုတ်ရဲ့ လွှမ်းမိုးမှု၊ ကြီးစိုးမှု လွန်ပြီဆိုတာကို သူတို့ သိလာခဲ့တယ်။ သို့သော်လည်း အဲဒီကာလတွေမှာ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ သဘောတူညီမှုတွေဟာ တရားဝင်ဖြစ်တော့ ဦးသိန်းစိန် တက်တယ်၊ NLD တက်တယ်၊ ဒါတွေက ဆက်ရှိတယ်။ အဲတော့ တရုတ်လွှမ်းမိုးမှုတွေကို ကျော်လွှားဖို့ အင်မတန်ခက်တယ်။ နောက်တခုက ကျနော်တို့နိုင်ငံမှာ နိုင်ငံကသေးတယ်၊ အားကလည်းသေး၊ ပြည်တွင်းမှာလည်း မညီမညွတ်၊ နိုင်ငံရေးကလည်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ အဲဒီလောက် ကြီးမားတဲ့ လွှမ်းမိုးမှုကို ပြည်သူလူထုတွေက ဘယ်လိုနည်းနဲ့ဖြစ်ပါစေ၊ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု၊ စွက်ဖက်မှု၊ ကြီးစိုးမှုအောက်ကနေ မြန်မာနိုင်ငံက ရုန်းထွက်ဖို့ အလားအလာ မမြင်သေးဘူးလို့ပဲ မြင်ပါတယ်။”

တရုတ်အစိုးရက အစပျိုးထားတဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်းမှာ မြန်မာနိုင်ငံကို တစိတ်တပိုင်း ထည့်သွင်းထားတာကိုကြည့်ရင် အင်အားချည့်နဲ့နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် သိမ်းသွင်းရာရောက်တယ်လို့ လန်ဒန်မြို့နေ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ထောက်ပြပါတယ်။

“များသောအားဖြင့်တော့ နိုင်ငံခြားအရင်းအနှီးပေါ့၊ တရုတ်က အများဆုံးပေါ့။ လွယ်လွယ်နဲ့ ပြောရရင်တော့ မြန်မာပြည်က စစ်အာဏာရှင်စနစ်မှာ နှစ်ပေါင်းငါးဆယ်ကျော် နေလာတဲ့ လူမမာကြီးက အခုမှပြန်ပြီး နာလန်ထပဲ ရှိသေးတယ်။ ဒီ နာလန်ထ လူမမာကြီးနဲ့ အင်မတန် အားကောင်းတဲ့ တရုတ်နဲ့ သွားပြီး လက်တွဲလုပ်တဲ့အခါကြရင် တရုတ်က စီးပွားရေးရော အတတ်ပညာရော မြန်မာထက် အဆပေါင်းများစွာ ကြီးမားတော့ သူကပဲ လွှမ်းမိုးသွားမှာပဲ။ နောက်တခုကတော့ အခု ရပ်ဝန်းလမ်းကြောင်းကလည်း တရုတ်ရဲ့ နယ်ချဲ့ဝါဒ၊ တရုတ်ရဲ့ Imperialism ပါပဲ။ တရုတ်ကို မှီခိုလာရတာလည်း အများကြီးပေါ့။ အခု တရုတ်နဲ့ကုန်သွယ်ရေးကို တရုတ်ကို အားကိုးလာရတဲ့အတွက် ကျန်တဲ့လူတွေကို မလုပ်နိုင်ဘူး။ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိပေမယ့် အိန္ဒိယက အင်မတန် အားနည်းတယ်။ တရုတ်က အင်မတန် အားကောင်းတယ်။ အဲတော့ ကြာလေ ကြာလေ အားကောင်းတဲ့ဘက် မှီခိုတဲ့ဘက်ကို ရောက်သွားတာပဲ။”

အခုလို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်က ရုန်းထွက်ဖို့ဆိုရင် တခြားအင်အားကြီးနိုင်ငံတွေ၊ နိုင်ငံတကာ မဟာမိတ်အုပ်စုတွေနဲ့ လက်တွဲ လုပ်သွားနိုင်ဖို့ လိုမယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“အဲတော့ ဗမာနိုင်ငံ အခြေအနေမှာ အမေရိကန်ပြည်ထောင်စုကို အားကိုးလို့ ရမလားဆိုတဲ့ အချက်ကတချက်၊ ကျနော်တို့ တစုံတရာပဲရတယ်။ နောက်တခါ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ နောက်တခါ အာဆီယံပေါ့။ ဒီအုပ်စုတွေကို စဉ်းစားပြီးတော့ ဗမာနိုင်ငံက နိုင်ငံတကာ အရေးအခင်းတွေ၊ ပြည်တွင်းကိစ္စတွေမှာ မဟာမိတ်ပြုဖို့ ကြိုးစားခဲ့ပါတယ်။ ကြိုးစားလည်း ကြိုးစားနေတယ်။ သို့သော်လည်း အိန္ဒိယပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ်ဟာ အထောက်အကူရတဲ့ မဟာမိတ်ထက် မပိုဘဲနဲ့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ချေဖျက်ဖို့မှာ အင်အားတော့ သေးတယ်။ သို့သော်လည်းပဲ ဖြစ်နိုင်စွမ်းရှိတဲ့ မဟာမိတ်ပြုမှုတွေကို ထိထိရောက်ရောက် အသုံးပြုရင်တော့ ပိုပြီးတော့ မြန်လည်းမြန်နိုင်တယ်၊ ဖြစ်လည်း ဖြစ်နိုင်တယ်လို့ ယူဆတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ယိုယွင်းနိမ့်ကျလာခဲ့တဲ့ လူသားအရင်းအမြစ် ကဏ္ဍကို မတည်ဆောက်နိုင်သရွေ့ နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုအရိပ်ကလွတ်ဖို့မလွယ်ဘူးလို့ ဒေါက်တာအောင်ခင်က ပြောပါတယ်။

“ဗမာက လူမမာကြီးဗျ။ လူမမာကြီးက ကိုယ့်ဟာနဲ့ကိုယ် မရပ်နိုင်ဘူး။ ဗီယက်နမ်တို့ ဘာတို့က လူမမာမဟုတ်ဘူး။ သူတို့က တရုတ်နဲ့ ကပ်နေပေမယ့် ကိုယ့်ဟာကို ရပ်နိုင်တယ်။ လူမမာနိုင်ငံတွေက တရုတ်သြဇာခံ ဖြစ်သွားတာပေါ့ဗျာ။ အဲဒါက မြန်မာနိုင်ငံသားတွေမှာ လူသားရင်းမြစ် အားကောင်းဖို့လိုတယ်။ Human Capital ပေါ့ဗျာ။ ကျန်းမာရေး၊ ပညာရေးနဲ့ ကျွမ်းကျင်မှု အားကောင်းတဲ့နိုင်ငံက အားရှိတာပဲ။ ပြည်သူတွေ ပြည်သူတွေ ဆိုပြီးတော့ ကျန်းမာရေးမှာလည်း ပိုက်ဆံမသုံးဘူး။ ပညာရေးမှာလည်း မသုံးဘူး။ သုံးတဲ့ပညာရေးကလည်း အသုံးမကျဘူး။ ဆိုတော့ နောက်ဆုံးပိတ်မှာ ကျွမ်းကျင်မှုလည်း မရှိဘူး။ အလုပ်သမားတွေ ကြည့်လိုက်တော့လည်း အဆင့်အတန်း မရှိဘူးဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သူများနဲ့ ပြိုင်နိုင်မှာလဲ။”

သမ္မတ Xi ရဲ့ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တရုတ်အစိုးရရဲ့ “ရပ်ဝန်းနဲ့လမ်းကြောင်း” စီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းရဲ့ အဓိကမဏ္ဍိုင် ၃ ခုဖြစ်တဲ့ ကျောက်ဖြူ စီးပွားရေးဇုန် စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းသစ်တို့ကို အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တရုတ်နိုင်ငံ လာရောက်လည်ပတ်ဖို့ သမ္မတ Xi Jinping က ဖိတ်ကြားသွားခဲ့ပြီး နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ သွားရောက်လည်ပတ်မယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG