သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္လပ္ေရးေန႔ အက်ဥ္းသားေတြ လႊတ္ေပးတဲ့အေပၚ တုံ႔ျပန္ခ်က္


(Zawgyi / Unicode)

လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူတခ်ဳိ႕ အပါအ၀င္ အက်ဥ္းသားေတြကုိ စစ္ေကာင္စီက ျပန္လႊတ္ေပးလုိက္တဲ့အေပၚ ျမန္မာ့အေရး လႈပ္ရွားသူေတြနဲ႔ အကဲခတ္ေတြက သတိထား ႀကိဳဆုိလုိက္ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ဖိႏွိပ္မႈေတြေၾကာင့္ ႏုိင္ငံတကာရဲ႕ ဖိအားေတြေၾကာင့္ ႏုိင္ငံေရး လႈပ္ရွားသူတခ်ဳိ႕ ျပန္လႊတ္ေပးလုိက္ေပမဲ့ လုံေလာက္မႈ မရွိဘူးလုိ႔လည္း ေထာက္ျပခဲ့ၾကတာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

(၇၅)ႏွစ္ေျမာက္ စိန္ရတု လြတ္လပ္ေရးအထိမ္းအမွတ္နဲ႔ လူမႈေရးအရ ေထာက္ထားေသာအားျဖင့္ အက်ဥ္းသား ၇,၀၁၂ ဦးကို ႏိုင္ငံတဝွမ္း အက်ဥ္းေထာင္ေတြကေန လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ဇန္နဝါရီ(၄)ရက္ေန႔မွာ ျပန္လႊတ္ေပးလိုက္တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားတာပါ။ အဲဒီထဲမွာ ႏိုင္ငံေရးအက်ဥ္းသားနဲ႔ သတင္းေထာက္ေတြ ဆယ္ဂဏန္းေလာက္သာ ပါဝင္လာတာ ေတြ႔ရပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားတခ်ဳိ႕ အခုလို ျပန္လြတ္လာတဲ့အေပၚ ၾကဳိဆိုရမွာျဖစ္ေပမယ့္ ျပည္တြင္းျပည္ပ ဖိအားေတြ မ်ားလာတဲ့အေပၚ ခုလို ျပန္လႊတ္ေပးတာ ျဖစ္ႏိုင္ေၾကာင္း အမ်ဳိးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ဆက္သြယ္ေရး သတင္းအခ်က္အလက္နဲ႔ နည္းပညာဝန္ႀကီးဌာန ဝန္ႀကီး ဦးထင္လင္းေအာင္က သုံးသပ္ပါတယ္။

“ အက်ဥ္းသားေတြကို လႊတ္ေပးလိုက္တယ္ ဆိုတာကိုေတာ့ က်ေနာ္တို႔က ဒါ ႀကိဳဆိုရမွာေပါ့။ ဒါေပမဲ႔ ေသေသခ်ာခ်ာ ျပန္ၿပီးေတာ့ က်ေနာ္တို႔ ၾကည့္ၾကမယ္ဆိုရင္ေတာ့ ဒီ အက်ဥ္းသားေတြဟာ အစကတည္းက ကိုက ဖမ္းဆီးဖို႔ မလိုတဲ႔ သူေတြကို အာဏာကို အလြဲသံုးစား လုပ္ၿပီးေတာ့ ဖမ္းဆီးခဲ႔တယ္ေပါ့ေနာ္။ ဒါက ဘယ္လိုမွ လက္ခံလို႔ မရတဲ႔ အေနအထားဗ်။ လက္ရွိ အားျဖင့္လည္းပဲ ဆက္လက္ၿပီးေတာ့လည္း သူတို႔ဟာ နယ္ေတြမွာ ၿမိဳ႕နယ္ေတြမွာ ဖမ္းဆီးေနေသးတယ္ ဆိုတဲ႔ အေနအထားေတြ က်ေနာ္တို႔ ေတြ႕ေနရတယ္။ ဒါဟာ သူတို႔ဟာ ဒီမိုကရက္တစ္ တန္ဖိုးေတြကို အေရးတယူနဲ႔ ျပန္ၿပီးေတာ့ လႊတ္တဲ႔ အေနအထားမ်ိဳးလို႔ေတာ့ က်ေနာ္တို႔ကေတာ့ မျမင္ဘူး။ ဒါဟာ ႏိုင္ငံတကာ ဖိအားေတြ ရွိမယ္။ ျပည္တြင္းမွာလည္းပဲ ျပည္တြင္းက လႈပ္ရွားမႈေတြက ပိုပိုၿပီးေတာ့ စိပ္လာတဲ႔ အခါက်ေတာ့ ဒီဖိအားေတြကို ေလ်ာ့နည္းသြားေအာင္လို႔ စစ္ေကာင္စီ အေနနဲ႔က အျပ လုပ္ဖို႔ေလာက္ဘဲ လႊတ္ေပးတယ္လို႔ဘဲ က်ေနာ္တို႔ကေတာ့ ယူဆတယ္။”

သိပ္မၾကာေသးခင္ကပဲ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ရွားပါးလွတဲ့ ဆုံးျဖတ္ခ်က္တရပ္ ခ်မွတ္ႏိုင္ခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို အျမန္ဆုံး လႊတ္ေပးရမယ္ဆိုတဲ့အခ်က္အပါအဝင္ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြကို ရပ္တန္႔ရမယ္လို႔ တိုက္တြန္းထားတာပါ။ တခ်ိန္တည္းမွာပဲ အေမရိကန္ အမ်ဳိးသားကာကြယ္ေရးအသုံးစရိတ္ NDAA ထဲမွာ ျမန္မာ့ဒီမိုကေရစီေရးနဲ႔ ပတ္သက္လို႔ ေထာက္ပံ့သြားမယ့္ Burma ACT 2022 ကိုလည္း ထည့္သြင္းခဲ့တာေတြက စစ္ေကာင္စီအေပၚ ဖိအားေတြ တိုးလာေစခဲ့ပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံက စစ္အာဏာရွင္အဆက္ဆက္ဟာ ႏိုင္ငံတကာက ဖိအားေပးတဲ့အတိုင္း လိုက္ေလ်ာေဆာင္ရြက္ေပးတာမ်ဳိး ရွားပါးၿပီး သူတို႔ အာဏာတည္ၿမဲ ရပ္တည္ႏိုင္ေရးအတြက္ အခင္းအက်င္းေတြ ဖန္တီးလိုတဲ့အခါမ်ဳိးမွာ အခုလို ႏိုင္ငံေရးအက်ဥ္းသားတခ်ဳိ႕ကို လႊတ္ေပးေလ့ရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စုမွာေနထိုင္တဲ့ ျမန္မာ့အေရးအကဲခတ္သူ ေဒါက္တာ တင့္ေဆြက ျမင္ပါတယ္။

“ စစ္အစိုးရ လက္ထက္ အားလံုး သံုးခုလံုးကို ျခံဳၾကည့္လို႔ ရွိရင္ ႏိုင္ငံတကာရဲ႕ ဖိအား သို႔မဟုတ္ တြန္းအား ဆြဲအားေတြကို သူက သိပ္ အေရးမစိုက္ဘူး။ ဒုတိယ အခ်က္ကေတာ့ သူတို႔ လုပ္ခ်င္ေနတဲ႔ PR ေရြးေကာက္ပြဲက သူ႔အတြက္က နံပတ္ ၁ က အေရးႀကီးဆံုး ျဖစ္တယ္။ အဲေတာ့ PR ေရြးေကာက္ပြဲ သူလုပ္ခ်င္သလို ျဖစ္ေအာင္ ျပည္တြင္း အခင္းအက်င္းနဲ႔ သူ လုပ္ပါလိမ့္မယ္။ ဒါေၾကာင့္ အခုအက်ဥ္းသား လႊတ္ေရးကေတာ့ ဒီေကာင္နဲ႔ မဆိုင္ဘဲနဲ႔ သူ လုပ္ေနက် အလုပ္တခုကို လုပ္သြားတာဘဲလို႔ ျမင္တယ္။ ပိုၿပီး စိုးရိမ္စရာက PR ေရြးေကာက္ပြဲ အခင္းအက်င္း အတြက္ ျပည္တြင္းမွာ ဖိႏွိပ္ၿဖိဳခြဲမႈေတြ ေျမာက္မ်ားစြာ ျဖစ္လာႏိုင္တယ္လို႔ က်ေနာ္ကေတာ့ ေမွ်ာ္လင့္ထားပါတယ္ခင္ဗ်။ ”

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ အာဏာကို ထိန္းယူခဲ့တာပါလို႔ ေျပာထားတဲ့ စစ္ေကာင္စီကေတာ့ ဒီ ၂၀၂၃ ခုႏွစ္အတြင္း ေရြးေကာက္ပဲြသစ္တခု ေအာင္ျမင္စြာ က်င္းပႏိုင္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ အဲဒီေရြးေကာက္ပဲြကို ႏိုင္ငံတကာက အသိအမွတ္ျပဳလာေအာင္လို႔ ၊ ေရြးေကာက္ပဲြ မတိုင္ခင္ အျမင္ေကာင္းေအာင္ ခုလို ႏိုင္ငံေရးအက်ဥ္းသားတခ်ဳိ႕ ျပန္လႊတ္ေပးတာမ်ဳိး ျဖစ္ႏိုင္တယ္ဆိုတဲ့ သုံးသပ္သူတခ်ဳိ႕လည္းရွိပါတယ္။ NUG ဝန္ႀကီး ဦးထင္လင္းေအာင္ကေတာ့ အဲဒီအျမင္အေပၚ သေဘာထား ကဲြျပားသူျဖစ္ပါတယ္။

“ ဒီေရြးေကာက္ပြဲကိုေတာ့ ဘယ္သူကမွလည္း အသိအမွတ္ျပဳမွာ မဟုတ္သလို လူထုကလည္း အသိအမွတ္ျပဳမွာ မဟုတ္ဘူး။ သူတို႔ အေနနဲ႔လည္း ညဏ္နီ ညဏ္နက္ကို သံုးထားတဲ႔ ပြဲတပြဲကို ထုတ္ၿပီးေတာ့ ကစားလာတယ္လို႔ဘဲ က်ေနာ္တို႔ကေတာ့ ျမင္တယ္။ ဆိုေတာ့ ဒီလူ အေရအတြက္ေလာက္ေလးကို လႊတ္ရံုနဲ႔ေတာ့ ဒါဟာ ေရြးေကာက္ပြဲ အတြက္ကို ဘာအက်ိဳးသက္ေရာက္မႈကိုမွ ရွိမွာ မဟုတ္ဘူး။ ဒီ ေရြးေကာက္ပြဲ ဆိုတာကိုလည္း တိုင္းရင္းသား ေဒသေတြမွာ ရွိတဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြ အပါအ၀င္ ဘယ္ႏိုင္ငံတကာကမွလည္း အသိအမွတ္ျပဳမွာ မဟုတ္ဘူးလို႔ဘဲ က်ေနာ္ကေတာ့ မွတ္ခ်က္ေပးခ်င္ပါတယ္။ ”

AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ ထုတ္ျပန္ခ်က္အရ အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ၂၀၂၃ ခုႏွစ္ ခုခ်ိန္ထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္း ၁၄,၀၀၀ နီးပါးရွိၿပီး အဲဒီထဲကမွ အေယာက္ ၂,၀၀၀ ေက်ာ္ ေထာင္ဒဏ္ က်ခံထားရတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီထဲမွာ ျပန္လည္လြတ္ေျမာက္လာသူ အေယာက္ ၃,၀၀၀ ေက်ာ္ရွိၿပီး ေႏြဦးေတာ္လွန္ေရးနဲ႔ ဆက္စပ္လို႔ ေသဒဏ္ ခ်မွတ္ခံထားရၿပီး အက်ဥ္းေထာင္ေတြထဲ ရွိေနသူ အေယာက္ ၁၀၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လွတ်လပ်ရေးနေ့ အကျဉ်းသားတွေ လွှတ်ပေးတဲ့အပေါ် တုံ့ပြန်ချက်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ အပါအဝင် အကျဉ်းသားတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ အကဲခတ်တွေက သတိထား ကြိုဆိုလိုက်ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေကြောင့် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် နိုင်ငံရေး လှုပ်ရှားသူတချို့ ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံလောက်မှု မရှိဘူးလို့လည်း ထောက်ပြခဲ့ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအထိမ်းအမှတ်နဲ့ လူမှုရေးအရ ထောက်ထားသောအားဖြင့် အကျဉ်းသား ၇,၀၁၂ ဦးကို နိုင်ငံတဝှမ်း အကျဉ်းထောင်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်နဝါရီ(၄)ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ သတင်းထောက်တွေ ဆယ်ဂဏန်းလောက်သာ ပါဝင်လာတာ တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့ အခုလို ပြန်လွတ်လာတဲ့အပေါ် ကြိုဆိုရမှာဖြစ်ပေမယ့် ပြည်တွင်းပြည်ပ ဖိအားတွေ များလာတဲ့အပေါ် ခုလို ပြန်လွှတ်ပေးတာ ဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်က သုံးသပ်ပါတယ်။

“ အကျဉ်းသားတွေကို လွှတ်ပေးလိုက်တယ် ဆိုတာကိုတော့ ကျနော်တို့က ဒါ ကြိုဆိုရမှာပေါ့။ ဒါပေမဲ့ သေသေချာချာ ပြန်ပြီးတော့ ကျနော်တို့ ကြည့်ကြမယ်ဆိုရင်တော့ ဒီ အကျဉ်းသားတွေဟာ အစကတည်းက ကိုက ဖမ်းဆီးဖို့ မလိုတဲ့ သူတွေကို အာဏာကို အလွဲသုံးစား လုပ်ပြီးတော့ ဖမ်းဆီးခဲ့တယ်ပေါ့နော်။ ဒါက ဘယ်လိုမှ လက်ခံလို့ မရတဲ့ အနေအထားဗျ။ လက်ရှိ အားဖြင့်လည်းပဲ ဆက်လက်ပြီးတော့လည်း သူတို့ဟာ နယ်တွေမှာ မြို့နယ်တွေမှာ ဖမ်းဆီးနေသေးတယ် ဆိုတဲ့ အနေအထားတွေ ကျနော်တို့ တွေ့နေရတယ်။ ဒါဟာ သူတို့ဟာ ဒီမိုကရက်တစ် တန်ဖိုးတွေကို အရေးတယူနဲ့ ပြန်ပြီးတော့ လွှတ်တဲ့ အနေအထားမျိုးလို့တော့ ကျနော်တို့ကတော့ မမြင်ဘူး။ ဒါဟာ နိုင်ငံတကာ ဖိအားတွေ ရှိမယ်။ ပြည်တွင်းမှာလည်းပဲ ပြည်တွင်းက လှုပ်ရှားမှုတွေက ပိုပိုပြီးတော့ စိပ်လာတဲ့ အခါကျတော့ ဒီဖိအားတွေကို လျော့နည်းသွားအောင်လို့ စစ်ကောင်စီ အနေနဲ့က အပြ လုပ်ဖို့လောက်ဘဲ လွှတ်ပေးတယ်လို့ဘဲ ကျနော်တို့ကတော့ ယူဆတယ်။”

သိပ်မကြာသေးခင်ကပဲ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရှားပါးလှတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရမယ်ဆိုတဲ့အချက်အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရမယ်လို့ တိုက်တွန်းထားတာပါ။ တချိန်တည်းမှာပဲ အမေရိကန် အမျိုးသားကာကွယ်ရေးအသုံးစရိတ် NDAA ထဲမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ထောက်ပံ့သွားမယ့် Burma ACT 2022 ကိုလည်း ထည့်သွင်းခဲ့တာတွေက စစ်ကောင်စီအပေါ် ဖိအားတွေ တိုးလာစေခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ နိုင်ငံတကာက ဖိအားပေးတဲ့အတိုင်း လိုက်လျောဆောင်ရွက်ပေးတာမျိုး ရှားပါးပြီး သူတို့ အာဏာတည်မြဲ ရပ်တည်နိုင်ရေးအတွက် အခင်းအကျင်းတွေ ဖန်တီးလိုတဲ့အခါမျိုးမှာ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလေ့ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာ့အရေးအကဲခတ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

“ စစ်အစိုးရ လက်ထက် အားလုံး သုံးခုလုံးကို ခြုံကြည့်လို့ ရှိရင် နိုင်ငံတကာရဲ့ ဖိအား သို့မဟုတ် တွန်းအား ဆွဲအားတွေကို သူက သိပ် အရေးမစိုက်ဘူး။ ဒုတိယ အချက်ကတော့ သူတို့ လုပ်ချင်နေတဲ့ PR ရွေးကောက်ပွဲက သူ့အတွက်က နံပတ် ၁ က အရေးကြီးဆုံး ဖြစ်တယ်။ အဲတော့ PR ရွေးကောက်ပွဲ သူလုပ်ချင်သလို ဖြစ်အောင် ပြည်တွင်း အခင်းအကျင်းနဲ့ သူ လုပ်ပါလိမ့်မယ်။ ဒါကြောင့် အခုအကျဉ်းသား လွှတ်ရေးကတော့ ဒီကောင်နဲ့ မဆိုင်ဘဲနဲ့ သူ လုပ်နေကျ အလုပ်တခုကို လုပ်သွားတာဘဲလို့ မြင်တယ်။ ပိုပြီး စိုးရိမ်စရာက PR ရွေးကောက်ပွဲ အခင်းအကျင်း အတွက် ပြည်တွင်းမှာ ဖိနှိပ်ဖြိုခွဲမှုတွေ မြောက်များစွာ ဖြစ်လာနိုင်တယ်လို့ ကျနော်ကတော့ မျှော်လင့်ထားပါတယ်ခင်ဗျ။ ”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ထိန်းယူခဲ့တာပါလို့ ပြောထားတဲ့ စစ်ကောင်စီကတော့ ဒီ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲသစ်တခု အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာကြောင့် အဲဒီရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင်လို့ ၊ ရွေးကောက်ပွဲ မတိုင်ခင် အမြင်ကောင်းအောင် ခုလို နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်သူတချို့လည်းရှိပါတယ်။ NUG ဝန်ကြီး ဦးထင်လင်းအောင်ကတော့ အဲဒီအမြင်အပေါ် သဘောထား ကွဲပြားသူဖြစ်ပါတယ်။

“ ဒီရွေးကောက်ပွဲကိုတော့ ဘယ်သူကမှလည်း အသိအမှတ်ပြုမှာ မဟုတ်သလို လူထုကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ သူတို့ အနေနဲ့လည်း ညဏ်နီ ညဏ်နက်ကို သုံးထားတဲ့ ပွဲတပွဲကို ထုတ်ပြီးတော့ ကစားလာတယ်လို့ဘဲ ကျနော်တို့ကတော့ မြင်တယ်။ ဆိုတော့ ဒီလူ အရေအတွက်လောက်လေးကို လွှတ်ရုံနဲ့တော့ ဒါဟာ ရွေးကောက်ပွဲ အတွက်ကို ဘာအကျိုးသက်ရောက်မှုကိုမှ ရှိမှာ မဟုတ်ဘူး။ ဒီ ရွေးကောက်ပွဲ ဆိုတာကိုလည်း တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် ဘယ်နိုင်ငံတကာကမှလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ဘဲ ကျနော်ကတော့ မှတ်ချက်ပေးချင်ပါတယ်။ ”

AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ် ခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၄,၀၀၀ နီးပါးရှိပြီး အဲဒီထဲကမှ အယောက် ၂,၀၀၀ ကျော် ထောင်ဒဏ် ကျခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ ပြန်လည်လွတ်မြောက်လာသူ အယောက် ၃,၀၀၀ ကျော်ရှိပြီး နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ် ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲ ရှိနေသူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG