သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nashville ဗုံးကွဲမှုလက်သည်တရားခံ ရဲအတည်ပြု


Tennessee ပြည်နယ် Nashville မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖေါက်ခွဲမှုမြင်ကွင်း။ (ဒီဇင်ဘာ ၂၆။ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖေါက်ခွဲမှုကို အသက် ၆၃ နှစ်အရွယ် Anthony Quinn Warner ဆိုသူလုပ်ခဲ့တာလို့ အာဏာပိုင်တွေ တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် သူဘာကြောင့် ဖောက်ခွဲရသလဲဆိုတာ တာဝန်ရှိသူတွေ ဆက်လက် စုံစမ်စစ်ဆေးနေကြပါတယ်။ အရက်ဘားတွေ စားသောက်ဆိုင်တွေရှိတဲ့ နေရာမှာ ခရစ္စမတ်နေ့က ပေါက်ကွဲမှုအတွင်း လူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် Nashville မြို့ထဲက အဆောက်အဦးအတော်များများ ထိခိုက်ပျက်စီးခဲ့ပါတယ်။ လူနေနောက်တွဲကားနဲ့ ဖေါက်ခွဲမှုအတွင်း Anthony Quinn Warner က အဲဒီကားထဲမှာ ရှိနေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ အထောက်အထားတွေကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို FBI အပြင် အရက်၊ ဆေးလိပ်၊ လက်နက်နဲ့ ဖေါက်ခွဲရေးဆိုင်ရာ ဌာနက စုံစမ်းရေးမှူးတွေ ဆက်လက်ရှာဖွေနေကြပါတယ်။ အဲဒီသူ ဘာကြောင့် ဖေါက်ခွဲခဲ့သလဲဆိုတာ မပြောနိုင်သေးဘူးလို့ FBI က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ လောလောဆယ်အထိ အဲဒီသူ တကိုယ်တော်ဖေါက်ခွဲခဲ့တယ်လို့ ယုံကြည်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ DNA နဲ့ တခြားအထောက်အထားတွေအပြင် သတင်းပေးမှုတွေကနေ ဖောက်ခွဲသူဟာ Warner ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

Nashville ဗုံးကွဲမှုလက်သည်တရားခံ ရဲအတည်ပြု
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]




XS
SM
MD
LG