သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်စံနစ် ပြောင်းလဲရေး မူကြမ်း ကန်လွှတ်တော် ၂ ရပ် အတည်ပြု


အခွန်ဥပဒေ အောင်မြင်မှုအတွက် Donald Trump နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေ အိမ်ဖြူတော်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က အောင်ပွဲခံနေစဉ်။
အခွန်ဥပဒေ အောင်မြင်မှုအတွက် Donald Trump နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေ အိမ်ဖြူတော်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က အောင်ပွဲခံနေစဉ်။

အမေရိကန်ပြည်ထောင်စုရဲ့ အခွန်စံနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို လွှတ်တော် ၂ ရပ်စလုံးက မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပြီ ဖြစ်တာကြောင့် သမ္မတ Donald Trump နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေ အောင်ပွဲခံနေကြပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ Trump အနေနဲ့ ပထမဆုံး ကြီးမားတဲ့ အောင်မြင်မှု ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

“ကျွနု်ပ်တို့ဟာ အမေရိကန်ပြည်ထောင်စု ပြန်လည် ကြီးကျယ်အောင် လုပ်ဆောင် နေကြပါပြီ” လို့ အိမ်ဖြူတော် မျက်ခင်းပြင်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အောင်ပွဲခံ မိန့်ခွန်းအတွင်း သမ္မတ Trump က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အခွန်စံနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို ထောက်ခံ အားပေးခဲ့ကြတဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan နဲ့ ဒုသမ္မတ Mike Pence တို့ကိုလည်း နံမည်တပ်ပြီး သမ္မတက ချီးမွမ်းခဲ့ပါတယ်။

ဒါဟာ သမိုင်းမှာ အကြီးမားဆုံး အခွန်ကောက်ခံမှု လျော့ချပေးတဲ့ ဝိသေသ ထူးခြားတဲ့ အစီအစဉ် ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

ဒီ ဥပဒေမူကြမ်းကို ထောက်ခံတဲ့သူတွေကတော့ အခွန်ပေးဆောင်ကြတဲ့ အမေရိကန် ပြည်သူတွေ အနေနဲ့ ၂၀၁၈ ခုနှစ်ဆန်းပိုင်းမှာ သူတို့ရဲ့ ဝင်ငွေတွေ သိသိသာသာ ပြောင်းလဲနေတာကို တွေ့ကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။

“အခွန်ကောက်ခံမှုလျှော့ချခြင်းနဲ့ အလုပ်အကိုင် ဖန်တီးခြင်း ဥပဒေ” လို့ အမည်ပေးထားတဲ့ ဒီ ဥပဒေမူကြမ်းကို လွှတ်တော် ၂ ရပ်စလုံးမှာရှိတဲ့ ရီပတ်ဘလီကန်အမတ် အများစုရဲ့ တခဲနက် ထောက်ခံမှုနဲ့ မဲခွဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီမိုကရက် လွှတ်တော် အမတ်တွေကတော့ ဒီဥပဒေ မူကြမ်းကို တညီတညွတ်ထဲ ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ဒီဥပဒေ မူကြမ်းကို သမ္မတ Trump က ခရစ္စမတ် မတိုင်ခက် လက်မှတ်ထိုးမယ်လို့ ပြောထားတာကြောင့် သူ လက်မှတ်ထိုးပြီးရင် ဥပဒေအဖြစ် အတည်ဖြစ်လာတော့မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG