သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အခွန်ဥပဒေပြင်ဆင်ရေးဘက် ဦးလှည့်


အမေရိကန် သမ္မတ Donald Trump

သမ္မတ Donald Trump က ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အစားထိုးဖို့ ကြိုးစားမှု မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခွန်ကောက်ခံရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဘက်ကို ဦးလှည့်သွားပြီ ဖြစ်ပါတယ်။

သူတို့အနေနဲ့ကြီးမားတဲ့ အခွန်လျော့ချမှုတွေနဲ့ အခွန်ကောက်ခံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေကို အပြင်းအထန် စတင် ဆောင်ရွက်တော့မှာ ဖြစ်ကြောင်း၊ အဲဒီကိစ္စဟာ သူ နောက်လုပ်ဆောင်မယ့် အစီအစဉ်ဖြစ်ကြောင်း - Obamacare လို့ခေါ်တဲ့ အခကြေးငွေ သက်သာစွာ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုဥပဒေကို အစားထိုးမယ့် အစီအစဉ်ကို ရီပတ်ဘလီကန် ပါတီဘက်က ပြန်လည် ရုပ်သိမ်းပြီးတဲ့နောက် သော ကြာနေ့မှာ သမ္မတ Trump အိမ်ဖြူတော်မှာ အဲဒီလို ပြောကြားလိုက်တာပါ။

အောက်လွှတ်တော်မှာ လုံလောက်တဲ့ မဲအရေအတွက် မရနိုင်တာကြောင့် အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို အစားထိုးမယ့် ဥပဒေသစ်ကို တင်သွင်းဖို့ ရီပတ်ဘလီကန် ပါတီဝင်တွေက သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အစိုးရက ပြင်ဆင်နေတဲ့ အခွန်ကောက်ခံမှု ပြင်ဆင်မယ့် ဥပဒေကြမ်း ရေးဆွဲနေမှုတွေကို သူ့အနေနဲ့ ဦးဆောင် လုပ်ကိုင်နေကြောင်း Axios ဆိုတဲ့ အွန်လိုင်း သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က သောကြာနေ့ အစောပိုင်းမှာပြောကြားခဲ့ပါတယ်။

အဆိုပြု တင်သွင်းမယ့် ဥပဒေကြမ်းထဲမှာ လူပုဂ္ဂိုလ် တဦးချင်းနဲ့ ကုမ္ပဏီတွေအပေါ် ကောက်ခံတဲ့ အခွန်တွေ လျော့ချပေးရေး ပါဝင်မှာ ဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အလယ်အလတ် ဝင်ငွေရှိသူတွေအတွက်ဖြစ်ပြီး ဝင်ငွေ အများဆုံးရတဲ့ ထိပ်ပိုင်းလူတွေအတွက် မဟုတ်ကြောင်း Steve Mnuchin က ပြောပါတယ်။

သမ္မတ Trump အခွန်ဥပဒေပြင်ဆင်ရေးဘက် ဦးလှည့်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG