သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့် ပိတ်ပင်မှု ဝေဖန်ခံရမှု Trump အစိုးရ ခုခံ


အိမ်ဖြူတော်သတင်းစာရှင်းပွဲ
အိမ်ဖြူတော်သတင်းစာရှင်းပွဲ

မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ ခုကသူတွေကို အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့တဲ့ သမ္မတ Donald Trump ရဲ့အမိန့်ကို အိမ်ဖြူတော်က တနင်္လာနေ့မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ အမိန့်ထုတ်ပြန်ခဲ့တဲ့ သောကြာနေ့ထဲက အမေရိကန်ပိုင်နက်တွေထဲကို ဝင်ရောက်လာသူ အနည်းငယ်အပေါ်မှာသာ သက်ရောက်မှုရှိခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကတနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တားမြစ်ချက်ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း နိုင်ငံခြားသား ၃ သိန်း ၂ သောင်း ၅ ထောင်မှာ ဝင်ခွင့်ပိတ်ပင်ခံရသူ ၁၀၉ ယောက်သာ ရှိခဲ့တယ်လို့ Mr. Spicer ကပြောပါတယ်။ အဲဒီ ၁၀၉ ယောက်အနေနဲ့ ယာယီအဆင်မပြေမှုတွေကို ရင်ဆိုင်ခဲ့ရပြီး၊ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဒီလိုအရေးယူဆောင်ရွက်မှုဟာ အသေးအဖွဲ့ဖြစ်တယ်လို့ လေဆိပ်တွေမှာ ယာယီထိန်းသိမ်းခံခဲ့ရမှုတွေကို သူကဖော်ပြပြောဆိုခဲ့ပါတယ်။

ဘယ်နိုင်ငံကဒုက္ခသည်မဆို အမေရိကန်ထဲ ရက် ၁၂၀ အတွင်း ဝင်ခွင့်ပိတ်ထားတဲ့အပြင် ဆီးရီးယားနိုင်ငံကဆိုရင် ကန့်သတ်ချက်မရှိပိတ်ပင်ခဲ့တဲ့ သူ့ရဲ့အမိန့်ကို သမ္မတ Trump ကတနင်္လာနေ့ Twitter လူမှုကွန်ယက်ပေါ်ကနေ ကာကွယ်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီအမိန့်အရ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆူဒန်၊ Yeman နဲ့ Somalia နိုင်ငံက အမြဲတမ်းနေထိုင်ခွင့်နဲ့ ပြည်ဝင်ခွင့် Visa ရှိထားပြီးသူတွေကိုပါ နိုင်ငံထဲဝင်လာခွင့် ၃ လ ပိတ်ပင်ထားပါတယ်။ ဒီပိတ်ပင်မှုဟာ မွတ်ဆလင်ပြစ်မှတ်ထားတဲ့ လုပ်ရပ်မဟုတ်ဘဲ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက်ကြိုတင်ကာကွယ်ဆောင်ရွက်တဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ သမ္မတ Trump က အလေးထား ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ မွတ်ဆလင်တွေကို ဖယ်ထုတ်တဲ့အမိန့်ဖြစ်တယ်လို့ American-Islamic ဆက်ဆံရေးကောင်စီ အကြီးအကဲက ဖော်ပြပြောကြားခဲ့ပြီး သူတို့အဖွဲ့က ဒီအမိန့်ကို စိန်ခေါ်ဖို့ အမှု ၂ ခုနဲ့တရားစွဲမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်ဝင်ခွင့် ပိတ်ပင်မှု ဝေဖန်ခံရမှု Trump အစိုးရ ခုခံ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG