သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲရလာဒ္ပယ္ဖ်က္မႈအေပၚ ရွမ္းနဲ႔ရခိုင္ပါတီေတြ တုန႔္ျပန္ခ်က္


မဲေပးအၿပီး မင္တို႔ထားသည့္လက္သန္းကို ေထာင္ျပေနသည့္ ဗုိ္လ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္။ ႏိုဝင္ဘာ ၈၊ ၂၀၂၀။ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

စစ္ေကာင္စီက ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္လိုက္တာဟာ တရားမွ်တမႈမရွိေၾကာင္းနဲ႔ ဒီလို ပယ္ဖ်က္တာဟာ ဥပေဒနဲ႔မညီေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ SNLD က ေဝဖန္လိုက္သလို ရခိုင္အမ်ိဳးသားပါတီ ANP ကလည္း ဒီေၾကညာခ်က္ေၾကာင့္ ျမန္မာျပည္ႏိုင္ငံေရး ရႈပ္ေထြးမႈဟာ ပိုမိုဆိုးဝါးလာေၾကာင္း ထုတ္ျပန္လိုက္ပါတယ္။ ရန္ကုန္ကလာတဲ့ ေ႐ြးေကာက္ပြဲရလာဒ္ပယ္ဖ်က္မႈနဲ႔ ႏိုင္ငံေရးပါတီေတြရဲ႕ အျမင္ကို ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

စစ္ေကာင္စီက ခန႔္ထားတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ျပည့္ႏွစ္ ႏိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲ ရလာဒ္ကို ပယ္ဖ်က္ေၾကာင္း ဇူလိုင္လ ၂၆ ရက္ေန႔က ေၾကညာခဲ့တာပါ။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ SNLD ရဲ႕ အေထြေထြအတြင္းေရးမႈး ဦးစိုင္းလိတ္က ဒီေၾကညာခ်က္ဟာ တရားမွ်တမႈမရွိေၾကာင္း VOA ကို အခုလိုေျပာပါတယ္။

“ အတိုခ်ဳပ္ေျပာရရင္ေတာ့ အဲလို ပ်ယ္ဖ်က္တာဟာ လုံး၀ တရားမွ်တမႈ မရွိဘူးေပါ့ေနာ္။ ေနာက္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲစာရင္းမွားတာေတြ၊ တရားမဲ့ ျပဳက်င့္တာေတြ၊ ရွိေကာင္း ရွိခဲ့ေပမဲ့လို႔ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ထြက္ေပၚလာတဲ့ မဲရလာဒ္က အမ်ားျပည္သူလူထုရဲ႕ဆႏၵကို ကိုယ္စားျပဳတယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္။ ေနာက္ ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြ၊ တရားမဲ့ ျပဳ႕က်င့္မႈေတြ ရွိခဲ့ရင္ေတာင္မွဘဲ ဥပေဒနဲ႔အညီ ခုံ႐ုံးဖြဲ႕ၿပီးမွ ေျဖရွင္း ေဆာင္႐ြက္ခြင့္ေပးရမယ္။ အခုကေတာ့ ဥပေဒအတိုင္း ေျဖရွင္းခြင့္ေတြ၊ ေလွ်ာက္လဲခြင့္ေတြ မေပးဘဲ ေ႐ြးေကာက္ပြဲ တစ္စုံလုံးကို သိမ္းႀကဳံးပယ္ဖ်က္လိုက္တာဟာ ဒါ ဥပေဒနဲ႔ မညီဘူး။ မဲေပးခဲ့တဲ့လူေတြကိုေရာ၊ ေ႐ြးေကာက္ပြဲ ဝင္ခဲ့တဲ့ ကိုယ္စားလွယ္ေတြကိုပါ ႏိုင္ထက္စီးနင္း ျပဳရာေရာက္တယ္လို႔ ျမင္တယ္။ ”

လတ္တေလာအေျခအေနမွာ ျမန္မာႏိုင္ငံဟာ ဘက္ေပါင္းစုံအက်ပ္အတည္းနဲ႔ ႀကဳံေတြ႕ေနရၿပီး စစ္အာဏာရွင္ ပေပ်ာက္ေရး ေဆာင္႐ြက္ေနသလို Covid တတိယလႈိင္းကိုလည္း တိုက္ဖ်က္ဖို႔ လိုအပ္ေနေၾကာင္း၊ ဒီႏွစ္ခုကို ေဆာင္႐ြက္ရာမွာ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအေနနဲ႔ ျပည္သူကို မ်က္ႏွာမူေဆာင္႐ြက္ေစလိုေၾကာင္းလည္း ဦးစိုင္းလိတ္က ဆက္ေျပာပါတယ္။

“ က်ရႈံးႏိုင္ငံျဖစ္ေနတဲ့ က်ေနာ္တို႔ ဗမာျပည္အတြက္ အာဏာရရွိေရးဆိုတာထက္ကို Covid ဆိုတဲ့ ဘုံရန္သူကို ဝိုင္းတိုက္ဖို႔က အားလုံးမွာ တာဝန္ရွိပါတယ္။ တဘက္မွာ က်ေနာ္တို႔ မလိုလားတဲ့ အာဏာရွင္စနစ္ ပေပ်ာက္ေရး၊ ေနာက္တစ္ဘက္မွာက ေရာဂါကင္းရွင္းပေပ်ာက္ေရးဆိုတာက တခ်ိန္တည္း တၿပိဳင္တည္း စုေပါင္းလုပ္ဖို႔ လိုအပ္ပါတယ္။ က်ေနာ္တို႔က ဘက္တစ္ခုတည္းကိုပဲ အားစိုက္လိုက္တာနဲ႔ အျခားတစ္ဘက္မွာ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြ ေျဖရွင္းလို႔ မရႏိုင္ေလာက္ေအာင္ ဝင္လာႏိုင္ပါတယ္။ အဲေတာ့ လူထု မပ်က္ဆီးဖို႔အတြက္၊ လူထု လုံးပါး မပါးဖို႔အတြက္ကို က်ေနာ္တို႔ အဓိက ထားအာ႐ုံစိုက္ၿပီး လုပ္ဖို႔ လိုအပ္ပါတယ္။ ”

SNLD ပါတီဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၂ ဦး အႏိုင္ရၿပီး တတိယမဲအမ်ားဆုံး ရတဲ့ ပါတီလည္း ျဖစ္ပါတယ္။

လက္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ၂၀၂၀ေ႐ြးေကာက္ပြဲ ရလဒ္ ပယ္ဖ်က္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေ႐ြးေကာက္ပြဲက်င္းပတဲ့ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္က မဲစာရင္းေတြကို စစ္ေဆးၾကည့္တဲ့အခါ မဲမသမာမႈ ၁၁ သန္းေက်ာ္ ေတြ႕ရွိခဲ့ေၾကာင္းနဲ႔ အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ဥပေဒ၊ နည္းဥပေဒေတြ ေဖာက္ဖ်က္တာကို ေတြ႕ရေၾကာင္းကို စာရင္း ဇယားနဲ႔ တကြ ေဖာ္ျပထားပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP ပါတီကေတာ့ ျမန္မာႏိုင္ငံဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္မွာ ႏိုင္ငံေရး ရႈပ္ေထြးမႈေတြနဲ႔အတူ အျပဳသေဘာေဆာင္တဲ့ ႏိုင္ငံေရး အေျခအေနကေန အလုံးစုံပ်က္သုဥ္းေရးဆီကို ဦးတည္ေနေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲ ရလာဒ္ကို ပယ္ဖ်က္လိုက္တာဟာ ႏိုင္ငံေရးအက်ပ္အတည္းကို ပိုမိုဆိုးဝါးသြားေစႏိုင္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီႏိုင္ငံေရးအရႈပ္အေထြး၊ အက်ပ္အတည္းေတြက လြတ္ေျမာက္ေအာင္ ျပည္သူ႔ ဆႏၵနဲ႔အညီ ႏိုင္ငံေရး အခင္းအက်င္းသစ္တစ္ရပ္ ေဖာ္ေဆာင္ေရးကိုလည္း တိုက္တြန္းထားပါတယ္။

ဒီလို ႏိုင္ငံေရးအခင္းအက်င္းသစ္ကို ေနာက္ထပ္ ေ႐ြးေကာက္ပြဲ တရပ္က်င္းပယုံနဲ႔ အေကာင္အထည္ေဖာ္ႏိုင္မွာ မဟုတ္ေၾကာင္းလည္း ANP ပါတီ ဥကၠဌ ဦးသာထြန္းလွက အခုလို ေျပာပါတယ္။

“ ျမန္မာႏိုင္ငံေရးမွာ ရႈပ္ေထြးတဲ့အေျခအေနက ပိုမိုဆိုးဝါးတဲ့အေျခအေနတစ္ခုကို ေရာက္ေနတယ္လို႔ က်ေနာ္တို႔ သုံးသပ္တယ္။ အဲဒါေၾကာင့္ ေ႐ြးေကာက္ပြဲ ေနာက္တစ္ခု လုပ္မယ္၊ မလုပ္ဘူး ဆိုတာထက္ က်ေနာ္တို႔ ဒီျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲတစ္ခု ထပ္လုပ္မယ္ဆိုရင္ တည္ၿငိမ္တဲ့ ႏိုင္ငံေရးအခင္း အက်င္းတစ္ရပ္ မျဖစ္မေန ရွိဖို႔ လိုတယ္။ ေ႐ြးေကာက္ပြဲေနာက္တစ္ခု လုပ္မယ္ ဆိုတာကေတာ့ ေလာေလာဆည္အေျခအေနမွာေတာ့ကာ လုံး၀ ျဖစ္ႏိုင္ေခ် မရွိေသးတဲ့ အေျခအေနလို႔ပဲ က်ေနာ္တို႔ အဲဒီလို သုံးသပ္တယ္။

ANP ပါတီရဲ႕ ေၾကညာခ်က္မွာ လက္ရွိ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ Covid ေရာဂါ အေျခအေနေၾကာင့္ လူသားခ်င္းစာနာတဲ့အကူအညီေတြကို အျမန္ဆုံးေဆာင္႐ြက္ေပးဖို႔၊ လက္ရွိ ျပည္သူေတြ ခံစားေနရတဲ့ စစ္ေဘးဒဏ္ေတြခ်ဳပ္ၿငိမ္းေအာင္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ ျမန္မာစစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းယူခဲ့တဲ့ေနာက္ တႏွစ္အတြင္း ေ႐ြးေကာက္ပြဲ က်င္းပေပးမယ္လို႔ ေၾကညာထားပါတယ္။ ေနာက္ပိုင္းမွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ ႏွစ္ႏွစ္အထိ ၾကာႏိုင္ေၾကာင္းလည္း ထုတ္ျပန္ ထားပါတယ္။

..........................................................................................

ရွေးကောက်ပွဲရလဒ်ပယ်ဖျက်မှုအပေါ် ရှမ်းနဲ့ရခိုင်ပါတီတွေ တုန့်ပြန်ချက်

(Unicode)

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တာဟာ တရားမျှတမှုမရှိကြောင်းနဲ့ ဒီလို ပယ်ဖျက်တာဟာ ဥပဒေနဲ့မညီကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ဝေဖန်လိုက်သလို ရခိုင်အမျိုးသားပါတီ ANP ကလည်း ဒီကြေညာချက်ကြောင့် မြန်မာပြည်နိုင်ငံရေး ရှုပ်ထွေးမှုဟာ ပိုမိုဆိုးဝါးလာကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်ကလာတဲ့ ရွေးကောက်ပွဲရလာဒ်ပယ်ဖျက်မှုနဲ့ နိုင်ငံရေးပါတီတွေရဲ့ အမြင်ကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့က ကြေညာခဲ့တာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရဲ့ အထွေထွေအတွင်းရေးမှုး ဦးစိုင်းလိတ်က ဒီကြေညာချက်ဟာ တရားမျှတမှုမရှိကြောင်း VOA ကို အခုလိုပြောပါတယ်။

“ အတိုချုပ်ပြောရရင်တော့ အဲလို ပျယ်ဖျက်တာဟာ လုံး၀ တရားမျှတမှု မရှိဘူးပေါ့နော်။ နောက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာတွေ၊ တရားမဲ့ ပြုကျင့်တာတွေ၊ ရှိကောင်း ရှိခဲ့ပေမဲ့လို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ထွက်ပေါ်လာတဲ့ မဲရလာဒ်က အများပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ ပြု့ကျင့်မှုတွေ ရှိခဲ့ရင်တောင်မှဘဲ ဥပဒေနဲ့အညီ ခုံရုံးဖွဲ့ပြီးမှ ဖြေရှင်း ဆောင်ရွက်ခွင့်ပေးရမယ်။ အခုကတော့ ဥပဒေအတိုင်း ဖြေရှင်းခွင့်တွေ၊ လျှောက်လဲခွင့်တွေ မပေးဘဲ ရွေးကောက်ပွဲ တစ်စုံလုံးကို သိမ်းကြုံးပယ်ဖျက်လိုက်တာဟာ ဒါ ဥပဒေနဲ့ မညီဘူး။ မဲပေးခဲ့တဲ့လူတွေကိုရော၊ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေကိုပါ နိုင်ထက်စီးနင်း ပြုရာရောက်တယ်လို့ မြင်တယ်။ ”

လတ်တလောအခြေအနေမှာ မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံအကျပ်အတည်းနဲ့ ကြုံတွေ့နေရပြီး စစ်အာဏာရှင် ပပျောက်ရေး ဆောင်ရွက်နေသလို Covid တတိယလှိုင်းကိုလည်း တိုက်ဖျက်ဖို့ လိုအပ်နေကြောင်း၊ ဒီနှစ်ခုကို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို မျက်နှာမူဆောင်ရွက်စေလိုကြောင်းလည်း ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

“ ကျရှုံးနိုင်ငံဖြစ်နေတဲ့ ကျနော်တို့ ဗမာပြည်အတွက် အာဏာရရှိရေးဆိုတာထက်ကို Covid ဆိုတဲ့ ဘုံရန်သူကို ဝိုင်းတိုက်ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။ တဘက်မှာ ကျနော်တို့ မလိုလားတဲ့ အာဏာရှင်စနစ် ပပျောက်ရေး၊ နောက်တစ်ဘက်မှာက ရောဂါကင်းရှင်းပပျောက်ရေးဆိုတာက တချိန်တည်း တပြိုင်တည်း စုပေါင်းလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့က ဘက်တစ်ခုတည်းကိုပဲ အားစိုက်လိုက်တာနဲ့ အခြားတစ်ဘက်မှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြေရှင်းလို့ မရနိုင်လောက်အောင် ဝင်လာနိုင်ပါတယ်။ အဲတော့ လူထု မပျက်ဆီးဖို့အတွက်၊ လူထု လုံးပါး မပါးဖို့အတွက်ကို ကျနော်တို့ အဓိက ထားအာရုံစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။ ”

SNLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦး အနိုင်ရပြီး တတိယမဲအများဆုံး ရတဲ့ ပါတီလည်း ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၂၀ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ကြောင်း ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်က မဲစာရင်းတွေကို စစ်ဆေးကြည့်တဲ့အခါ မဲမသမာမှု ၁၁ သန်းကျော် တွေ့ရှိခဲ့ကြောင်းနဲ့ အရင် ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေ၊ နည်းဥပဒေတွေ ဖောက်ဖျက်တာကို တွေ့ရကြောင်းကို စာရင်း ဇယားနဲ့ တကွ ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ပါတီကတော့ မြန်မာနိုင်ငံဟာ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့အတူ အပြုသဘောဆောင်တဲ့ နိုင်ငံရေး အခြေအနေကနေ အလုံးစုံပျက်သုဉ်းရေးဆီကို ဦးတည်နေကြောင်းနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်လိုက်တာဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးဝါးသွားစေနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီနိုင်ငံရေးအရှုပ်အထွေး၊ အကျပ်အတည်းတွေက လွတ်မြောက်အောင် ပြည်သူ့ ဆန္ဒနဲ့အညီ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ် ဖော်ဆောင်ရေးကိုလည်း တိုက်တွန်းထားပါတယ်။

ဒီလို နိုင်ငံရေးအခင်းအကျင်းသစ်ကို နောက်ထပ် ရွေးကောက်ပွဲ တရပ်ကျင်းပယုံနဲ့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်းလည်း ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက အခုလို ပြောပါတယ်။

“ မြန်မာနိုင်ငံရေးမှာ ရှုပ်ထွေးတဲ့အခြေအနေက ပိုမိုဆိုးဝါးတဲ့အခြေအနေတစ်ခုကို ရောက်နေတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ နောက်တစ်ခု လုပ်မယ်၊ မလုပ်ဘူး ဆိုတာထက် ကျနော်တို့ ဒီမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတစ်ခု ထပ်လုပ်မယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးအခင်း အကျင်းတစ်ရပ် မဖြစ်မနေ ရှိဖို့ လိုတယ်။ ရွေးကောက်ပွဲနောက်တစ်ခု လုပ်မယ် ဆိုတာကတော့ လောလောဆည်အခြေအနေမှာတော့ကာ လုံး၀ ဖြစ်နိုင်ချေ မရှိသေးတဲ့ အခြေအနေလို့ပဲ ကျနော်တို့ အဲဒီလို သုံးသပ်တယ်။

ANP ပါတီရဲ့ ကြေညာချက်မှာ လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရတဲ့ Covid ရောဂါ အခြေအနေကြောင့် လူသားချင်းစာနာတဲ့အကူအညီတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့၊ လက်ရှိ ပြည်သူတွေ ခံစားနေရတဲ့ စစ်ဘေးဒဏ်တွေချုပ်ငြိမ်းအောင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့နောက် တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နှစ်နှစ်အထိ ကြာနိုင်ကြောင်းလည်း ထုတ်ပြန် ထားပါတယ်။

Myanmar Election SNLD ANP
please wait

No media source currently available

0:00 0:04:21 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG