သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး အလုပ်လုပ်ခွင့် ကန့်သတ်မှုကြောင့် အာဖဂန်ကျန်းမာရေးလုပ်ငန်းခွင် ထိခိုက်


အာဖဂန်အမျိုးသမီးများ ကာဘူးမြို့တော်မှာ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြ၊ အောက်တိုဘာလ ၂၁၊ ၂ဝ၂၁ (ဓါတ်ပုံBULENT KILIC / AFP)
အာဖဂန်အမျိုးသမီးများ ကာဘူးမြို့တော်မှာ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြ၊ အောက်တိုဘာလ ၂၁၊ ၂ဝ၂၁ (ဓါတ်ပုံBULENT KILIC / AFP)

အမျိုးသမီး အလုပ်လုပ်ခွင့် ကန့်သတ်မှုကြောင့် အာဖဂန်ကျန်းမာရေးလုပ်ငန်းခွင် ထိခိုက်

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အမျိုးသမီးတွေအလုပ်လုပ်ခွင့်ကို ကန့်သတ်ထားတာကြောင့် နိုင်ငံတွင်း လိုအပ်နေသူတွေအတွက် ကျန်းမာရေးအပါအဝင် အကူအညီပေးရေးတွေကို ထိခိုက်စေတယ်လို့ Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။

အာဖဂန်နိုင်ငံတွင်းက ပြည်နယ်ပေါင်း ၃၄ ခုမှာ အများစုက အမျိုးသမီးအကူလုပ်သားတွေအတွက် မိသားစုဝင် အမျိုးသား တယောက်ယောက်ပါမှ အလုပ်လုပ်ခွင့်ပေးထားတာဖြစ်ပြီး ပြည်နယ် ၃ ခုအတွက်သာ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့် ပေးထားတာပါ။ အခုလို စောင့်ကြပ်သူ တယောက်ယောက်ပါမှ အလုပ်လုပ်ခွင့် ပေးထားတာဟာ အမျိုးသမီး အများစုအတွက် အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေနေဖြစ်လာတယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။

အလုပ်လုပ်ခွင့်ရှိတဲ့ အမျိုးသမီးတွေ အတွက်လည်း ကျန်းမာရေးနဲ့ ပညာရေး အစီစဉ်တွေကို တက်ရောက်ခွင့်မရှိပဲ ကန့်သတ်ထားမှုတွေ မကြာမကြာတွေ့နေရတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရုံးတွေမှာ အမျိုးသမီးနဲ့ အမျိုးသားတွေကို သီးသန့်ခွဲ ထားတာ ဖြစ်ပြီး ဒါဟာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေမှာအမျိုးသမီးတွေ မပါဝင်နိုင်အောင် လုပ်နိုင်တဲ့ အနေထား ဖြစ်နေတာပါ။ အခုလို အမျိုးသမီး အကူလုပ်သားတွေ နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို တရားဝင်စာရေးသား ထုတ်ပြန်ပေးတာမျိုး သိပ်မတွေ့ရပဲ ပြည်နယ် ၅ ခုမှအပ ကျန်ပြည်နယ်တွေကတော့ နုတ်မိန့်တွေပဲထုတ်ပြန်ကြတယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။

တာလီဘန်တွေ အနေနဲ့ အကူလုပ်သားအားလုံးကို ကျားမမခွဲပဲ သူတို့တာဝန်သူတို့ ထမ်းဆောင်ခွင့်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


......................................


{{Unicode}}





XS
SM
MD
LG