သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးအစားထိုးမည့်သတင်း သမ္မတ Trump ပယ်ချ


နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ဖယ်ရှားဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းတုတွေဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။

"ကျနော်က Rex Tillerson ကို ထုတ်ပစ်တော့မယ်၊ ဒါမှမဟုတ် မကြာခင် သူ နုတ်ထွက်တော့မယ်လို့ မီဒီယာတွေက ခန့်မှန်း ပြော နေကြပါတယ်၊ သတင်းတုတွေပါ၊ သူ ထွက်မှမဟုတ်ပါဘူး၊ တချို့ကိစ္စတွေမှာ ကျနော်တို့ သဘောမတူပေမဲ့ နောက်ဆုံး ဆုံးဖြတ် တာက ကျနော်ပါ၊ ကျနော်တို့ ကောင်းကောင်း လက်တွဲလုပ်နေပြီး အမေရိကန်ဟာ အထူးပဲ လေးစားသမှုပြန်ရနေပါပြီလို့ သောကြာနေ့မှာ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။"

လာမယ့် သီတင်းပတ်တွေအတွင်း ဝန်ကြီး Tillerson နေရာမှာ CIA အကြီးအကဲ Mike Pompeo ကို သမ္မတက အစားထိုး ခန့်ထားနိုင်ခြေရှိတယ်လို့ အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေကို ကိုးကားပြီး ကြာသပတေးနေ့မှာ သတင်းမီဒီယာတွေက ပြောကြတာပါ။ အဲဒီသတင်းတွေကို သမ္မတအိမ်ဖြူတော်ကရော နိုင်ငံခြားရေးဌာနကပါ ငြင်းထားပါတယ်။

သောကြာနေ့အစောပိုင်းတုန်းက လစ်ဗျားဝန်ကြီးချုပ် Fayez al-Sarraj ကို ဝန်ကြီး Tillerson က နိုင်ငံခြားရေးဌာနမှာ ကြိုဆိုချိန် အတွင်း သူ့ကိုရာထူးကနေဖယ်ရှားမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ မေးတဲ့အခါ ဝန်ကြီး Tillerson က အဲဒါ ရီစရာပဲ လို့ နှစ်ကြိမ် ပြန်ဖြေသွားပါတယ်။

ဝန်ကြီး Tillerson ဟာ သောကြာနေ့က လစ်ဗျားဝန်ကြီးချုပ်နဲ့ တွေ့ပြီးတဲ့နောက် သမ္မတ ထရမ့်ပ်၊ ကာကွယ်ရေးဝန်ကြီး Jim Mattis တို့နဲ့ သမ္မတအိမ်ဖြူတော်မှာ နေ့လည်စာ အတူစားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအစားထိုးမည့်သတင်း သမ္မတ Trump ပယ်ချ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG