သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မြန်မာစစ်တပ်မှာ တာဝန်ရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော


မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပြောကြား
မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပြောကြား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေအပေါ် အမေရိကန် အနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကမ္ဘာကြီးအနေနဲ့ လက်ပိုက် ကြည့်နေလို့ မဖြစ်နိုင်ကြောင်းနဲ့ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ကြောင်းလည်း ဝါရှင်တန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ကဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကာစ မြန်မာနိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လမ်းကြောင်းကို လိုက်မလဲဆိုတာ ရွေးချယ်ရမယ့်အချိန်ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson က ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ဝင်တွေ ဥပဒေ ချိုးဖောက်ခဲ့မှု ရှိမရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်အရေး မြန်မာစစ်တပ်မှာ တာဝန်ရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်


ရခိုင်အရေး မြန်မာစစ်တပ်မှာ တာဝန်ရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG