သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပညာရှင် Richard Thaler စီးပွားရေးနိုဘဲလ်ဆု ချီးမြင့်ခံရ


Richard Thaler
Richard Thaler

Alfred Nobel အမှတ်တရ အဖြစ် ချီးမြှင့်တဲ့ စီးပွားရေး သိပ္ပံဆိုင်ရာ Sveriges Riksbank ဆု ဖြစ်တဲ့ ၂၀၁၇ ခုနှစ် အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန် နိုင်ငံသား Richard H. Thaler ကို ချီးမြှင့်လိုက်ပါတယ်။

အမူအကျင့်ဆိုင်ရာ စီးပွားရေး ပညာရပ်ဆိုင်ရာမှာ သူ့ရဲ့ ဆောင်ရွက်ချက် အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ပြောဆိုပါတယ်။ ဆင်ခြင်တုံတရား အကန့်အသတ်၊ တဦးချင်း အကြိုက်တွေနဲ့ ချုပ်တည်းနိုင်ခြင်း မရှိတာတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို စူးစမ်းဖော်ထုတ်ပြီး လူသားတွေရဲ့ အမူအကျင့်တွေက တဦးချင်းရဲ့ ဆုံးဖြတ်ချက်တွေ နောက် ဈေးကွက် အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိနေသလဲ ဆိုတာကို ပါမောက္ခ Thaler က ဖော်ထုတ် ပြသခဲ့တယ်လို့ ဆွီဒင်သိပ္ပံ အသင်းကြီးက ပြောဆိုထားပါတယ်။

နယူးဂျာစီးပြည်နယ် East Orange မှာ ၁၉၄၅ ခုနှစ်က မွေးဖွားခဲ့သူ Richard H. Thaler က နယူးယောက် Rochester တက္ကသိုလ်ကနေ ၁၉၇၄ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့သူပါ။ အီလီနွိုက် ပြည်နယ် Chicago တက္ကသိုလ် Booth School of Business ရဲ့ အပြုအမူဆိုင်ရာ သိပ္ပံနဲ့ စီးပွားရေးပညာ ဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်။ တော်ဝင်ဆွီဒင် သိပ္ပံအသင်းကြီးက ဒီကနေ့ တနလာၤနေ့မှာ ကြေညာလိုက်တဲ့ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုအတွက်တော့ ဆုကြေးက ဒေါ်လာ ၁ သန်း ၁ သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG