သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း ဝမ်းရောဂါကာကွယ်ရေး


ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာကလေးများ
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာကလေးများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသမှာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေကို စနေနေ့က ကာလဝမ်းရောဂါ ကာကွယ်ဆေး ဒုတိယအဆင့် တိုက်ကျွေး ခဲ့ပါတယ်။ ဂျီနီဗာကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အသက် ၁ နှစ်ကနေ ၅ နှစ်ကြား ကလေးငယ် ၁၈၀,၀၀၀ နီးပါးကို ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့လုပ်ငန်း ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးစီး လုပ်ဆောင် တာပါ။ ထပ်ဖြည့်ကာကွယ်ရေးအနေနဲ့ နောက်တကြိမ်ထပ်ပြီး ကာကွယ်ဆေး တိုက်ဦးမှာပါ။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကာကွယ်ဆေးတိုက်လုပ်ငန်း စတင်ခဲ့ချိန်က ပထမဆုံး တကြိမ် ကာကွယ်ဆေးကို ကလေးတွေ သောက်ခဲ့ရပါတယ်။ အဲဒီအချိန်က အသက် တနှစ်အထက် လူပေါင်း ၇၀၀,၀၀၀ ကျော်ကို ကာကွယ်ဆေး တိုက်ခဲ့တာပါ။

ဆိုးရွားတဲ့ ပိုလီယိုရောဂါကနေ ကာကွယ်ဖို့အတွက် အသက်ငါးနှစ်အရွယ်ထိ ကလေး ငယ်တွေကို ရောဂါကာကွယ်ဆေး တိုက်ကျွေးဦးမှာဖြစ်တယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic ကပြောပါတယ်။

ခုချိန်ထိတော့ ကာလဝမ်းရောဂါဖြစ်တယ်လို့ အတည်ပြုထားတဲ့ဖြစ်ရပ်မျိုး မရှိသေးဘူးလို့ သူကပြောပါတယ်။

“ဒါပေမဲ့ အန္တရာယ်ရှိနေတာကြောင့် အခုလို ကာကွယ်ဆေးတိုက်တာပါ။ ပြီးတော့ ဝန်ကြီး ဌာနနဲ့ပေါင်းပြီး သောက်ရေ အရည်အသွေး စောင့်ကြည့်လေ့လာတဲ့ ဓာတ်ခွဲခန်းတခုကို WHO ကဖွင့်ထားပါတယ်။ ဒုက္ခသည်စခန်းအမျိုးမျိုးက ရယူခဲ့တဲ့ သောက်ရေ နမူနာ အမျိုးမျိုးကို သတ်မှတ်ကာလအတွင်း ဓာတ်ခွဲစမ်းသပ်တာမှာ ၁၇% ပဲ ဘင်္ဂလားဒေ့ရှ်နဲ့ WHO ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတာကို ရလာဒ်တွေမှာ တွ့ရပါတယ်။”

သြဂုတ်လနှောင်းပိုင်းကတည်းကနေဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက် အခြေအနေတွေ ကနေ ထွက်ပြေးပြီး Cox’s Bazar ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက် ဟာ ၆၀၀,၀၀၀ ကျော်သွားပါပြီ။ သူတို့တွေဟာ ပြည့်ကျပ် ညစ်ပတ်ပြီး သန့်ရှင်းမှု မရှိတဲ့ ဖြစ်သလိုဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြရတာကြောင့် ကာလဝမ်းရောဂါနဲ့ တခြားရောဂါပိုးတွေဖြစ်နိုင်တဲ့ တကယ့် အခြေအနေမှာ ရောက်နေကြတာပါ။

ပြင်းထန်တဲ့ ဝမ်းရည်သွားရောဂါ ပြန့်နှံ့ ဖြစ်ထားဖူးတယ်လို့ Jasarevic ကပြောပါတယ်။ လက်ရှိမှာတော့ ဓာတ်ခွဲစမ်းသပ်မှု တခု မှာမှ ကာလဝမ်းရောဂါဖြစ်တာ မတွေ့ရသေး ပါဘူး။ အစိုးရိမ်ရဆုံး ကျန်းမာရေးအန္တရာယ်တွေကတော့ အသက်ရှုလမ်းကြောင်းမှာ ပြင်းထန်တဲ့ ပိုးဝင်ရောက်မှုတွေနဲ့ ဝက်သက်ရောဂါတို့ပဲဖြစ်တယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic ကပြောပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG