သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နယ်စပ် လှေနစ်မြုပ်မှုကြောင့် ရိုဟင်ဂျာ ၄ ဦး သေဆုံး


လှေနှင့်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ( စက်တင်ဘာ ၂ ရက် ၂၀၁၇ )
လှေနှင့်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ( စက်တင်ဘာ ၂ ရက် ၂၀၁၇ )

ဘင်္ဂလားဒေရှ့် ကမ်းလွန်မှာ မြန်မာဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဒါဇင်နဲ့ချီ လိုက်ပါလာတဲ့ သစ်သား ငါးဖမ်းလှေငယ် တစင်း ဒီကနေ့ အင်္ဂါနေ့မှာ မှောက်ခဲ့တာကြောင့် ၄ ဦး သေဆုံးရကြောင်း ရဲက ပြောပါတယ်။

ကလေးငယ် နှစ်ဦး၊ အမျိုးသမီး တဦးနဲ့ အမျိုးသား တဦးတို့ သေဆုံးခဲ့ရတာလို့ ရဲက ပြောတာပါ။ လှေမှောက်မှုကနေ လူ ၃၇ ဦးကို ကယ်တင်ခဲ့နိုင်ပြီး ၁၁ ဦးကိုတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရကြောင်း Ukhiya ရဲဌာနရဲ့ အကြီးအကဲ Mohammad Abul Khair က ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို ရောက်ဖို့ အတွက် တဦးကို ၅ သောင်းကျပ် ပေးခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

သြဂုတ်လကုန်ပိုင်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေ အများစု နေထိုင်ရာ ဒေသတွင်း အကြမ်းဖက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာသူ ၆ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးကြရင်း လှေမှောက်တာကြောင့် သေဆုံးသူက အနည်းဆုံး ၁၉၀ လောက်အထိ ရှိလာပြီး အများစုက ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေရှ့်ဘက် လှေတွေနဲ့ ကူးလာနိုင်အောင် တဆင့်ခံ ဆောင်ရွက်ပေးမှုနဲ့ လူပေါင်း ၄၆၉ ဦးကို ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က ဖမ်းဆီးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG