သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဆွေးနွေးဖြေရှင်းဖို့ ကန်လိုလားပေမဲ့ အရေးယူူဖို့လဲ အလားအလာရှိ


ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ အမေရိကန်ပြည်ထောင်စုက လိုလားပါတယ်။ ဒါပေမယ့် လိုအပ်ရင် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်ပြီး ဖိအားပေးဖို့ကိုလည်း စဉ်းစား ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

လူသားတွေ အတိဒုက္ခရောက်နေကြရတဲ့ အရေးအခင်းကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရေးက ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်ပြီး ညှိနှိုင်းအဖြေရှာလို့ မရနိုင်ဘူးဆိုရင်တော့ ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ ရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယဝန်ကြီး Thomas Shannon က ပြောပါတယ်။

ကျနော်တို့မှာ ဒဏ်ခတ်အရေးယူမှုနည်းလမ်းတွေ အများအပြားရှိကြောင်း အဲဒီထဲကနေ ဘယ်နည်းနဲ့ အရေးယူရမယ် ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒါဟာ ကျယ်ပြန့်တဲ့ ဖိအားပေးမှုတွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ဒုဝန်ကြီး Shannon က ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဒက္ကာမြို့မှာ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာတော့ ပြဿနာကို အဖြေရှာဖို့သာဖြစ်ကြောင်းနဲ့ အရေးယူအပြစ်ပေးဖို့ မဟုတ်ကြောင်း ပြောပါတယ်။

ရိုဟင်ဂျာလူနည်းစုတွေအပေါ် နိုင်လိုမင်းထက် ပြုမူဆက်ဆံနေမှုတွေ အဆုံးသပ်သွားအောင် မြန်မာစစ်တပ် အပေါ် ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်တွေက အစိုးရကို တောင်းဆိုခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အခုလို ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG