သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး ကန်လက်ထောက်ဝန်ကြီးပြောကြား

ဘင်္ဂလား-မြန်မာနယ်စပ်ကို ဖြတ်ကျော်လာသည့် ဒုက္ခသည်တွေကို Cox's Bazar နားက Palong Khali မှာ မြင်တွေ့ရစဉ် (Nov. 3, 2017)
ဘင်္ဂလား-မြန်မာနယ်စပ်ကို ဖြတ်ကျော်လာသည့် ဒုက္ခသည်တွေကို Cox's Bazar နားက Palong Khali မှာ မြင်တွေ့ရစဉ် (Nov. 3, 2017)

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ မြန်မာနိုင်ငံက သူတို့ရဲ့ နေအိမ်တွေကို ပြန်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စု လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Simon Henshaw က စနေနေ့ Dhaka မြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမေရိကန်က ဆက်လက်ပံ့ပိုးပေမှာ ဖြစ်ကြောင်း လည်း မစ္စတာ Henshaw က ပြောပါတယ်။ သူတို့ နေအိမ်တွေ ပြန်နိုင်အောင် လုံခြုံပြီး တည်ငြိမ်တဲ့ ဝန်းကျင် ဖြစ်အောင် မြန်မာ ဘက်က တာဝန်ယူဖို့လည်း ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့ ARSA အကြမ်းဖက်သမားတွေ တိုက်ခိုက် တာကို ခံခဲ့ရအပြီး စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသူက ၆ သိန်းကျော် ရှိနေပါပြီ။သောကြာနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ မစ္စတာ Henshaw က ဒီပြဿနာဟာ သိပ်ရှုပ်ထွေးတဲ့ ပြဿနာတရပ် ဖြစ်တာမို့ ဒီပြဿနာ ဖြေရှင်းနိုင်ရေး အတွက် ဆွေးနွေးအဖြေရှာဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက် အားပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာဘက်က တာဝန်ယူရမှာ ဖြစ်ပြီး အမေရိကန် အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်မှု ရှိစေဖို့ အမြန်ဆုံး ကြိုးစားစေချင်တယ်လို့ ပြောပါတယ်။ ဒီဒုက္ခသည်တွေကို ထောက်ပံ့ကူညီနေတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကို ထိပ်တန်းအာရုံစိုက်တဲ့ အရေးအဖြစ် အမေရိကန် နိုင်ငံခြားရေး ဌာနကသာမက သမ္မတ အိမ်ဖြူကလည်း သဘောထားကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပြီး ဒီဒုက္ခသည်တွေ သိက္ခာရှိရှိနဲ့ လိုလိုလားလား အိမ်ပြန်နိုင်ဖို့ အမေရိကန်အစိုးရက လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး ကန်လက်ထောက်ဝန်ကြီးပြောကြား
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG