သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် တနင်္လာနေ့ ဆွေးနွေးမည်


ရိုဟင်ဂျာ မူဆလင်တွေ ပြန်လည် လက်ခံရေး အသေးစိတ်ဆောင်ရွက်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့ မနက်ဖြန် တနလာင်္နေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဘက် တာဝန်ရှိသူတွေ ပါဝင်မယ့် အကောင်အထည်ဖော်ရေး အဖွဲ့ဖွဲ့စည်းဖို့ ရှိနေပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာ သတင်းက အခုလို ဖော်ပြတာပါ။

ဖြေရှင်းဖွယ် ကိစ္စတွေရှိနေသေးကြောင်းနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ထဲက ပထမ အသုတ် ဌာနေ ပြန်နိုင်မယ့် အချိန်နဲ့ ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတဲ့ ဘင်္ဂလားဒေရှ့် အကြီးတန်း တာဝန်ရှိသူ နှစ်ဦးက ပြောပါတယ်။

ဒုက္ခသည်တွေကို နှစ်ဘက် ပူးတွဲ စိစစ်ရေး ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကလည်း ဖြေရှင်းရမယ့် အဓိက အချက်တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။ အဖွဲ့ဝင် ၁၄ ဦးပါ ဘင်္ဂလားဒေရှ့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မယ့် နိုင်ငံခြားရေး ၀န်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူ Shahidul Haque ကတော့ ဒုက္ခသည်တွေ ဌာနေပြန်ရာမှာ အဆင်ပြေစေမယ့် အခင်းအကျင်းမျိုး ဖန်တီးပေးရေးက စိန်ခေါ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးခဲ့ကြတဲ့ ဟိန္ဒူ ၅၀၀ ကို မြန်မာဘက်က အဆိုပြုထားပြီး ဌာနေပြန်ရေး အတွက် လည်း သဘောတူထားပြီး ဖြစ်ကြောင်း၊ သူတို့နဲ့ အတူ မူဆလင် ၅၀၀ လည်း ပထမ အသုတ် ဌာနေ ပြန်လာမယ့်သူတွေထဲမှာ ပါလာနိုင်ကြောင်း မြန်မာ အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုပါတယ်။ အကောင်း အဆိုး အတွေ့အကြုံတွေကို လေ့လာနိုင်မှာ ဖြစ်တဲ့ အတွက် ပထမဆုံး ဌာနေပြန်ရေး လုပ်ငန်းစဉ်က အရေးကြီးကြောင်းလည်း ဦးဇော်ဌေးက ထပ်လောင်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG