သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့ တရုတ်သံအမတ် ဆွေးနွေး


ရိုဟင်ဂျာအရေးကိစ္စကို ဖြေရှင်းဖို့အတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေ အတူတကွ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မမင်ကွင်း က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကျနော်တို့အနေနဲ့လည်း ရိုဟင်ဂျာပြဿနာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်ဆိုတဲ့ ကျနော်တို့ရဲ့ သံဓိဌာန်ကို ပြောထားပြီးပါပြီ။ ဒီကိစ္စကို အစောလျှင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သံအမတ်ကြီးက ပြောပါတယ်။

စီးပွားဆက်ဆံရေးဌာနမှာ ကျင်းပတဲ့ တရုတ်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ပံ့တဲ့ မီးသတ်ပစ္စည်းတွေအတွက် စာရွက်စာတမ်းတွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းနားမှာ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေ တိုင်းပြည်တွေ ဖြစ်ကြပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ညီအကို နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် တို့က တာဝန်ရှိသူတွေ အတူတူထိုင်ပြီး ဒီပြဿနာကိုဖြေရှင်းကြရပါလိမ့်မယ်။ ဆွေးနွေးမှုကနေ မြင်သာတဲ့ တိုးတက်မှုတချို့ ရှိတယ်ဆိုတာကို ကျနော်တွေ့နေရပါတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG