သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒုက္ခသည်ပြန်ပို့ရေးကိစ္စ ဆွေးနွေး


ဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဦးလွင်ဦးဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေးအပါအဝင် နှစ် နိုင်ငံကြားကိစ္စရပ်မျိုးစုံကို ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

တွေ့ဆုံပွဲအပြီး သတင်းထောက်တွေက မေးမြန်းရာမှာ သံအမတ်ကြီး ဦးလွင်ဦးက နှစ် နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေးခိုင်မာ တိုးတက်စေဖို့ အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကတော့ သံအမတ်ကြီးဦးလွင်ဦးနဲ့ တွေ့ဆုံပွဲမှာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ ၂ နိုင်ငံ သဘောတူညီချက်ကို ချောချောမောမော အကောင်ထည်ဖော်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တချိန်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီးကြီး ၃ ဦးဖြစ်တဲ့ အီရန်က Shirin Ebadi ၊ ယီမင်က Tawakkol Karman နဲ့ မြောက်အိုင်ယာလန်က Mairead Maguire တို့ဟာ Cox’s Bazar က ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်ရေးအဖွဲ့အစည်းတွေ၊ သံတမန်တွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်ကြောင်း အမျိုးသမီး နိုဘယ်လ် ဆုရှင်များအဖွဲ့ကကြေညာချက် ထုတ်ပြန်ပါတယ်။

တပတ်ကြာလာရောက်မယ့် သူတို့အဖွဲ့ဟာ ရိုဟင်ဂျာအမျိုးသမီးများအရေးနဲ့ ပတ်သက်ပြီး အတူရပ်တည်တာကို ပြသဖို့ လာရောက်တာဖြစ်ကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG