သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာကိုရောက်ရှိ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်တကောင်းမြို့မှာ ဆိုက်ကပ်လာတဲ့ မလေးရှားအကူအညီထောက်ပံ့ရေးသင်္ဘေောပေါ်က ဆင်းလာတဲ့ ဘင်္ဂလားဒေ့ရှ် ရေတပ်အဖွဲ့ဝင်တဦး (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်တကောင်းမြို့မှာ ဆိုက်ကပ်လာတဲ့ မလေးရှားအကူအညီထောက်ပံ့ရေးသင်္ဘေောပေါ်က ဆင်းလာတဲ့ ဘင်္ဂလားဒေ့ရှ် ရေတပ်အဖွဲ့ဝင်တဦး (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်အဆင့်မြင့် ရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရေတပ်နဲ့ ၃ ရက်ကြာဆွေးနွေးဖို့ မြန်မာနိုင်ငံကိုရောက်ရှိသွားကြပြီလို့ ဒက္ကာထရီဗြွန်း (Dhaka Tribune) သတင်းစာက ပြောပါတယ်။

အစည်းအဝေးကို ကြာသပတေးကနေ တနင်္ဂနွေနေ့အထိကျင်းပမှာဖြစ်ပြီး နှစ်နိုင်ငံ ရေတပ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံအကျိုးစီးပွါးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ရေတပ်သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒက္ကာထရီဗြွန်းက ဆိုပါတယ်။

တနှစ်နှစ်ကြိမ်လုပ်လေ့ရှိတဲ့အစည်းအဝေးကို သွားကြတာဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး အဘူ ဟေဒါး မိုဟာမက် ရာရှီလူဇ်ဇာမန် (Abu Hayder Mohammad Rasheluzzaman) က ဒက္ကာ ထရီဗြွန်းကို ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် ရေတပ်မှာလည်းတာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီ ကို တရားဝင် အသိအမှတ်ပြုရာရောက်ပြီး ရာဇဝတ်မှုတွေ ပိုကျူးလွန်အောင် အတင့်ရဲလာစေလိမ့်မယ်လို့ Justice For Myanmar အဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ဝေဖန်ပါတယ်။

စစ်တပ်ချင်းဆက်ဆံရေး ကိုရပ်ဆိုင်းပြီး မြန်မာပြည်သူတွေ ရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတိုက်ပွဲ ကိုထောက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG