သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး ကုလကျွမ်းကျင်သူအဖွဲ့ရခိုင်သွားမည်


ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို အဆုံးမှာ မူရင်းနေရာတွေကိုပြန်ပို့ရေး ရည်ရွယ်ပြီး လုပ်ငန်း စတင်ရေး ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကိုစေလွှတ်ဖို့ ကုလသမဂ္ဂက ပြင်ဆင်နေပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ UNDP ရဲ့ ဒေသဆိုင်ရာအကြီးအကဲက ကြာသပတေးနေ့မှာပြောပါတယ်။

ဒုက္ခသည်တွေကို ပြန်ပို့ရေးဆိုင်ရာလုပ်ငန်းအတွက် UNDP ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နဲ့ မြန်မာ အစိုးရတို့အကြား မေလကုန်မှာ နားလည်မှုစာချွန်လွှာ MoU တရပ်ကို လက်မှတ်ရေးထိုးထားတာပါ။

ကုလသမဂ္ဂ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲပေမယ့်လည်း မြန်မာအစိုးရဘက်ကတော့ အဲဒီခေါ်ဆိုချက်ကို အသိအမှတ်မပြုပါဘူး။

၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းကဆိုရင် ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂတာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့ တဲ့သီတင်းပတ်က လွတ်လွတ်လပ်လပ် သွားလာခွင့်ရတယ်လို့ UNDP ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Haoliang Xu ကပြောပါတယ်။

ဒါပေမဲ့ လက်တွေ့ ဆန်းစစ်မှုတွေကို မစခင်မှာ ကနဦး လုပ်ငန်းအစီအစဉ်တရပ်ကို အစိုးရနဲ့ ညှိနှိုင်းချမှတ်ဖို့ လိုသေးတယ်လို့ ရန်ကုန်မြို့မှာလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာ Xu က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

“သိပ်ကိုအလျင်အမြန်လုပ်ဖို့ လိုနေပြီဆိုတဲ့အသိနဲ့ ကျနော်တို့ လုပ်နေတယ်လို့ ပြောနိုင်ပါတယ်။ တပြိုင်တည်းမှာ အဖွဲ့တွေကို လွှတ်ဖို့လည်း ကျနော်တို့ ပြင်ဆင်နေပါတယ်” လို့ မစ္စတာ Xu ကပြောပါတယ်။

အခုသွားမယ့် ကုလသမဂ္ဂအဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာနဲ့ တခြားဒေသခံ ၂၀၀,၀၀၀ ကျော်တို့ ရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်မယ်လို့ UNDP ဒေသဆိုင်ရာတာဝန်ရှိသူ Haoliang Xu ကပြောပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး ကုလကျွမ်းကျင်သူအဖွဲ့ရခိုင်သွားမည်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG