သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြန်ပို့ရေး အထွေထွေညီလာခံမှာ ကန်ဆွေးနွေးမည်


ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာပြန်ပို့နိုင်ရေး ဘယ်လိုလုပ်ရမယ်ဆိုတာကို နည်းလမ်းရှာဖို့ အခုကျင်းပမယ့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ တင်ပြမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားလိုက်ပါတယ်။

“ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာ ဘယ်လို ပြန်ပို့နိုင်ဖို့ လုပ်နိုင်မလဲ ဆိုတာကို ကျမတို့နည်းလမ်းရှာ ကြရမှာပါ။ ရိုဟင်ဂျာ ပြဿနာအတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ လုံလောက်မှုမရှိဘူးလို့ ကျမရဲ့ အမြင်ကို ပြောခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ကလည်း သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို လက်ခံမယ်လို့ ကျမ မထင်ပါဘူး။ သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချခဲ့တယ်ဆိုတဲ့ ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မူအားဖြင့် လက်ခံထားတာကလည်း တကယ့်ပြဿနာပါ။ ဒါ့ကြောင့် ကျမတို့မှာ လောလောဆယ်မှာတော့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်မှုဆိုင်ရာ ပြဿနာရှိနေပါတယ်။ သူတို့ပြောနေတာတွေကို ဘယ်သူကမှ နားမလည်သလို ကျမတို့ပြောနေတာတွေ ကိုလည်း သူတို့ မကြားကြပါဘူး။”

အခုကျင်းပမယ့် ကုလအထွေထွေညီလာခံမှာ အမေရိကန်ဘက်က ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြာသပတေးနေ့က သတင်းထောက်တွေကို သံအမတ်ကြီး Haley က ပြောကြား ခဲ့တာဖြစ်ပြီး အခုအချိန်ဟာ ရိုဟင်ဂျာအရေးက ထိပ်တန်းအရေးတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံ ကမကထလုပ်မယ့် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို သူတက်ရောက်မှာ ဖြစ်ကြောင်းနဲ့ ဒီဆွေးနွေးပွဲဟာ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ဘာတွေ လုပ်ဆောင်ကြမယ် ဆိုတာကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံတကာက ကုလသမဂ္ဂ ဆိုင်ရာ တခြားသံအမတ်ကြီးတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG