သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါဝင်ရေး ကုလအချက်အလက် ရှာဖွေရေးအဖွဲ့တိုက်တွန်း


သြဇာကြီးတဲ့ မြန်မာ စစ်တပ် အနေနဲ့ နိုင်ငံရေးကနေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ မူဆလင် လူနည်းစု အပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် စစ်တပ် တာဝန်ရှိသူတချို့ကို တရားစွဲဆိုနိုင်ရေး တောင်းဆိုထားတဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာမှာ အခုလို ပြောဆိုထားတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်မှုကို အလုံးစုံ ပြင်ဆင်ရမှာ ဖြစ်ပြီး နိုင်ငံ အုပ်ချုပ်ရေးမှာ ထပ် မပါသင့်တော့ဘူးလို့ စာမျက်နှာ ၄၀၀ ကျော်ပါ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ဖော်ပြတာပါ။ မြန်မာနိုင်ငံရေးကနေ တပ်မတော်ကို ဖယ်ထုတ်နိုင်ရေး အရပ်ဘက် ခေါင်းဆောင်ပိုင်းက ဆောင်ရွက်ရမယ်လို့လည်း အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု အတွက် မြန်မာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် စစ်တပ် ထိပ်တန်း တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး အတွက် ဆောင်ရွက်ကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းထားတာပါ။

မြန်မာစစ်တပ်ဘက်ကတော့ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ လုံခြုံရေး စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေကို ရှင်းလင်းတာသာ ဖြစ်တယ်လို့ မြန်မာ စစ်တပ်ဘက်က ပြောဆိုထားတာပါ။ ဒါပေမယ့် ကုလ စုံစမ်းရေးမှူးတွေကတော့ လိုအပ်တဲ့ အတိုင်းအတာထက် စစ်တပ်ဘက်က အင်အား အလွန်အကျွံသုံးခဲ့တယ်လို့ ထောက်ပြထားပါတယ်။ မြန်မာ့ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းဖို့၊ လက်ရှိ ခေါင်းဆောင်မှုကို ပြောင်းလဲရေးနဲ့ ဒီလုပ်ငန်းစဉ်ကို စဖို့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက ပြောဆိုထားပါတယ်။ အရပ်ဘက် အာဏာပိုင်တွေ အနေနဲ့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ အပေါ် သြဇာမညောင်းဘူးဆိုတာကိုလည်း ကုလ အစီရင်ခံစာမှာ အသိအမှတ်ပြုထားထားသလိုဘဲ သူတို့ရဲ့ လုပ်ရပ်နဲ့ ပျက်ကွက်မှုတွေက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို အထောက်အပံ့ ဖြစ်စေတယ်လို့လည်း ပြောဆိုထားပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာကိုလည်း ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG