သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်မေ့ဘွယ်နေ့ဂုဏ်ပြုတဲ့ Rolling Thunder အဖွဲ့


အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ဟာ အမေရိကန်စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဘွယ်နေ့ဖြစ်ပြီး၊ ဒီကနေ့မှာတော့သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Rolling Thunder လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်အဖွဲ့ဟာ မြို့တော်ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်ကြီးတဝိုက်မှာ လှည့်လည်မောင်းနှင်ပြီး ချီတက်ကြမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတဝှမ်းက မော်တော်ဆိုင်ကယ်သမားတွေဟာ ဝါရှင်တန်ဒီစီကို ဒီကနေ့မှာ လာရောက်ပြီးတော့ စစ်မှုထမ်းတွေကို ဂုဏ်ပြုတာဖြစ်ပြီး၊ ဒီကနေ့မှာတော့ နောက်ဆုံးကြိမ်အဖြစ်နဲ့ ဂုဏ်ပြုမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတဝှမ်းက မော်တော်ဆိုင်ကယ်သမားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အခုလိုမျိုး မြို့တော်ဝါရှင်တန်ကို လာပြီး ဂုဏ်ပြုခဲ့ကြတာဖြစ်ပြီး၊ ဒါကလည်း အောက်မေ့ဘွယ်နေ့အခမ်းအနားရဲ့ အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီ Rolling Thunder’s Ride for Freedom လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်ကိုတော့ အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်စဉ်အတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လူတွေသိလာအောင်လုပ်တဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Artie Miller ကတော့ သူတို့အနေနဲ့ နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ဘွယ်နေ့အခမ်းအနားစီစဉ်တဲ့နေရာမှာ အမေရိကန်ပန်တာဂွန်စစ်ဌာနချုပ် နဲ့ ဆက်ဆံလုပ်ဆောင်ရတာတွေကို စိတ်ပျက်လာမိတယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ ခွင့်ပြုချက်ပါမစ်အတွက် ဈေးတွေ မတန်တဆပေးခဲ့ရပေမယ့်၊ သူတို့ကို ငွေကြေးမတည်သူတွေ၊ ဈေးသည်တွေ နဲ့ ဆိုင်ကယ်သမားတွေဟာ မနှစ်က ဆိုင်ကယ်ရပ်နားဖို့ နေရာတွေကို ဝင်ခွင့်မရခဲ့ဘူးလို့ သူကပြောပါတယ်။

Rolling Thunder အဖွ့ဲကတော့ လာမယ့် ၂၀၂၀ မှာ သူတို့ရဲ့ သက်ဆိုင်ရာဒေသဌာနခွဲ ၉၀ ကို ကိုယ့်နေရာနဲ့ကိုယ်တခုချင်းစီအလိုက် အောက်မေ့ဘွယ်အခမ်းအနားကျင်းပကြဖို့ကို ပြောကြားလိုက်ပါတယ်။ ဒါကြောင့် Rolling Thunder အဖွဲ့ရဲ့ အောက်မေ့ဘွယ်နေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်တွေကတော့ သူ့နေရာနဲ့ သူဆက်ပြီး ရှိနေအုံးမှာဖြစ်တယ်လို့ Miller က ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရတော့ - အမေရိကန်စစ်ဘက်တာဝန်ရှိသူ ၈၃၀၀၀ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ အဲဒီထဲက ၇၃၀၀၀ လောက် ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ပါတယ်။

အောက်မေ့ဘွယ်နေ့ဂုဏ်ပြုတဲ့ Rolling Thunder အဖွဲ့
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG