သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အႏွစ္ ၂၀ ေက်ာ္အတြင္း အသတ္ခံရတဲ့ သတင္းေထာက္ ၂၀၀၀ နီးပါးရွိ 


RSF emblem

တႏွစ္ကို ပ်မ္းမွ် ၈ဝ ေက်ာ္ႏႈန္းနဲ႔ ၿပီးခဲ့တဲ့ အႏွစ္ ၂ဝ ေက်ာ္အတြင္း တကမၻာလုံးမွာ သတင္းေထာက္ေပါင္း ၁၇ဝဝ နီးပါး အသတ္ခံခဲ့ၾကရေၾကာင္း  RSF ေခၚ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။

အႏွစ္ ၂၀ ေက်ာ္အတြင္း အသတ္ခံရတဲ့ သတင္းေထာက္ ၂၀၀၀ နီးပါးရွိ

{{Zawgyi/Unicode}}
တႏွစ္ကို ပ်မ္းမွ် ၈ဝ ေက်ာ္ႏႈန္းနဲ႔ ၿပီးခဲ့တဲ့ အႏွစ္ ၂ဝ ေက်ာ္အတြင္း တကမၻာလုံးမွာ သတင္းေထာက္ေပါင္း ၁၇ဝဝ နီးပါး အသတ္ခံခဲ့ၾကရေၾကာင္း RSF ေခၚ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။ ၂ဝဝ၃ ခုႏွစ္ကေန ၂ဝ၂၂ ခုႏွစ္အတြင္း ဆယ္စုႏွစ္ ၂ခုစာနီးပါးဟာ အထူးသျဖင့္ သတင္းသမားေတြအတြက္ အသက္အႏၱရာယ္ ရွိေစတဲ့ ကာလျဖစ္တယ္လို႔ ျပင္သစ္ႏိုင္ငံ၊ Paris အေျခစိုက္ RSF က ေဖာ္ျပထားပါတယ္။

အဲဒီလို ေသဆုံးခဲ့ၾကရရွာတဲ့ ပုဂၢိဳလ္ေတြရဲ႔ ေနာက္ကြယ္မွာ သူတို႔ရဲ႔ သတင္းေထာက္ဘဝကို ျမတ္ႏိုးမႈနဲ႔အတူ၊ သတင္းအခ်က္အလက္ေတြ ရရွိဖို႔ သူတို႔ရဲ႕ ဘဝေတြ၊ ရင္ဆိုင္ရမႈေတြ ၊ အေရအေသြးေတြ နဲ႔ သူတို႔ရဲ႔ သံဓိဌာန္ခ်မႈေတြနဲ႔အတူ ေပးဆပ္ၾကရမႈေတြ ရွိတယ္လို႔ RSF အေထြေထြ အတြင္းေရးမွဴး Christophe Deloire က ေျပာပါတယ္။

ကမၻာတဝွမ္းမွာ အႏွစ္ ၂ဝ အတြင္း အသတ္ခံခဲ့ရတဲ့ သတင္းေထာက္ စုစုေပါင္းရဲ႔ သုံးပုံတပုံေက်ာ္ျဖစ္တဲ့ ၅၇၈ ေယာက္ဟာ အီရတ္ နဲ႔ ဆီရီးယား ၂ႏုိင္ငံမွာျဖစ္ၾကၿပီး အဲဒီ ႏွစ္ႏိုင္ငံစလုံးဟာ သတင္းသမားေတြ အတြက္ အႏၱရာယ္အမ်ားဆုံး ျဖစ္ၾကတယ္လို႔လည္း RSF ကေျပာပါတယ္။

သတင္းေထာက္ အသတ္ခံရမႈမ်ားတဲ့ တျခား ႏိုင္ငံေတြကေတာ့ မကၠဆီကို မွာ ၁၂၅ ေယာက္ ၊ ဖိလစ္ပိုင္မွာ ၁ဝ၇ ေယာက္ ၊ ပါကစၥတန္မွာ ၉ ၃ ေယာက္ ၊ အာဖဂန္နစၥတန္မွာ ၈၁ ေယာက္ နဲ႔ ဆုိမာလီမွာ ၇၈ ေယာက္ျဖစ္ၾကပါတယ္ လို႔လည္း RSF က ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

အနှစ် ၂၀ ကျော်အတွင်း အသတ်ခံရတဲ့ သတင်းထောက် ၂၀၀၀ နီးပါးရှိ

{{Zawgyi/Unicode}}
တနှစ်ကို ပျမ်းမျှ ၈ဝ ကျော်နှုန်းနဲ့ ပြီးခဲ့တဲ့ အနှစ် ၂ဝ ကျော်အတွင်း တကမ္ဘာလုံးမှာ သတင်းထောက်ပေါင်း ၁၇ဝဝ နီးပါး အသတ်ခံခဲ့ကြရကြောင်း RSF ခေါ် နယ်စည်းမခြား သတင်းသမားများအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အတွင်း ဆယ်စုနှစ် ၂ခုစာနီးပါးဟာ အထူးသဖြင့် သတင်းသမားတွေအတွက် အသက်အန္တရာယ် ရှိစေတဲ့ ကာလဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ၊ Paris အခြေစိုက် RSF က ဖော်ပြထားပါတယ်။

အဲဒီလို သေဆုံးခဲ့ကြရရှာတဲ့ ပုဂ္ဂိုလ်တွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ သတင်းထောက်ဘဝကို မြတ်နိုးမှုနဲ့အတူ၊ သတင်းအချက်အလက်တွေ ရရှိဖို့ သူတို့ရဲ့ ဘဝတွေ၊ ရင်ဆိုင်ရမှုတွေ ၊ အရေအသွေးတွေ နဲ့ သူတို့ရဲ့ သံဓိဌာန်ချမှုတွေနဲ့အတူ ပေးဆပ်ကြရမှုတွေ ရှိတယ်လို့ RSF အထွေထွေ အတွင်းရေးမှူး Christophe Deloire က ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ အနှစ် ၂ဝ အတွင်း အသတ်ခံခဲ့ရတဲ့ သတင်းထောက် စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ဖြစ်တဲ့ ၅၇၈ ယောက်ဟာ အီရတ် နဲ့ ဆီရီးယား ၂နိုင်ငံမှာဖြစ်ကြပြီး အဲဒီ နှစ်နိုင်ငံစလုံးဟာ သတင်းသမားတွေ အတွက် အန္တရာယ်အများဆုံး ဖြစ်ကြတယ်လို့လည်း RSF ကပြောပါတယ်။

သတင်းထောက် အသတ်ခံရမှုများတဲ့ တခြား နိုင်ငံတွေကတော့ မက္ကဆီကို မှာ ၁၂၅ ယောက် ၊ ဖိလစ်ပိုင်မှာ ၁ဝ၇ ယောက် ၊ ပါကစ္စတန်မှာ ၉ ၃ ယောက် ၊ အာဖဂန်နစ္စတန်မှာ ၈၁ ယောက် နဲ့ ဆိုမာလီမှာ ၇၈ ယောက်ဖြစ်ကြပါတယ် လို့လည်း RSF က ဖော်ပြထားပါတယ်။

XS
SM
MD
LG