သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ ေရႊလီမွာ အသြားအလာကန္႔သတ္မႈနဲ႔အတူ တရားမဝင္ျမန္မာေတြကို ဖမ္းဆီး


တရုတ္ျမန္မာနယ္စပ္ဂိတ္။ (ဇန္နဝါရီ ၁၂၊ ၂၀၁၉)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံမွာ ျမန္မာႏုိင္ငံနဲ႔နယ္စပ္ၿမိဳ႕ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာကုိ ထိန္းခ်ဳပ္ဖုိ႔ တုိးျမွင့္ေဆာင္ရြက္ေနသလုိ၊ တရား၀င္ေနထုိင္ခြင့္ အေထာက္အထားမရွိတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ဖမ္းဆီးမႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နဲ႔ ထိစပ္ေနၿပီး ျမန္မာႏုိင္ငံသား အမ်ားအျပားရွိတဲ့ တ႐ုတ္ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕ေနရာအမ်ားစုမွာ ဒီေန႔ကစလို႔ အသြားအလာ ကန႔္သတ္မႈေတြ စတင္လုိက္ပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနခ်ိန္မွာပဲ တ႐ုတ္အစိုးရက ကာကြယ္ေဆး ထုိးတဲ့အစီအစဥ္ေတြ စတင္ေနခ်ိန္မွာ ကန္႔သတ္မႈေတြ လုပ္လာတာလုိ႔လည္း ေ႐ႊလီၿမိဳ႕မွာရွိတဲ့ ေ႐ႊလီ- ၾကယ္ေဂါင္ ပရဟိတအဖဲြ႔က ဦးသန္းထြန္းႏိုင္က အခုလိုေျပာပါတယ္။

“အခုက lockdown ေတြက အကုန္လုံး ခ်မွာထင္တယ္။ ဒီ lockdown ေတြ ခ်ၿပီးလို႔ရွိရင္ ကာကြယ္ေဆး ထိုးေပးမယ္လို႔လည္း ေျပာသံၾကားတယ္။ တရက္ႏွစ္ရက္က ဒီ ေ႐ႊလီမွာက ပိုးေတြ႕တယ္။ ဘာညာအဲဒီလိုမ်ိဳးလည္း ၾကားတယ္။ ေနာက္ၿပီး အကုန္လုံး lockdown ခ်ၿပီးေတာ့ ျပန္ၿပီး က်န္းမာေရး စစ္ေဆးမယ္လို႔လဲ ၾကားတယ္ခင္ဗ်။ က်ေနာ္တို႔နားေတြလည္း lockdown ခ်ေနတယ္။”

ၿပီးခဲ့တဲ့ သီတင္းတပတ္က မန္စီ၊ ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ဘက္က ျပန္ပို႔လိုက္တဲ့ ျမန္မာႏိုင္ငံသား သံုး ေယာက္မွာကို ျပည္တြင္းမွာ စစ္ေဆးၾကည့္တာမွာ ကိုဗစ္ေရာဂါေတြ႕ရွိခဲ့လို႔ တ႐ုတ္ဘက္ကလည္း စိုးရိမ္မႈေတြရွိေနသလို ေရွ႕လထဲ က်င္းပမဲ့ တ႐ုတ္ႏွစ္သစ္ကူးမတိုင္ခင္ ေရာဂါကူးစက္မႈေတြကုိ တားဆီးဖုိ႔လည္း တ႐ုတ္အာဏာပုိင္ေတြ ျပင္ဆင္ေနတာပါ။

ကပ္ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ ျမန္မာအမ်ားအျပားရွိတဲ့ ေ႐ႊလီနဲ႔ ၾကယ္ေဂါင္မွာ အေထာက္အထားမဲ့ ျမန္မာေတြကို ဖမ္းဆီး၊ အက်ဥ္းခ်သလို တခ်ိဳ႕ကိုလည္း ေသာၾကာေန႔တိုင္း ျမန္မာႏိုင္ငံထဲ ျပန္လႊဲေပးပါတယ္။ ျပန္လႊဲေပးတဲ့ သူေတြကို ျမန္မာဘက္က ကိုဗစ္ေရာဂါ စစ္ေဆးမႈေတြ လုပ္တာမွာ တခ်ိဳ႕က ေရာဂါရွိေနလို႔ တ႐ုတ္ဘက္ကလည္း အခုလို ႀကိဳတင္ကာကြယ္ဖုိ႔ ႀကိဳးပမ္းလာတာျဖစ္ေၾကာင္း ေ႐ႊလီအေျခစိုက္ မိုးမခေဖာင္ေဒးရွင္းက ေဒၚမိုးမခက ေျပာပါတယ္။

“အခုဒီေန႔က စၿပီးေတာ့မွ ေတာ္ေတာ္မ်ားမ်ား ရွမ္း႐ြာေတြ ဘာေတြေတာ့ (lockdown) ခ်ေနၿပီရွင့္။ တ႐ုတ္ႏွစ္သစ္ကူးလည္း နီးေနၿပီ၊ ၿပီးေတာ့ ခိုးဝင္တဲ့သူေတြလည္း အရမ္းမ်ားေနလို႔ေလ။ ေဆးစစ္တာေတြလည္း ေတြ႕တဲ့ဟာေတြလည္းရွိတယ္။ တခ်ိဳ႕က ဒီေ႐ႊလီကေန ျပန္တဲ့သူေတြလည္း ေလး၊ ငါးဦး ေတြ႕သြားၿပီးၿပီဆိုေတာ့ သူတို႔က က်န္းမာေရး ထိန္းခ်ဳပ္ဖို႔အတြက္ပဲေနမွာ။”

ေ႐ႊလီၿမိဳ႕က လမ္းအမ်ားစုမွာ အသြားအလာေတြ ပိတ္ဆို႔တားဆီးမႈေတြ ရွိေနေၾကာင္းလည္း ေဒသခံလူမႈေရးအဖဲြ႔ တခုျဖစ္တဲ့ ၾကင္နာေႏြးေထြး ပရဟိတက ဦးေနာင္ေနာင္ကေျပာပါတယ္။

တ႐ုတ္ျပည္ေျမာက္ပိုင္း ေပက်င္းၿမိဳ႕ေတာ္ အနီးတဝိုက္မွာ အခုႏွစ္စမွာ ကိုဗစ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ေနၿပီး တနဂၤေႏြ တရက္တည္းမွာတင္ ကူးစက္ခံရသူ ၁၂၄ ေယာက္ရွိပါတယ္။ အဲဒီထဲမွာ ၁၁၇ ေယာက္က ျပည္တြင္းမွာ ကူးစက္ခံရသူေတြျဖစ္ေၾကာင္း တ႐ုတ္အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ဇန္နဝါရီ ၂၅ ရက္မွာ သတင္းထုတ္ျပန္ ထားတာပါ။

ျမန္မာအစိုးရထုတ္ျပန္ခ်က္အရ ျပည္တြင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၀၀၀ ေက်ာ္ရွိၿပီး အတည္ျပဳလူနာ ၁၃၀,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ် ရွှေလီမှာ အသွားအလာကန့်သတ်မှုနဲ့အတူ တရားမဝင်မြန်မာတွေကိုဖမ်းဆီး

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ တိုးမြှင့်ဆောင်ရွက်နေသလို၊ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ ထိစပ်နေပြီး မြန်မာနိုင်ငံသား အများအပြားရှိတဲ့ တရုတ်ယူနန်ပြည်နယ်၊ ရွှေလီမြို့နေရာအများစုမှာ ဒီနေ့ကစလို့ အသွားအလာ ကန့်သတ်မှုတွေ စတင်လိုက်ပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေချိန်မှာပဲ တရုတ်အစိုးရက ကာကွယ်ဆေး ထိုးတဲ့အစီအစဉ်တွေ စတင်နေချိန်မှာ ကန့်သတ်မှုတွေ လုပ်လာတာလို့လည်း ရွှေလီမြို့မှာရှိတဲ့ ရွှေလီ- ကြယ်ဂေါင် ပရဟိတအဖွဲ့က ဦးသန်းထွန်းနိုင်က အခုလိုပြောပါတယ်။

“အခုက lockdown တွေက အကုန်လုံး ချမှာထင်တယ်။ ဒီ lockdown တွေ ချပြီးလို့ရှိရင် ကာကွယ်ဆေး ထိုးပေးမယ်လို့လည်း ပြောသံကြားတယ်။ တရက်နှစ်ရက်က ဒီ ရွှေလီမှာက ပိုးတွေ့တယ်။ ဘာညာအဲဒီလိုမျိုးလည်း ကြားတယ်။ နောက်ပြီး အကုန်လုံး lockdown ချပြီးတော့ ပြန်ပြီး ကျန်းမာရေး စစ်ဆေးမယ်လို့လဲ ကြားတယ်ခင်ဗျ။ ကျနော်တို့နားတွေလည်း lockdown ချနေတယ်။”

ပြီးခဲ့တဲ့ သီတင်းတပတ်က မန်စီ၊ ရွှေလီနဲ့ ကြယ်ဂေါင်ဘက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား သုံး ယောက်မှာကို ပြည်တွင်းမှာ စစ်ဆေးကြည့်တာမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့လို့ တရုတ်ဘက်ကလည်း စိုးရိမ်မှုတွေရှိနေသလို ရှေ့လထဲ ကျင်းပမဲ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ရောဂါကူးစက်မှုတွေကို တားဆီးဖို့လည်း တရုတ်အာဏာပိုင်တွေ ပြင်ဆင်နေတာပါ။

ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ မြန်မာအများအပြားရှိတဲ့ ရွှေလီနဲ့ ကြယ်ဂေါင်မှာ အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းဆီး၊ အကျဉ်းချသလို တချို့ကိုလည်း သောကြာနေ့တိုင်း မြန်မာနိုင်ငံထဲ ပြန်လွှဲပေးပါတယ်။ ပြန်လွှဲပေးတဲ့ သူတွေကို မြန်မာဘက်က ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ လုပ်တာမှာ တချို့က ရောဂါရှိနေလို့ တရုတ်ဘက်ကလည်း အခုလို ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းလာတာဖြစ်ကြောင်း ရွှေလီအခြေစိုက် မိုးမခဖောင်ဒေးရှင်းက ဒေါ်မိုးမခက ပြောပါတယ်။

“အခုဒီနေ့က စပြီးတော့မှ တော်တော်များများ ရှမ်းရွာတွေ ဘာတွေတော့ (lockdown) ချနေပြီရှင့်။ တရုတ်နှစ်သစ်ကူးလည်း နီးနေပြီ၊ ပြီးတော့ ခိုးဝင်တဲ့သူတွေလည်း အရမ်းများနေလို့လေ။ ဆေးစစ်တာတွေလည်း တွေ့တဲ့ဟာတွေလည်းရှိတယ်။ တချို့က ဒီရွှေလီကနေ ပြန်တဲ့သူတွေလည်း လေး၊ ငါးဦး တွေ့သွားပြီးပြီဆိုတော့ သူတို့က ကျန်းမာရေး ထိန်းချုပ်ဖို့အတွက်ပဲနေမှာ။”

ရွှေလီမြို့က လမ်းအများစုမှာ အသွားအလာတွေ ပိတ်ဆို့တားဆီးမှုတွေ ရှိနေကြောင်းလည်း ဒေသခံလူမှုရေးအဖွဲ့ တခုဖြစ်တဲ့ ကြင်နာနွေးထွေး ပရဟိတက ဦးနောင်နောင်ကပြောပါတယ်။

တရုတ်ပြည်မြောက်ပိုင်း ပေကျင်းမြို့တော် အနီးတဝိုက်မှာ အခုနှစ်စမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်နေပြီး တနင်္ဂနွေ တရက်တည်းမှာတင် ကူးစက်ခံရသူ ၁၂၄ ယောက်ရှိပါတယ်။ အဲဒီထဲမှာ ၁၁၇ ယောက်က ပြည်တွင်းမှာ ကူးစက်ခံရသူတွေဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန် ထားတာပါ။

မြန်မာအစိုးရထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်ရှိပြီး အတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG