သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အလုပ္ရွင္ ပိတ္ေလွာင္ခံရသူ ျမန္မာအမ်ဳိးသမီးေတြ ျပန္လြတ္ေျမာက္


တရုတ္ျမန္မာနယ္စပ္ တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕စစ္ေဆးေရးဂိတ္ ျမင္ကြင္း။ (ေမ ၂၅၊ ၂၀၁၂)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံမွာ အလုပ္ရွင္ရဲ႕ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြ ခံေနရတဲ့အေၾကာင္း လူမႈကြန္ရက္ေပၚမွာ ေဖာ္ျပလုိက္ၿပီးေနာက္ ျမန္မာအလုပ္သမား အမ်ဳိးသမီး ၄၀ နီးပါး ျပန္လည္လြတ္ေျမာက္လာတဲ့အေၾကာင္း ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕က ဖုန္းအားသြင္းႀကိဳးစက္႐ုံမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအမ်ိဳးသမီး ၃၉ ေယာက္ဟာ အလုပ္ရွင္ကို လစာတိုးေတာင္းၿပီး မၾကာခင္မွာပဲ အေဆာင္ဝင္းထဲ ပိတ္ေလွာင္ခံခဲ့ရေၾကာင္း Facebook လူမႈကြန္ရက္မွာ ေဖာ္ျပလုိက္ၿပီးေနာက္ ျပန္လည္လြတ္ေျမာက္လာခဲ့ၾကတာပါ။ သူတုိ႔ရင္ဆုိင္ေနရတဲ့ အေျခအေနအေၾကာင္း ဗီဒီယုိကုိ တနလၤာေန႔မွာပဲ လက္ကုိင္ဖုန္းကေန ေဖာ္ျပအကူအညီ ေတာင္းခဲ့ရာက ေနာက္တေန႔မွာပဲ ျမန္မာႏုိင္ငံ လူကုန္ကူးမႈ တားဆီးေရး တာ၀န္ရွိသူေတြ ေ႐ႊလီၿမိဳ႕က ရဲတပ္ဖဲြ႔ကို အေၾကာင္းၾကားခဲ့တာပါ။

တရက္တည္းမွာပဲ တ႐ုတ္ရဲတပ္ဖဲြ႔က စက္႐ုံပိုင္ရွင္ကို စစ္ေဆးခဲ့ၿပီး ျမန္မာႏုိင္ငံသား မိန္းကေလးေတြကိုလည္း ကယ္ထုတ္ခဲ့ေၾကာင္း တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕နဲ႔ ကပ္လ်က္ရွိေနတဲ့ ျမန္မာႏုိင္ငံနယ္စပ္ မူဆယ္ၿမိဳ႕က လူကုန္ကူးမႈတားဆီးေရးအဖြဲ႕ေခါင္းေဆာင္ ရဲမႉးမင္းႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ကို စက္႐ုံကေန ၿခံဝန္းကို ေသာ့ခတ္ပိတ္ထားတယ္၊ ထမင္း မေကြၽးဘူး ေရမတိုက္ဘူးဆိုၿပီးေတာ့ တင္လာတဲ့အတြက္ က်ေနာ္တို႔ကေန တ႐ုတ္ေ႐ႊလီမွာရွိတဲ့ ရဲရယ္၊ နယ္စပ္ဆက္ဆံေရး႐ုံးရယ္ကို စာပို႔ၿပီးေတာ့ ေျဖရွင္းေပးဖို႔ အကူအညီ ေတာင္းခံလိုက္တယ္၊ တ႐ုတ္ရဲဌာနကေန ရွင္းေပးလိုက္တဲ့အတြက္ ေျပလည္သြားတဲ့အခါမွာ ၃၉ ေယာက္ထဲမွာ ၆ ေယာက္ကေတာ့ မနက္ခင္းက ၁၁ နာရီေလာက္မွာ က်ေနာ္တို႔ ျမန္မာ ႏိုင္ငံဘက္ကို ျပန္ေရာက္လာပါတယ္။”

အလုပ္ရွင္ရဲ႕ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြ ခံခဲ့ရတဲ့ အမ်ဳိးသမီးေတြဟာ အရင္အလုပ္ေဟာင္း အထည္ခ်ဳပ္စက္႐ုံက ကိုဗစ္ကာလ အရႈံးေပၚၿပီး ပိတ္သြားရာက ဖုန္းအားသြင္းႀကိဳးစက္႐ုံကို ၿပီးခဲ့တဲ့ ၂ လေလာက္က ေျပာင္းလာၿပီး အလုပ္လုပ္ခဲ့တာပါ။ အလုပ္ေဟာင္းမွာ တလ ယြမ္ေငြ ၁,၅၀၀ ၿပီး အလုပ္သစ္က ၁,၀၀၀ ပဲေပးတဲ့အျပင္ အလုပ္ခ်ိန္ကလည္ ပိုလာတဲ့အတြက္ လုပ္ခတိုးေတာင္းရင္း အခုလိုအေျခအေန ေရာက္ခဲ့ ၾကတာပါ။

ဒါကအလုပ္ရွင္ အလုပ္သမား ျပႆနာျဖစ္ေပမဲ့ တရားဝင္အလုပ္လုပ္ခြင့္မရတဲ့ တ႐ုတ္ျပည္ရဲ႕ အေျခအေနေၾကာင့္ ႏွစ္ဘက္ အလုပ္သမား႐ုံးနဲ႔ ေျဖရွင္းလို႔မရဘဲ လူကုန္ကူးတားဆီးေရးအဖြဲ႕နဲ႔ နယ္စပ္ဆက္ဆံေရး႐ုံး တာဝန္ရွိသူေတြက ေျဖရွင္းေပးရေၾကာင္း ရဲမႉးမင္းႏိုင္က ေျပာပါတယ္။

“ဒီဘက္က အလုပ္သမား ဦးစီးဌာနကလည္း တ႐ုတ္ဘက္က ေ႐ႊလီမွာရွိတဲ့ အလုပ္သမားဦးစီးဌာနကို အေၾကာင္းၾကားေပးဖို႔၊ ကူညီေျဖရွင္းေပးဖို႔ ေတာ္ေတာ္ေလး ခက္တယ္ဗ်။ ဒါကို ဟိုဘက္နဲ႔ ဒီဘက္ အလုပ္သမားနဲ႔ အလုပ္ရွင္နဲ႔ နားလည္မႈ ယူၿပီးေတာ့သာ လုပ္ေနၾကရတာ ျဖစ္တဲ့အတြက္ ဒါကေတာ့ ရွိေတာ့ ရွိေနမွာပဲဗ်။”

တ႐ုတ္ႏုိင္ငံနယ္စပ္ေဒသေတြမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမားေတြရဲ႕ စာရင္းအတိအက်ကို ရႏိုင္ဖို႔ကေတာ့ ခက္ခဲတယ္လို႔ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕က ေကာင္စစ္ဝန္႐ုံးနဲ႔ ေပက်င္းၿမိဳ႕ေတာ္က ျမန္မာသံ႐ုံး တာ၀န္ရွိသူေတြက ေျပာပါတယ္။ တ႐ုတ္အစိုးရရဲ႕ သူ႔ႏိုင္ငံသားေတြ အလုပ္အကိုင္ အခြင့္အလမ္း ဦးစားေပး မူဝါဒေၾကာင့္ တရားဝင္အလုပ္လုပ္ခြင့္နဲ႔ အစိုးရခ်င္း သေဘာတူ အလုပ္သမား ေစလႊတ္ဖို႔ ကိစၥေတြဟာလည္း အခုအခ်ိန္အထိ ေဆြးေႏြးညွိႏႈိင္းေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နိုင်ငံမှာ အလုပ်ရှင်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ ခံနေရတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြလိုက်ပြီးနောက် မြန်မာအလုပ်သမား အမျိုးသမီး ၄၀ နီးပါး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့က ဖုန်းအားသွင်းကြိုးစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီး ၃၉ ယောက်ဟာ အလုပ်ရှင်ကို လစာတိုးတောင်းပြီး မကြာခင်မှာပဲ အဆောင်ဝင်းထဲ ပိတ်လှောင်ခံခဲ့ရကြောင်း Facebook လူမှုကွန်ရက်မှာ ဖော်ပြလိုက်ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြတာပါ။ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေအကြောင်း ဗီဒီယိုကို တနင်္လာနေ့မှာပဲ လက်ကိုင်ဖုန်းကနေ ဖော်ပြအကူအညီ တောင်းခဲ့ရာက နောက်တနေ့မှာပဲ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေး တာဝန်ရှိသူတွေ ရွှေလီမြို့က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

တရက်တည်းမှာပဲ တရုတ်ရဲတပ်ဖွဲ့က စက်ရုံပိုင်ရှင်ကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား မိန်းကလေးတွေကိုလည်း ကယ်ထုတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့နဲ့ ကပ်လျက်ရှိနေတဲ့ မြန်မာနိုင်ငံနယ်စပ် မူဆယ်မြို့က လူကုန်ကူးမှုတားဆီးရေးအဖွဲ့ခေါင်းဆောင် ရဲမှူးမင်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကို စက်ရုံကနေ ခြံဝန်းကို သော့ခတ်ပိတ်ထားတယ်၊ ထမင်း မကျွေးဘူး ရေမတိုက်ဘူးဆိုပြီးတော့ တင်လာတဲ့အတွက် ကျနော်တို့ကနေ တရုတ်ရွှေလီမှာရှိတဲ့ ရဲရယ်၊ နယ်စပ်ဆက်ဆံရေးရုံးရယ်ကို စာပို့ပြီးတော့ ဖြေရှင်းပေးဖို့ အကူအညီ တောင်းခံလိုက်တယ်၊ တရုတ်ရဲဌာနကနေ ရှင်းပေးလိုက်တဲ့အတွက် ပြေလည်သွားတဲ့အခါမှာ ၃၉ ယောက်ထဲမှာ ၆ ယောက်ကတော့ မနက်ခင်းက ၁၁ နာရီလောက်မှာ ကျနော်တို့ မြန်မာ နိုင်ငံဘက်ကို ပြန်ရောက်လာပါတယ်။”

အလုပ်ရှင်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ ခံခဲ့ရတဲ့ အမျိုးသမီးတွေဟာ အရင်အလုပ်ဟောင်း အထည်ချုပ်စက်ရုံက ကိုဗစ်ကာလ အရှုံးပေါ်ပြီး ပိတ်သွားရာက ဖုန်းအားသွင်းကြိုးစက်ရုံကို ပြီးခဲ့တဲ့ ၂ လလောက်က ပြောင်းလာပြီး အလုပ်လုပ်ခဲ့တာပါ။ အလုပ်ဟောင်းမှာ တလ ယွမ်ငွေ ၁,၅၀၀ ပြီး အလုပ်သစ်က ၁,၀၀၀ ပဲပေးတဲ့အပြင် အလုပ်ချိန်ကလည် ပိုလာတဲ့အတွက် လုပ်ခတိုးတောင်းရင်း အခုလိုအခြေအနေ ရောက်ခဲ့ ကြတာပါ။

ဒါကအလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်ပေမဲ့ တရားဝင်အလုပ်လုပ်ခွင့်မရတဲ့ တရုတ်ပြည်ရဲ့ အခြေအနေကြောင့် နှစ်ဘက် အလုပ်သမားရုံးနဲ့ ဖြေရှင်းလို့မရဘဲ လူကုန်ကူးတားဆီးရေးအဖွဲ့နဲ့ နယ်စပ်ဆက်ဆံရေးရုံး တာဝန်ရှိသူတွေက ဖြေရှင်းပေးရကြောင်း ရဲမှူးမင်းနိုင်က ပြောပါတယ်။

“ဒီဘက်က အလုပ်သမား ဦးစီးဌာနကလည်း တရုတ်ဘက်က ရွှေလီမှာရှိတဲ့ အလုပ်သမားဦးစီးဌာနကို အကြောင်းကြားပေးဖို့၊ ကူညီဖြေရှင်းပေးဖို့ တော်တော်လေး ခက်တယ်ဗျ။ ဒါကို ဟိုဘက်နဲ့ ဒီဘက် အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ နားလည်မှု ယူပြီးတော့သာ လုပ်နေကြရတာ ဖြစ်တဲ့အတွက် ဒါကတော့ ရှိတော့ ရှိနေမှာပဲဗျ။”

တရုတ်နိုင်ငံနယ်စပ်ဒေသတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ စာရင်းအတိအကျကို ရနိုင်ဖို့ကတော့ ခက်ခဲတယ်လို့ ယူနန်ပြည်နယ် ကူမင်းမြို့က ကောင်စစ်ဝန်ရုံးနဲ့ ပေကျင်းမြို့တော်က မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်အစိုးရရဲ့ သူ့နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း ဦးစားပေး မူဝါဒကြောင့် တရားဝင်အလုပ်လုပ်ခွင့်နဲ့ အစိုးရချင်း သဘောတူ အလုပ်သမား စေလွှတ်ဖို့ ကိစ္စတွေဟာလည်း အခုအချိန်အထိ ဆွေးနွေးညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG