သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်တွေ သူလျှိုလုပ်တယ်လို့ ရုရှားစွပ်စွဲချက် ဗြိတိန်ပယ်ချ


ရုရှားနိုင်ငံမော်စကိုမြို့က ဗြိတိန်သံရုံး (စက်တင်ဘာ ၁၃၊ ၂၀၂၄)
ရုရှားနိုင်ငံမော်စကိုမြို့က ဗြိတိန်သံရုံး (စက်တင်ဘာ ၁၃၊ ၂၀၂၄)

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန် သံတမန် ၆ ယောက်ကို သူလျှိုလုပ်တယ်လို့ ရုရှားက စွပ်စွဲတာဟာ လုံးဝ အခြေအမြစ်မရှိဘူးလို့ ဗြိတိန်အစိုးရက တုံ့ပြန်လိုက်ပါတယ်။ မော်စကိုမြို့ ဗြိတိန်သံရုံးက သံတမန် ၆ ယောက်ကို သူလျှိုလုပ်တယ်၊ အဖျက်အမှောင့် လုပ်ရပ်တွေလုပ်တယ်လို့ဆိုပြီး သံတမန်အဖြစ် တရားဝင်အသိအမှတ်ပြုမှုကို ရုတ်သိမ်းတယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာနက ဒီနေ့ပြောကြားခဲ့ပါတယ်။

ရုရှားပြည်သူတွေသွေးကွဲအောင် ဗြိတိန်သံတမန်တွေက လုပ်တယ်လို့ ရုရှားဘက်က စွပ်စွဲပါတယ်။ မေလက ရုရှားစစ်သံမှူးကို ဗြိတိန်က သံတမန်အဖြစ် အသိအမှတ်ပြုမှုကို ပယ်ဖျက်ပြီး နိုင်ငံထဲကနေ နှင်ထုတ်ခဲ့တာကြောင့် ရုရှားက ဗြိတိန်သံတမန်တွေကို ခုလို စွပ်စွဲတာဖြစ်တယ်လို့ ဗြိတိန်ဘက်က တုံ့ပြန်ပါတယ်။

ရုရှားစွပ်စွဲတဲ့ သံတမန် ၆ ယောက်လုံး လွန်ခဲ့တဲ့သီတင်းပတ်တွေထဲက ဗြိတိန်ပြန်ရောက်နေကြတယ်လို့ ဗြိတိန်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီကိစ္စနဲ့ပတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဒီနေ့ ဝါရှင်တန်မြို့တော်မှာ ဆွေးနွေးကြဖို့ ရှိနေချိန်မှာပဲ ရုရှားက ခုလို ကြေညာလိုက်တာပါ။

အနောက်နိုင်ငံတွေရဲ့တာဝေးပစ် မစ်ဇိုင်းဒုံးတွေတွေကို ရုရှားနိုင်ငံထဲအထိ ထိုးစစ်ဆင်နေတဲ့ ယူကရိန်းကို အသုံးပြုခွင့်ပေးရေး မပေးရေးကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင် ၂ ယောက် အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီလို တာဝေးပစ် ဒုံးတွေကို ရုရှားပိုင်နက်ထဲအထိ ပစ်ခတ်အသုံးပြုခွင့်ပေးမယ်ဆိုရင်တော့ ရုရှားနဲ့ အနောက်နိုင်ငံတွေ တိုက်ရိုက်စစ်ပွဲဖြစ်နေတယ်လို့ သတ်မှတ်မှာဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့ကပဲ ပြောကြားထားပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတွေပေးထားတဲ့လက်နက်တွေအပေါ်ထားတဲ့ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးဖို့အတွက် ယူကရိန်းကတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG