သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစာသင်ကျောင်းတွေမှာ စစ်သင်တန်းတွေ ပြန်လည်ပို့ချဖို့စီစဉ် 


FILE - Russian President Vladimir Putin, center, speaks to a soldier as he visits a military training center of the Western Military District for mobilized reservists in Ryazan region, Russia, Oct. 20, 2022. 
FILE - Russian President Vladimir Putin, center, speaks to a soldier as he visits a military training center of the Western Military District for mobilized reservists in Ryazan region, Russia, Oct. 20, 2022. 

ရုရှားနိုင်ငံက စာသင်ကျောင်းတွေမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကစပြီး စစ်သင်တန်းပို့ချတဲ့ သင်ခန်းစာတွေကို ပြန်လည်ထည့်သွင်းတော့မယ်လို့ ရုရှားပညာရေးဝန်ကြီး Sergey Kravstov ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပြောပါတယ်။

ရုရှားစာသင်ကျောင်းတွေမှာ စစ်သင်တန်းတွေ ပြန်လည်ပို့ချဖို့စီစဉ်

{{Zawgyi/Unicode}}
ရုရှားနိုင်ငံက စာသင်ကျောင်းတွေမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကစပြီး စစ်သင်တန်းပို့ချတဲ့ သင်ခန်းစာတွေကို ပြန်လည်ထည့်သွင်းတော့မယ်လို့ ရုရှားပညာရေးဝန်ကြီး Sergey Kravstov ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပြောပါတယ်။ ယူကရိန်းအရေး ဗြိတိန်နိုင်ငံရဲ့ထောက်လှမ်းရေးသတင်းတွေ နေ့စဉ် တင်ပြရာမှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။

စစ်သင်တန်းတွေထဲမှာ ဓာတု၊ ဒါမှမဟုတ် နျူကလီးယား တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာရင် ပြင်ဆင်ထားရမယ့် အရေးပေါ် အစီအမံတွေ၊ ရှေးဦးသူနာပြုစုနည်းနဲ့ AK မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်တွယ်ပစ်ခတ်နည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ခရိုင်းမီးယားဒေသကိုရုရှားတို့ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း စာသင်ကျောင်းတွေမှာ စစ်သင်တန်းတွေပြန်ပေးဖို့ ရုရှားတာဝန်ရှိသူတွေ ကြိုးပမ်းခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မဖြစ်မနေစစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အခါ စစ်ဖက်အရည်အသွေးတိုးတက်အောင်ရည်ရွယ်ခဲ့ပေမယ့် ၈ နှစ်ကြာလာတဲ့အထိ မဖြစ်ခဲ့သလို၊ စစ်သားစုဆောင်းခံရသူတွေဟာ စိတ်ဓာတ်ပိုင်းအရရော၊ လေ့ကျင့်ရေးအရပါ အားနည်းနေဆဲဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ဖက်သင်တန်းအတွက် ရုရှားက ရေးဆွဲနေတဲ့ သင်ရိုးညွှန်းတမ်းတွေ နှစ်ကုန်လောက်မှာ အပြီးသတ်ဖို့ ခန့်မှန်းထားပြီး၊ ရေးဆွဲပြီးစီးတဲ့အခါ အတည်ပြုချက်ရယူရဦးမှာပါ။ စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်လာတဲ့ ကျောင်းသားတွေ စစ်ရေးနဲ့ အကျွမ်းတဝင်ဖြစ်အောင် ပြင်ဆင်ပေးဖို့နဲ့ မဖြစ်မနေ စစ်မှုထမ်းရတဲ့အခါ စစ်ဖက်တပ်ဖွဲ့ဝင်တွေ တိုးလာအောင်ရည်ရွယ်ထားပုံရတယ်လို့လည်း အစီရင်ခံစာမှာ ပြောထားပါတယ်။

ဒီဆောင်ရွက်ချက်တွေဟာ မျိုးချစ်စိတ်တွေ ဝင်လာအောင်နဲ့ ပြည်သူ့အဖွဲ့အစည်းတွေအပေါ် ရုရှားပြည်သူတွေ ယုံကြည်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်ထားပုံရတယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................................


{{Zawgyi/Unicode}}





XS
SM
MD
LG