သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတပူတင် နောက်ထပ် ၆ နှစ်သက်တမ်းအတွက် အင်္ဂါနေ့ ကျမ်းသစ္စာ ဆိုမည်


နောက်ထပ် ၆ နှစ်သက်တမ်းကျမ်းသစ္စာကျိန်တော့မယ့် ရုရှားသမ္မတပူတင် ရုရှားခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော်နဲ့ အီစတာပွဲမှာ တွေ့ဆုံကြစဥ်။ (မေ ၅၊ ၂၀၂၄/Photo: Orthodox Church)
နောက်ထပ် ၆ နှစ်သက်တမ်းကျမ်းသစ္စာကျိန်တော့မယ့် ရုရှားသမ္မတပူတင် ရုရှားခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော်နဲ့ အီစတာပွဲမှာ တွေ့ဆုံကြစဥ်။ (မေ ၅၊ ၂၀၂၄/Photo: Orthodox Church)

ရုရှားနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ၂၅ နှစ်နီးပါး ဦးဆောင်လာတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ နောက်ထပ် ၆ နှစ်တာ သမ္မတသက်တမ်းအတွက် အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။ ၁၉၉၉ ခုနှစ်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ရုရှားနိုင်ငံရေးမှာ အာဏာကို ကျစ်လျစ်စွာဆုပ်ကိုင်လာတဲ့ သမ္မတပူတင်ဟာ အတိုက်အခံနိုင်ငံရေးသမားတွေကိုနှိမ်နှင်းပြီး သီးခြားလွတ်လပ်တဲ့ သတင်းထောက်တွေကို နိုင်ငံတွင်း မနေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရင် နိုင်ငံတကာရဲ့ဖိအားတွေ၊ နိုင်ငံစီးပွါးရေးကို အကြီးအကျယ်ထိခိုက်နိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေသာမက ရုရှားတပ်သား အတော်များများတို့ရဲ့အသက်တွေပါ ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေခဲ့ပေမယ့်လည်း သမ္မတပူတင်ရဲ့ သြဇာလွှမ်းမိုးမှုကြီးမားလှတဲ့အတွက် အခြားအရာရှိတွေ ဒီအတိုင်းလက်ပိုက်ကြည့်နေခဲ့ရတာပါ။ အဲဒီလိုသြဇာညောင်းနေရင် နောက်သမ္မတသက်တမ်းမှာ ပြည်တွင်းပြည်ပအရေးနဲ့ပတ်သက်လို့ သူဘာတွေဆက်လုပ်မလဲဆိုတာ အတော်စိုးရိမ်စရာကောင်းတယ်လို့ ရိုက်တာသတင်းမှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း လိင်တူစုံမက်သူ LGBTQ+ လူမှုအသိုင်းအဝိုင်းရဲ့ လှုပ်ရှားမှုတွေကို ရုရှားမှာ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အနောက်တိုင်းရဲ့လွှမ်းမိုးမှုနဲ့ရင်ဆိုင်နေရတဲ့ ရုရှားနိုင်ငံမှာ လိင်တူစုံမက်တာဟာ ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်းက အသိအမှတ်ပြုတဲ့ ရိုးရာစံတန်ဖိုးတွေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားတရားရုံးတွေကလည်း လိင်အင်္ဂါပြောင်းလဲမှုကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG