သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကဖမ်းထားတဲ့ ယူကရိန်းသင်္ဘောသားတချို့ကို ထောင်ဒဏ်အပြစ်ပေး


ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ရုရှားရေတပ်ကနေ ဖမ်းဆီးခဲ့တဲ့ ယူကရိမ်းသင်္ဘောသား ၂၄ဦးထဲက ၁၂ ဦးကို ၂လဖမ်းဆီးထားဖို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တရားရုံးတခုကနေ အမိန့်ချ မှတ်လိုက်ပါတယ်။

ယူကရိမ်းရေတပ်သင်္ဘောသုံးစီးမှာပါလာတဲ့ သင်္ဘောသားတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ခဲ့ကြပြီး ရုရှားနယ်ခြားစောင့်တပ်တွေရဲ့သတိပေးချက်ကိုလည်း ဂရုမစိုက်ခဲ့ကြဘူးလို့ ရုရှားဘက်က စွပ်စွဲပါ တယ်။

ဒီစွဲချက်တွေကို ယူကရိမ်းဘက်ကငြင်းပယ်ပါတယ်။ ရုရှားနဲ့အခုလိုတင်းမာမှုရှိလာတာကြောင့် ယူကရိမ်း နယ်စပ် ဒေသတချို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံကို အရေးယူဒဏ်ခပ်မှုတွေ ပိုတိုးပြီးလုပ်ဆောင်ဖို့ အနောက် မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းနေကြတဲ့ ဥရောပနိုင်ငံတွေရဲ့အရေအတွက်ကလည်း တိုးလာနေပါတယ်။

ယူကရိမ်း နိုင်ငံမှာ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ထားမှုဟာ ရုရှားနိုင်ငံရဲ့ရန်လိုမှုကြောင့်ဖြစ်ပြီး ယူကရိမ်းရဲ့ကာကွယ်ရေး စွမ်းရည်ကို လည်း ပိုပြီးအားကောင်းစေမှာဖြစ်တယ်လို့ ယူကရိမ်သမ္မတ Petro Poroshenko ကပြောပါတယ်။ ယူကရိမ်း နိုင်ငံက ဒေသ ၂၇ခုထဲက ၁၀ခုကို စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ထားဖို့ ယူကရိမ်းလွှတ်တော်က တနင်္လာနေ့ကပဲ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဥပဒေက ရက်ပေါင်းသုံးဆယ်ကြတဲ့ဥပဒေပါ။ လာမယ့်နှစ်မတ်လ ၃၁ရက်နေ့ကျရင် ယူကရိမ်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ရှိနေပါတယ်။ ဒီဥပဒေထုတ်ပြန်ထားခြင်းအားဖြင့် စီစဉ်ထားတဲ့ရက်မှာ သမ္မတရွေး ကောက်ပွဲကိုကျင်းပနိုင်မယ့်သဘောရှိပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူးတားရပ်စ်က တော့ ၂နိုင်ငံအကြားပြဿနာတွေဆက်ပြီးမဖြစ်ရလေအောင် အထူးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ ရုရှားနဲ့ ယူကရိမ်း၂နိုင်ငံလုံးကို မနေ့ကပဲတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG