သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား Kursk ဒေသကို ယူကရိန်းတပ်တွေတိုက်ခိုက်နေဆဲဟု ရုရှားထုတ်ပြန်


ရုရှားကာကွယ်ရေးဝန်ကီးဌာနက ထုတ်ပြန်တဲ့ ယူကရိန်းသံချပ်ကာကားတွေကို ရုရှားက ဒရုန်းယာဥ်သုံးပြီးတိုက်ခိုက်နေပုံ။ (သြဂုတ်လ ၈၊ ၂၀၂၄)
ရုရှားကာကွယ်ရေးဝန်ကီးဌာနက ထုတ်ပြန်တဲ့ ယူကရိန်းသံချပ်ကာကားတွေကို ရုရှားက ဒရုန်းယာဥ်သုံးပြီးတိုက်ခိုက်နေပုံ။ (သြဂုတ်လ ၈၊ ၂၀၂၄)

ရုရှားနဲ့ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသမှာ တတိမြောက်နေ့ ဆက်ပြီး တိုက်ခိုက်နေဆဲပဲလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ၂ နှစ် ခွဲတာကာလအတွင်း ယူကရိန်းတပ်တွေရဲ့ ရုရှားပိုင်နက်အတွင်း အကြီးမာဆုံး ဝင်ရောက်တိုက်ခိုက်မှုတခုလို့လည်း ရုရှားက ပြောပါတယ်။ ဒါပေမယ့် ဒီယူကရိန်းတပ်တွေ ရုရှားအနောက်တောင်ဘက်က Kursk ဒေသအတွင်းပိုင်းကို မဝင်ရောက်နိုင်အောင် ရုရှားစစ်တပ်နဲ့ နယ်ခြားစောင့် တပ်တွေက တားဆီးနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ယူကရိန်းပိုင်း Sumy ဒေသကနေ Kursk ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ယူကရိန်းတပ်ဖွဲ့ငယ်လေးတွေကို တိုက်ထုတ်ခဲ့ကြောင်း ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကို အနီးကပ် စောင့်ကြည့်ဆန်းစစ်နေတဲ့ ဝါရှင်တန်အခြေစိုက် စစ်ရေးလေ့လာတဲ့ဌာနက တော့ ယူကရိန်းတပ်တွေဟာ ရုရှားပိုင်နက်ထဲ ၁၀ ကီလိုမီတာလောက်အထိ ဝင်ရောက်နိုင်ခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ယူကရိန်းအရာရှိတွေကတော့ Kursk ဒေသတွင်းက တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာသတင်းမှ မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ရုရှားရဲ့ Kursk ဒေသအုပ်ချုပ်ရေး ယာယီတာဝန်ခံကတော့ ရန်သူ ယူကရိန်းတွေ တလက်မ မှ မဝင်နိုင်ခဲ့ဘူးလို့ ရုရှားသတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG