(Zawgyi/Unicode)
ျမန္မာစစ္တပ္အတြက္ Su-30 တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ေတြနဲ႔ Yak-130 ေလ့က်င့္ေရး တိုက္ေလယာဥ္ေတြကို အစီအစဥ္အတိုင္း ဆက္ပို႔သြားမယ္လို႔ ႐ုရွား စစ္ဘက္ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ အႀကီးအကဲက Interfax သတင္းဌာနကို ေျပာခဲ့ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
ျမန္မာစစ္တပ္အတြက္ တိုက္ေလယာဥ္ေတြအပါအ၀င္ စစ္ဘက္ဆုိင္ရာ စစ္လက္နက္ပစၥည္းေတြကို ေပးပို႔သြားဖို႔ ႏွစ္ႏုိင္ငံ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ရုရွားႏုိင္ငံပုိင္ လက္နက္အေရာင္းအ၀ယ္လုပ္ငန္း Rosoboronexport အႀကီးအကဲ Alexander Mikheev ကလည္း ဗုဒၶဟူးေန႔က ေျပာပါတယ္။
ျမန္မာႏုိင္္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာကို ၿငိမ္းခ်မ္းစြာ ကန္႔ကြက္ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ အင္အားသုံး ႏွိမ္ႏွင္းတယ္ဆိုၿပီး ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္း ေရာင္းခ်ေထာက္ပ့ံတာေတြ ရပ္ဆိုင္းဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔ အေနာက္ႏိုင္ငံေတြက ေတာင္းဆိုေနေပမဲ့ ႐ုရွားကေတာ့ ျမန္မာနဲ႔ စစ္ဘက္ ဆက္ဆံေရးကို တိုးခ်ဲလာေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဇြန္လ ေႏွာင္းပိုင္းက စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ရဲ႕ ႐ုရွား ခရီးစဥ္အတြင္း ျမန္မာနဲ႔ စစ္ဘက္ဆက္ဆံေရး ပိုၿပီး အားေကာင္း ခုိင္မာေအာင္လုပ္သြားမယ့္အေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီး Sergei Shoigu က ေျပာၾကားခဲ့တာပါ။
႐ုရွားဟာ အာဏာသိမ္း စစ္ေကာင္စီကို တရား၀င္ျဖစ္ေအာင္ ပ့ံပိုးေပးေနတယ္လို႔ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြက ေဝဖန္ေနပါတယ္။
ႏွစ္စဥ္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာတပ္ဖြဲ႔ဝင္ေတြ ႐ုရွားမွာ ပညာသင္ယူေနၾကသလို ျမန္မာဟာ အာရွတုိက္က အဓိက မိတ္ဘက္ႏိုင္ငံတခုျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံ လက္နက္နဲ႔ နည္းပညာပိုင္းဆိုင္ရာကုမၸဏီ Rosetec နဲ႔ Rosoboronexport ရဲ႕ အႀကီးအကဲ Alexander Mikheev က ဒီရက္ပိုင္း ရုုရွားႏုိင္ငံမွာ ႏွစ္စဥ္က်င္းပတဲ့ MAKS ေလေၾကာင္းျပပြဲမွာ ေျပာဆိုခဲ့ပါတယ္။
....................................................................................
စစ်ကောင်စီဝယ်ထားတဲ့ ရုရှားလုပ် စစ်ဘက်လေယာဉ်တွေ အစီအစဉ်အတိုင်းရောက်လာမယ်
(Unicode)r
မြန်မာစစ်တပ်အတွက် Su-30 တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ Yak-130 လေ့ကျင့်ရေး တိုက်လေယာဉ်တွေကို အစီအစဉ်အတိုင်း ဆက်ပို့သွားမယ်လို့ ရုရှား စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အကြီးအကဲက Interfax သတင်းဌာနကို ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကို ပေးပို့သွားဖို့ နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင် လက်နက်အရောင်းအဝယ်လုပ်ငန်း Rosoboronexport အကြီးအကဲ Alexander Mikheev ကလည်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် အင်အားသုံး နှိမ်နှင်းတယ်ဆိုပြီး မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက တောင်းဆိုနေပေမဲ့ ရုရှားကတော့ မြန်မာနဲ့ စစ်ဘက် ဆက်ဆံရေးကို တိုးချဲလာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ နှောင်းပိုင်းက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှား ခရီးစဉ်အတွင်း မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ပိုပြီး အားကောင်း ခိုင်မာအောင်လုပ်သွားမယ့်အကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောကြားခဲ့တာပါ။
ရုရှားဟာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်ဖြစ်အောင် ပံ့ပိုးပေးနေတယ်လို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေပါတယ်။
နှစ်စဉ် ထောင်နဲ့ချီတဲ့ မြန်မာတပ်ဖွဲ့ဝင်တွေ ရုရှားမှာ ပညာသင်ယူနေကြသလို မြန်မာဟာ အာရှတိုက်က အဓိက မိတ်ဘက်နိုင်ငံတခုဖြစ်တယ်လို့ ရုရှားနိုင်ငံ လက်နက်နဲ့ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီ Rosetec နဲ့ Rosoboronexport ရဲ့ အကြီးအကဲ Alexander Mikheev က ဒီရက်ပိုင်း ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ MAKS လေကြောင်းပြပွဲမှာ ပြောဆိုခဲ့ပါတယ်။