သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုက္ေဘးရီးယားမွာ ႐ုရွားတိုက္ေလယာဥ္ပ်က္က် ေလယာဥ္မွဴး ၂ ဦးေသ


(Zawgyi/ Unicode)

႐ုရွား ဂ်က္တိုက္ေလယာဥ္တစင္း ဆိုက္ေဗးရီးယားက Irkutsk ၿမိဳ႔ လူေနရပ္ကြက္ထဲကို တနဂၤေႏြေန႔တုန္းက ပ်က္က်ခဲ့တဲ့ အတြက္ ေလယာဥ္မွဴး ၂ ဦး ေသဆုံးသြားခဲ့တယ္လို႔ ႐ုရွားတာ၀န္ရွိသူေတြက ေျပာဆိုပါတယ္။

ေလယာဥ္ဟာ ႏွစ္ထပ္အိမ္တလုံးေပၚကို ပ်က္က်ခဲ႔တယ္လို႔ Irkustsk အုပ္ခ်ဳပ္ေရးမႈး Igor Kobzev က Telegram လူမႈကြန္ ရက္မွာ ေဖၚျပခဲ့ပါတယ္။ တနဂၤေႏြေန႔က ပ်က္က်ခဲ့တဲ့ ေလယာဥ္ဟာ Su 30 အမ်ိဳးအစားျဖစ္ၿပီး စမ္းသပ္ပ်ံသန္းေနစဥ္ ပ်က္က်ခဲ့တာ ျဖစ္ေၾကာင္းနဲ႔ ေလယဥ္မွဴး ၂ ဦးကေတာ့ ေသဆုံးခဲ့ၿပီး အျခားထိခိုက္ဒဏ္ရာရရွိတာ မရွိဘူးလို႔ အေရးေပၚ ကယ္ဆယ္ေရးဌာန ၀န္ႀကီး ကေျပာဆိုပါတယ္။

လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚက ပုံေတြမွာေတာ့ ေနအိမ္အခ်ိဳ႕ မီးေလာင္ကၽြမ္းေနၿပီး မီးခိုးလုံးေတြ ထြက္ေနတာကို ေဖၚျပၾကပါတယ္။ အခုလို ႐ုရွားေလယာဥ္ ပ်က္က်တာဟာ ၆ ရက္အတြင္း ဒုတိယ အႀကိမ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔ ေအာက္တိုဘာ ၁၇ ရက္ေန႔တုန္းကလည္း Su 34 အမ်ိဳးအစား ဂ်က္တိုက္ေလယာဥ္တစင္း ေတာင္ပိုင္း Yeysk ၿမိဳ႔က လူေနတိုက္ခန္းေတြ အေ ပၚပ်က္က်ခဲ့တဲ့အတြက္ အနည္းဆုံးလူ ၁၅ ဦးေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆိုက်ဘေးရီးယားမှာ ရုရှားတိုက်လေယာဉ်ပျက်ကျ လေယာဉ်မှူး ၂ ဦးသေ

ရုရှား ဂျက်တိုက်လေယာဉ်တစင်း ဆိုက်ဗေးရီးယားက Irkutsk မြို့ လူနေရပ်ကွက်ထဲကို တနင်္ဂနွေနေ့တုန်းက ပျက်ကျခဲ့တဲ့ အတွက် လေယာဉ်မှူး ၂ ဦး သေဆုံးသွားခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

လေယာဉ်ဟာ နှစ်ထပ်အိမ်တလုံးပေါ်ကို ပျက်ကျခဲ့တယ်လို့ Irkustsk အုပ်ချုပ်ရေးမှုး Igor Kobzev က Telegram လူမှုကွန် ရက်မှာ ဖေါ်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ Su 30 အမျိုးအစားဖြစ်ပြီး စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခဲ့တာ ဖြစ်ကြောင်းနဲ့ လေယဉ်မှူး ၂ ဦးကတော့ သေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ အရေးပေါ် ကယ်ဆယ်ရေးဌာန ဝန်ကြီး ကပြောဆိုပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်က ပုံတွေမှာတော့ နေအိမ်အချို့ မီးလောင်ကျွမ်းနေပြီး မီးခိုးလုံးတွေ ထွက်နေတာကို ဖေါ်ပြကြပါတယ်။ အခုလို ရုရှားလေယာဉ် ပျက်ကျတာဟာ ၆ ရက်အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ အောက်တိုဘာ ၁၇ ရက်နေ့တုန်းကလည်း Su 34 အမျိုးအစား ဂျက်တိုက်လေယာဉ်တစင်း တောင်ပိုင်း Yeysk မြို့က လူနေတိုက်ခန်းတွေ အေ ပါ်ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံးလူ ၁၅ ဦးသေဆုံးခဲ့ပါတယ်။

XS
SM
MD
LG