သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားအစိုးရ႐ုပ္သံ ၀န္ထမ္းတဦး စစ္ဆန္႔က်င္ေရး ဆႏၵျပ


Photo: Channel One via Reuters

(Zawgyi / Unicode)

ရုရွားအစိုးရပုိင္ ႐ုပ္ျမင္သံၾကားမွာ သတင္းတုိက္ရုိက္ ထုတ္လႊင့္ေနစဥ္ စစ္ဆန္႔က်င္ေရး ဆုိင္းဘုတ္ကုိင္ကာ ႐ုတ္တရက္ ၀င္ေရာက္ဆႏၵျပခဲ့တဲ့ ရုပ္သံ၀န္ထမ္း အမ်ိဳးသမီး Marina Ovsyannikova ကုိ ရုရွား တရားရုံးတရုံးမွာ အဂၤါေန႔က တရားစဲြဆုိခဲ့ပါတယ္။

တနလၤာေန႔တုန္းက ရုရွားအစုိးရ အသံလႊင့္ဌာနက ၀န္ထမ္းတဦးျဖစ္တဲ့ Marina Ovsyannikova ဟာ စစ္အလုိမရွိ၊ ၀ါဒျဖန္႔ေနတာ၊ လိမ္ေနတာေတြကု ိမယုံၾကနဲ႔ ရုရွားေတြက စစ္ကုိဆန္႔က်င္တယ္လုိ႔ စာသားေတြေရးထားတဲ့ ဆုိင္းဘုတ္ကုိ ကုိင္ၿပီး အသံလႊင့္ေနသူေနာက္ကေန ရုတ္တရက္ ၀င္ေရာက္ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။

သူ႔ကုိေတာ့ ဆႏၵျပခြင့္ဥပေဒ ခ်ိဳးေဖါက္တဲ့အမႈနဲ႔ တရား႐ုံးက အဂၤါေန႔မွာပဲ အေမရိကန္ ေဒၚလာ ၂၈၀ နဲ႔ ညီမွ်တဲ့ရုရွားေငြ ၃ သိန္းနီးပါး ဒဏ္ေငြခ်မွတ္ခဲ့ပါတယ္။ သူ႔ကုိ ေနာက္ထပ္ ဘယ္လုိ ပုဒ္မေတြနဲ႔ စဲြထားျခင္း ရွိ - မရွိ မသိရေသးပါဘူး။

ယူကရိန္းကုိ ရုရွားက စတင္က်ဴးေက်ာ္ခဲ့ၿပီး ရက္အနည္းငယ္ အၾကာမွာ ထုတ္ျပန္ခဲ႔တဲ့ မီဒီယာဥပေဒအရ သူ႔ကု ိအေရးယူမယ္၊ မယူဘူး ဆုိတာကုိ ဆုံးျဖတ္ႏုိင္ဖုိ႔လည္း အဂၤါေန႔မွာပဲ သူ႔ကို စစ္ေဆးခဲ့ပါတယ္။ ဒီပုဒ္မ အရဆုိရင္ အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္အထိ က်ခံရႏုိင္ပါတယ္။

ရုရွားအစိုးရကေတာ့ သူမရဲ႕ လုပ္ရပ္ကုိ အဖ်က္အေမွာင့္ လုပ္ရပ္အျဖစ္ ေျပာဆုိထားပါတယ္။
ရုရွားက ယူကရိန္းကုိ က်ဴးေက်ာ္ၿပီးေနာက္ လြတ္လပ္တဲ့ သတင္း ဌာနေတြကို ပိတ္ပင္မႈေတြ ျဖစ္ခဲ႔ၿပီး Marina ရဲ႕ အခုလို ဆႏၵျပပြဲ ထြက္ေပၚလာတာပါ။ သူဟာ ယူကရိန္း စစ္ပဲြကုိ ေ၀ဖန္ခဲ့ၿပီး “ အခုျဖစ္ပ်က္ေနတာေတြဟာ ရာဇ၀တ္မႈ ျဖစ္ပါတယ္။ သမၼတ Putin မွာ တာ၀န္ရွိပါတယ္” လို႔ Marina က အခုလို ဆႏၵမျပခင္ ဗီြဒီယိုကေန တဆင့္ ေျပာဆိုခဲ႔ပါတယ္။

အခုလုိ လြပ္လပ္စြာ ေဖၚျပခြင့္ အခြင့္အေရးကုိ အသုံးျပဳတဲ့ အေပၚ လက္တုန္႔ျပန္ အေရးယူတာမ်ိဳး မလုပ္ဖုိ႔ ကုလ သမဂၢ လူ႔အခြင့္အေရးရုံးရဲ႕ ေျပာေရးဆုိခြင့္ရွိသူက အဂၤါေန႔မွာ ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားအစိုးရရုပ်သံ ဝန်ထမ်းတဦး စစ်ဆန့်ကျင်ရေး ဆန္ဒပြ

ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားမှာ သတင်းတိုက်ရိုက် ထုတ်လွှင့်နေစဉ် စစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ကာ ရုတ်တရက် ဝင်ရောက်ဆန္ဒပြခဲ့တဲ့ ရုပ်သံဝန်ထမ်း အမျိုးသမီး Marina Ovsyannikova ကို ရုရှား တရားရုံးတရုံးမှာ အင်္ဂါနေ့က တရားစွဲဆိုခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ရုရှားအစိုးရ အသံလွှင့်ဌာနက ဝန်ထမ်းတဦးဖြစ်တဲ့ Marina Ovsyannikova ဟာ စစ်အလိုမရှိ၊ ဝါဒဖြန့်နေတာ၊ လိမ်နေတာတွေကု ိမယုံကြနဲ့ ရုရှားတွေက စစ်ကိုဆန့်ကျင်တယ်လို့ စာသားတွေရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး အသံလွှင့်နေသူနောက်ကနေ ရုတ်တရက် ဝင်ရောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုတော့ ဆန္ဒပြခွင့်ဥပဒေ ချိုးဖေါက်တဲ့အမှုနဲ့ တရားရုံးက အင်္ဂါနေ့မှာပဲ အမေရိကန် ဒေါ်လာ ၂၈၀ နဲ့ ညီမျှတဲ့ရုရှားငွေ ၃ သိန်းနီးပါး ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ သူ့ကို နောက်ထပ် ဘယ်လို ပုဒ်မတွေနဲ့ စွဲထားခြင်း ရှိ - မရှိ မသိရသေးပါဘူး။ ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ခဲ့ပြီး ရက်အနည်းငယ် အကြာမှာ ထုတ်ပြန်ခဲ့တဲ့ မီဒီယာဥပဒေအရ သူ့ကု ိအရေးယူမယ်၊ မယူဘူး ဆိုတာကို ဆုံးဖြတ်နိုင်ဖို့လည်း အင်္ဂါနေ့မှာပဲ သူ့ကို စစ်ဆေးခဲ့ပါတယ်။ ဒီပုဒ်မ အရဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ရုရှားအစိုးရကတော့ သူမရဲ့ လုပ်ရပ်ကို အဖျက်အမှောင့် လုပ်ရပ်အဖြစ် ပြောဆိုထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် လွတ်လပ်တဲ့ သတင်း ဌာနတွေကို ပိတ်ပင်မှုတွေ ဖြစ်ခဲ့ပြီး Marina ရဲ့ အခုလို ဆန္ဒပြပွဲ ထွက်ပေါ်လာတာပါ။ သူဟာ ယူကရိန်း စစ်ပွဲကို ဝေဖန်ခဲ့ပြီး “ အခုဖြစ်ပျက်နေတာတွေဟာ ရာဇဝတ်မှု ဖြစ်ပါတယ်။

သမ္မတ Putin မှာ တာဝန်ရှိပါတယ်” လို့ Marina က အခုလို ဆန္ဒမပြခင် ဗွီဒီယိုကနေ တဆင့် ပြောဆိုခဲ့ပါတယ်။ အခုလို လွပ်လပ်စွာ ဖေါ်ပြခွင့် အခွင့်အရေးကို အသုံးပြုတဲ့ အပေါ် လက်တုန့်ပြန် အရေးယူတာမျိုး မလုပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG