သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပိုလန္နယ္စပ္အနီး ႐ုရွား ဒုံုးက်ည္တို္က္ခိုက္မႈ အရွိန္ျမႇင့္


Yavoriv စစ္ေရးေလ့က်င့္စခန္း တုိက္ခုိက္ခံရၿပီး ပ်က္စီးသြားတဲ့ အေဆာက္အဦတခု။ (မတ္ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေနာက္ဘက္ ပိုလန္နယ္စပ္နဲ႔ ၁၅ မိုင္အကြာက ယူကရိန္းရဲ႕ အႀကီးဆံုး စစ္ေရးေလ့က်င့္ရာ အေျခစိုက္စခန္းတခုကို ႐ုရွားက မစ္ဇုိင္းဒံုးနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ လူ ၃၅ ဦးေသဆံုးၿပီး ၁၃၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ ယူကရိန္းအရာရွိေတြက ေျပာပါတယ္။

ယူကရိန္းဒုကၡသည္ေတြ ပိုလန္ကိုဝင္ဖို႔အတြက္ အခ်က္အခ်ာက်တဲ့ Lviv ၿမိဳ႕ကေန ၃၇ မိုင္အကြာမွာရွိတဲ့ Yavoriv စစ္ေရးေလ့က်င့္စခန္း အတိုက္ခိုက္ခံရတာ ျဖစ္ပါတယ္။

ယူကရိန္းအေနာက္ပိုင္းက ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးစင္တာ (ICPS) ကိုပါ ႐ုရွားက တိုက္ခိုက္ခဲ့တာေၾကာင့္ Lviv ၿမိဳ႕လည္း မၾကာမီ အတိုက္ခိုက္ခံရတဲ့ထဲ ပါလာႏိုင္တာေၾကာင့္ စိုးရိမ္မႈေတြ တိုးလာေနတာပါ။

အေမရိကန္အစိုးရ အေထာက္အပံ့နဲ႔ ေဆာင္ရြက္ေနတဲ့ NGO အဖြဲ႔ေတြဆီ ယူကရိန္း အေနာက္ပိုင္းက ၿမိဳ႕ေတြမွာ လံုၿခံဳမႈမရွိေတာ့ေၾကာင္း အေၾကာင္းၾကားထားသလို Lviv ၿမိဳ႕မွာလည္း မေနဘဲ နယ္စပ္ရြာေလးေတြဆီ ေရႊ႕ေျပာင္းခိုလႈံဖို႔ အႀကံေပးထားတာ ျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းေတြအတြင္း ယူကရိန္းအေနာက္ပိုင္းက စစ္တပ္ပိုင္ ေနရာေတြကို ႐ုရွားက ေလေၾကာင္းနဲ႔ ပစ္မွတ္ထား တိုက္ခိုက္လာေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက Lviv ေတာင္ဘက္ မိုင္ ၈၀ ဝန္းက်င္က ေလေၾကာင္းကာကြယ္ေရးဆိုင္ရာနဲ႔ စစ္ေလယာဥ္ကြင္းေတြ အတိုက္ခိုက္ခံခဲ့ရၿပီး ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ Igor Konashenkov ကေတာ့ ယူကရိန္းအေနာက္ပိုင္း ၿမိဳ႕ ၂ ၿမိဳ႕မွာရွိတဲ့ စစ္ေလယာဥ္ကြင္း ၂ ခုကို တာေဝးပစ္ မစ္ဇုိင္းဒံုးနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ေသာၾကာေန႔က ေျပာၾကားခဲ့တာပါ။

ယူကရိန္းစစ္တပ္ တာဝန္ရွိသူေတြကလည္း ဒီလို အတိုက္ခိုက္ခံရတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အခုလို ပိုလန္နယ္စပ္နားမွာ အတိုက္ခိုက္ခံရတာဟာ ဥေရာပက ႏိုင္ငံေရးသမားေတြကို ယူကရိန္းအေရး ပိုသတိျပဳလာေစပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ပိုလန်နယ်စပ်အနီး ရုရှား ဒုံးကျည်တိုက်ခိုက်မှု အရှိန်မြှင့်

ယူကရိန်းအနောက်ဘက် ပိုလန်နယ်စပ်နဲ့ ၁၅ မိုင်အကွာက ယူကရိန်းရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်ရာ အခြေစိုက်စခန်းတခုကို ရုရှားက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၃၅ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

ယူကရိန်းဒုက္ခသည်တွေ ပိုလန်ကိုဝင်ဖို့အတွက် အချက်အချာကျတဲ့ Lviv မြို့ကနေ ၃၇ မိုင်အကွာမှာရှိတဲ့ Yavoriv စစ်ရေးလေ့ကျင့်စခန်း အတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ယူကရိန်းအနောက်ပိုင်းက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစင်တာ (ICPS) ကိုပါ ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် Lviv မြို့လည်း မကြာမီ အတိုက်ခိုက်ခံရတဲ့ထဲ ပါလာနိုင်တာကြောင့် စိုးရိမ်မှုတွေ တိုးလာနေတာပါ။

အမေရိကန်အစိုးရ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ NGO အဖွဲ့တွေဆီ ယူကရိန်း အနောက်ပိုင်းက မြို့တွေမှာ လုံခြုံမှုမရှိတော့ကြောင်း အကြောင်းကြားထားသလို Lviv မြို့မှာလည်း မနေဘဲ နယ်စပ်ရွာလေးတွေဆီ ရွှေ့ပြောင်းခိုလှုံဖို့ အကြံပေးထားတာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းတွေအတွင်း ယူကရိန်းအနောက်ပိုင်းက စစ်တပ်ပိုင် နေရာတွေကို ရုရှားက လေကြောင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက Lviv တောင်ဘက် မိုင် ၈၀ ဝန်းကျင်က လေကြောင်းကာကွယ်ရေးဆိုင်ရာနဲ့ စစ်လေယာဉ်ကွင်းတွေ အတိုက်ခိုက်ခံခဲ့ရပြီး ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov ကတော့ ယူကရိန်းအနောက်ပိုင်း မြို့ ၂ မြို့မှာရှိတဲ့ စစ်လေယာဉ်ကွင်း ၂ ခုကို တာဝေးပစ် မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သောကြာနေ့က ပြောကြားခဲ့တာပါ။

ယူကရိန်းစစ်တပ် တာဝန်ရှိသူတွေကလည်း ဒီလို အတိုက်ခိုက်ခံရတယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုလို ပိုလန်နယ်စပ်နားမှာ အတိုက်ခိုက်ခံရတာဟာ ဥရောပက နိုင်ငံရေးသမားတွေကို ယူကရိန်းအရေး ပိုသတိပြုလာစေပါတယ်။

XS
SM
MD
LG