သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပိုလန္နယ္စပ္ ယူကရိန္းစစ္စခန္းကို ႐ုရွားတိုက္ခိုက္


ယူကရိန္းႏုိင္ငံ Mariupol ၿမိဳ႕မွာ ေစာင့္ၾကပ္ေနတဲ့ ယူကရိန္းစစ္သည္တဦး။ (မတ္ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေနာက္ပိုင္းက စစ္စခန္းတခုကို ႐ုရွားက တနဂၤေႏြေန႔ အေစာပိုင္းမွာ ဒုံးက်ည္အစင္း ၃၀ နဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ အနည္းဆုံး လူ ၃၅ ေယာက္ ေသဆုံးၿပီး ၁၃၄ ေယာက္ ဒဏ္ရာရွိခဲ့ၾကတယ္လို႔ ယူကရိန္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အဲဒီစစ္စခန္းဟာ ပိုလန္နဲ႔ နယ္စပ္မွာရွိၿပီး ပိုလန္မွာရွိတဲ့ ေနတိုးတပ္ေတြနဲ႔ ၂၅ ကီလိုမီတာပဲ ေဝးတာပါ။ ယူကရိန္းစစ္သားေတြကို ဒီစခန္းမွာ ေနတိုးနဲ႔ အေနာက္ႏိုင္ငံ အရာရွိေတြက စစ္ေရး ေလ့က်င့္ေပးၾကပါတယ္။

ယူကရိန္းႏိုင္ငံတလႊားက ၿမိဳ႕ေတြကို ႐ုရွားတပ္ေတြက အေျမာက္ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ေနတဲ့အျပင္ ေလေၾကာင္းကလည္း တိုက္ခိုက္ေနပါတယ္။

႐ုရွားက တိုက္ခိုက္တာေၾကာင့္ လူသားခ်င္း စာနာေထာက္ထားေရး လမ္းေၾကာင္းလို႔ သတ္မွတ္ထားတဲ့ လမ္းေတြကေန ထြက္ခြါေနၾကတဲ့ အရပ္သူ အရပ္သား မ်ားစြာ စေနေန႔က ေသဆုံးခဲ့ရပါတယ္။ လမ္းေၾကာင္း ၁၄ ခုအနက္ ၉ ခုပဲ စေနေန႔က ပြင့္ခဲ့တယ္လို႔ ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk က ေျပာပါတယ္။

႐ုရွားက ယူကရိန္း ၿပိဳကြဲသြားေအာင္ ႏိုင္ငံအတုေတြကို ဖန္တီးေနတယ္လို႔ စေနေန႔ညက ႏိုင္ငံကိုေျပာတဲ့ ႐ုပ္ျမင္သံၾကား မိန႔္ခြန္းမွာ ယူကရိန္းသမၼတ Volodymyr Zelenskiy က ေျပာပါတယ္။

ျပင္သစ္နဲ႔ ဂ်ာမနီ ေခါင္းေဆာင္ေတြက ႐ုရွားသမၼတနဲ႔ စေနေန႔က စကားေျပာခဲ့ၾကပါတယ္။ ဒါေပမယ့္ ပူတင္ဘက္က စစ္ကို အဆုံးသတ္လိုတဲ့ ဆႏၵကို မေတြ႔ရဘူးလို႔ ျပင္သစ္ႏိုင္ငံက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပိုလန်နယ်စပ် ယူကရိန်းစစ်စခန်းကို ရုရှားတိုက်ခိုက်

ယူကရိန်းအနောက်ပိုင်းက စစ်စခန်းတခုကို ရုရှားက တနင်္ဂနွေနေ့ အစောပိုင်းမှာ ဒုံးကျည်အစင်း ၃၀ နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ယောက် သေဆုံးပြီး ၁၃၄ ယောက် ဒဏ်ရာရှိခဲ့ကြတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစစ်စခန်းဟာ ပိုလန်နဲ့ နယ်စပ်မှာရှိပြီး ပိုလန်မှာရှိတဲ့ နေတိုးတပ်တွေနဲ့ ၂၅ ကီလိုမီတာပဲ ဝေးတာပါ။ ယူကရိန်းစစ်သားတွေကို ဒီစခန်းမှာ နေတိုးနဲ့ အနောက်နိုင်ငံ အရာရှိတွေက စစ်ရေး လေ့ကျင့်ပေးကြပါတယ်။

ယူကရိန်းနိုင်ငံတလွှားက မြို့တွေကို ရုရှားတပ်တွေက အမြောက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတဲ့အပြင် လေကြောင်းကလည်း တိုက်ခိုက်နေပါတယ်။

ရုရှားက တိုက်ခိုက်တာကြောင့် လူသားချင်း စာနာထောက်ထားရေး လမ်းကြောင်းလို့ သတ်မှတ်ထားတဲ့ လမ်းတွေကနေ ထွက်ခွါနေကြတဲ့ အရပ်သူ အရပ်သား များစွာ စနေနေ့က သေဆုံးခဲ့ရပါတယ်။ လမ်းကြောင်း ၁၄ ခုအနက် ၉ ခုပဲ စနေနေ့က ပွင့်ခဲ့တယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။

ရုရှားက ယူကရိန်း ပြိုကွဲသွားအောင် နိုင်ငံအတုတွေကို ဖန်တီးနေတယ်လို့ စနေနေ့ညက နိုင်ငံကိုပြောတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy က ပြောပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက ရုရှားသမ္မတနဲ့ စနေနေ့က စကားပြောခဲ့ကြပါတယ်။ ဒါပေမယ့် ပူတင်ဘက်က စစ်ကို အဆုံးသတ်လိုတဲ့ ဆန္ဒကို မတွေ့ရဘူးလို့ ပြင်သစ်နိုင်ငံက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG