သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အမႈအားလံုး ေနျပည္ေတာ္မွာ ရင္ဆိုင္ရမယ္


ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈလိုက္ေရွ႕ေန ဦးခင္ေမာင္ေဇာ္နဲ႔အဖြဲ႔

(Zawgyi/Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ မႏၱေလးၿမိဳ႕မွာ တရားစြဲထားတဲ့ အမႈ ေလးခုကို လာမယ့္ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး ေနျပည္ေတာ္မွာ စတင္စစ္ေဆးၾကားနာမွာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို လက္႐ွိၾကားနာေနတဲ့ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ အဂတိလိုက္စားမႈ ေလးမႈကို စစ္ေဆးမွာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေန တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗီြအိုေအကို ေျပာပါတယ္။

"အခုအမႈေတြလိုေပါ့ဗ်ာ။ ေသာၾကာေန႔ တပတ္ျခားကို ေလးမႈစလုံးေခၚတာေပါ့။ သက္ေသေတြက ေတာ္ေတာ္မ်ားမ်ားက အတူတူျဖစ္လိမ့္မယ္ဗ်၊ အဲေတာ့ တခါထဲစစ္လို႔ရေအာင္ လုပ္တာနဲ႔တူပါတယ္။ ဦးဝင္းျမင့္ရယ္၊ ေဒၚေအာင္ဆန္းစုၾကည္၊ ေနာက္တခါ ဦးဝင္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္၊ အဲလိုတြဲတာလည္း တမႈပါပါေသးတယ္။ အဲလိုေတြပါ။"

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကုိ မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္မွာ စစ္ေကာင္စီက အမႈ ေလးမႈနဲ႔ တရားစြဲထားတာျဖစ္ၿပီး အဲဒီအမႈေတြကို ေနျပည္ေတာ္မွာ ေျပာင္းေ႐ႊ႕စစ္ေဆးဖုိ႔ အခု ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။
ႏွစ္ပတ္တစ္ခါ ေသာၾကာေန႔တိုင္း မႏၲေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးက ေနျပည္ေတာ္မွာ လာစစ္ေဆးမွာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ မႏၱေလးၿမိဳ႕မွာ အမႈဖြင့္ခဲ့တဲ့ အဂတိလိုက္စားမႈေတြထဲမွာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီက အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အကယ္ဒမီအေခါက္ေ႐ႊ ၇ ပိႆာကို သုံးႀကိမ္ခြဲယူတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တမႈပါဝင္ပါတယ္။ ေနာက္ထပ္ သံုးမႈကေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ပတ္သက္လို႔ တရားစြဲထားတာျဖစ္ပါတယ္။

ဒါ့အျပင္ မၾကာခင္ကမွ အဂတိလိုက္စားမႈ ေနာက္တမႈနဲ႔ ရန္ကုန္မွာလည္း တရားစြဲထားပါတယ္။ ဒီအမႈနဲ႔ပတ္သက္လို႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြဘက္က အတိအက် မသိၾကေသးပါဘူး။

အဂတိလိုက္စားမႈပုဒ္မနဲ႔ အျပစ္ရွိတယ္လို႔ စီရင္ခ်က္ခ်ရင္ တမႈကို အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်ႏိုင္ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ ငါးမႈအပါအဝင္ စုစုေပါင္း အမႈ ၁၁ မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ရန္ကုန္မွာ အမႈဖြင့္ခဲ့တဲ့ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ ေပါက္ၾကားမႈကိုလည္း ေနျပည္ေတာ္ သီးသန္႔ အထူးတရား႐ံုးမွာ စစ္ေဆးမွာျဖစ္ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည် အမှုအားလုံး နေပြည်တော်မှာ ရင်ဆိုင်ရမယ်

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ေဒါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ မန္တလေးမြို့မှာ တရားစွဲထားတဲ့ အမှု လေးခုကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နေပြည်တော်မှာ စတင်စစ်ဆေးကြားနာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို လက်ရှိကြားနာနေတဲ့ နေပြည်တော် သီးသန့်တရားရုံးမှာ အဂတိလိုက်စားမှု လေးမှုကို စစ်ဆေးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

"အခုအမှုတွေလိုပေါ့ဗျာ။ သောကြာနေ့ တပတ်ခြားကို လေးမှုစလုံးခေါ်တာပေါ့။ သက်သေတွေက တော်တော်များများက အတူတူဖြစ်လိမ့်မယ်ဗျ၊ အဲတော့ တခါထဲစစ်လို့ရအောင် လုပ်တာနဲ့တူပါတယ်။ ဦးဝင်းမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ နောက်တခါ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်၊ အဲလိုတွဲတာလည်း တမှုပါပါသေးတယ်။ အဲလိုတွေပါ။"

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှာ စစ်ကောင်စီက အမှု လေးမှုနဲ့ တရားစွဲထားတာဖြစ်ပြီး အဲဒီအမှုတွေကို နေပြည်တော်မှာ ပြောင်းရွှေ့စစ်ဆေးဖို့ အခု ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
နှစ်ပတ်တစ်ခါ သောကြာနေ့တိုင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးက နေပြည်တော်မှာ လာစစ်ဆေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် မန္တလေးမြို့မှာ အမှုဖွင့်ခဲ့တဲ့ အဂတိလိုက်စားမှုတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တမှုပါဝင်ပါတယ်။ နောက်ထပ် သုံးမှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ တရားစွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် မကြာခင်ကမှ အဂတိလိုက်စားမှု နောက်တမှုနဲ့ ရန်ကုန်မှာလည်း တရားစွဲထားပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က အတိအကျ မသိကြသေးပါဘူး။

အဂတိလိုက်စားမှုပုဒ်မနဲ့ အပြစ်ရှိတယ်လို့ စီရင်ချက်ချရင် တမှုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု ငါးမှုအပါအဝင် စုစုပေါင်း အမှု ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ရန်ကုန်မှာ အမှုဖွင့်ခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုကိုလည်း နေပြည်တော် သီးသန့် အထူးတရားရုံးမှာ စစ်ဆေးမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG