သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်


မြို့ပြပေါ်က ကျုးကျော်အိမ်ယာတွေ အရေးကိစ္စဟာ လက်ရှိတိုင်းအစိုးတွေအတွက် ကိုင်တွယ်ရခက်ခဲသိမ်မွေ့တဲ့ ပြဿနာတရပ်ဖြစ်လာပါတယ်။ ကျုးကျော်အိမ်ယာတွေ အတင်းဖျက်သိမ်းခြင်းအားဖြင့် ပြဿနာတွေပြေလည်သွားဖွယ်ရှိပါသလား၊ ဒါမှမဟုတ် ကျူးပြဿနာကို ဘယ်လိုကိုင်တွယ်သင့်ပါသလဲ လာမယ့်စနေညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေ မိမိတို့ တယ်လီဖုန်းနံပါတ်တွေကို ဗွီအိုအေထံ ကြိုတင်ပေးပို့ထားမယ်ဆိုရင် ၊ တိုက်ရိုက်လေလှိုင်းအစီအစဉ်လွှင့်ထုတ်ချိန်မှာ ပြန်လည်ခေါ်ယူပေးပါမယ်။ ဒါမှမဟုတ် မိမိတို့ အမြင် မိမိတို့ မေးမြန်းလိုတာတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့လည်း ရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာလည်း မှတ်ချက် မေးခွန်း ရေးပို့ထားလို့ရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းရဲ့ အီးမေလ်းလိပ်စာက burmese@VOANews.com ဖြစ်ပြီး တယ်လီဖုံးနံပါတ်ကတော့ +1 202 382 5554 ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းမယ့် သောတရှင်တွေကို ကြိုဆိုပါတယ်။

XS
SM
MD
LG