သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

7 Day သတင်းစာ၊ စစ်ဘက်နဲ့ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်


7Day သတင်းစာက စစ်ဘက်တို့ တောင်းပန်သည့် ပန်ကြားလွှာ။
7Day သတင်းစာက စစ်ဘက်တို့ တောင်းပန်သည့် ပန်ကြားလွှာ။

7 Day သတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းတပုဒ်ကြောင့် စစ်တပ်က သတင်းစာကို အမှုဖွင့် တရားစွဲဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်ဘက်ညှိနှိုင်းပြီးတဲ့နောက် 7 Day သတင်းစာက အစိုးရပိုင်သတင်းစာတွေကနေ တပ်မတော်သို့ပန်ကြားလွှာဆိုတာကို ထည့်ပြီးတော့ တောင်းပန်ခဲ့ပြီး တပ်ဘက်ကလည်း တရားစွဲထားတာကို ပြန်ရုပ်လိုက်ပါတယ်။

7 Day ရဲ့သတင်းရေးသားချက်မှာ တပ်က တရားစွဲရလောက်အောင် ဘာတွေများ မှားယွင်းသွားပါသလဲ၊ ဘယ်လောက်ထိ ထိခိုက်နစ်နာတာကြောင့် တရားစွဲတဲ့ထိ ဖြစ်ရပါသလဲ၊ ပြည်သူရဲ့ နား မျက်စေ့ဖြစ်တဲ့ သတင်းမီဒီယာဟာ တပ်နဲ့ပတ်သက်ရင် လက်ရှောင်ပြီး ဘာမှ မပြော မရေး မထုတ်လွှင့်ဖို့ ထပ်ပြီး သတိပေးလိုက်တာပါလား၊ ဒီမိုကရေစီရဲ့အသက်သွေးကြော သတင်းလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံမှာ ဆက်ပြီး ခြိမ်းခြောက်ခံနေရဆဲပဲလားဆိုတာ ဒီအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ ဦးမြင့်ကျော်၊ မြန်မာ သတင်းစာပညာသိပ္ပံကျောင်းရဲ့ သင်တန်းညွန်ကြားရေးမှူး ဦးစိန်ဝင်းတို့နဲ့အတူ သောတရှင်တွေက တိုက်ရိုက် ပါဝင်ဆွေးနွေးထားကြပါတယ်။

7 Day သတင်းစာ၊ စစ်ဘက်နဲ့ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်
please wait

No media source currently available

0:00 0:26:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG