သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံး မလေးရှားလေယာဉ် MH-370 ရှာဖွေရေး အဆုံးသတ်ပြီ


ပျောက်ဆုံး မလေးရှားလေယာဉ် MH-370 ကို လိုက်လံရှာဖွေခဲ့ကြစဉ်။

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် MH 370 ဘိုးအင်းလေယာဉ် ကို ရှာဖွေနေတဲ့လုပ်ငန်း အဆုံးသတ်တော့မှာဖြစ်ပါတယ်။

လက်ရှိရှာဖွေရေး လုပ်နေတဲ့ဒေသကို လုံးဝ ရှာဖွေပြီးစီးသွားပြီဆိုရင် ရှာဖွေရေး လုပ်ငန်းကို ရပ်ဆိုင်းတော့မယ်လို့ အိန္ဒိယသမုဒ္ဒရာ မှာ ပူးတွဲရှာဖွေရေးလုပ်နေကြတဲ့ မလေးရှား၊ သြစတြေးလျနဲ့ တရုတ်နို်င်ငံတွေက သယ်ယူပို့ဆောင်ရေးဝန်ကြီးတွေ သဘောတူ လိုက်ကြတာပါ။ မလေးရှားနိုင်ငံမှာ ဒီကနေ့ ၀န်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ကို ကြေညာတာပါ။

ခိုင်လုံတဲ့ သတင်းအချက်အလက်တခုခု ရလာမယ်ဆိုရင် ရှာဖွေရေးလုပ်ငန်း အသစ်ပြန်လုပ်ဖို့ စဉ်းစားမယ်လို့ မလေးရှား သယ်ယူ ပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai က ပြောပါတယ်။

လူပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ဟာ ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမြို့တော်ကနေ ဘေဂျင်းမြို့ တော်ကို ပျံသန်းနေချိန် အတွင်း ပျောက်ဆုံးသွားတာပါ။ လေယာဉ်ပေါ်ပါ ခရီးသည် သုံးပုံနှစ်ပုံဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

လေယာဉ် ဘာ့ကြောင့်ပျက်ကျတယ်၊ ဘယ်လိုပျက်ကျတယ်ဆိုတာ ကျနော်တို့ မသိပါဘူးလို့ မလေးရှားလေကြောင်းလိုင်းရဲ့ အမှု ဆောင်အရာရှိချုပ် Ahmad Jauhari Yahya က အဲဒီအချိန်က ပြောခဲ့ပါတယ်။ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းမှု၊ လေယာဉ်မှူး ကို အနှောက်အယှက်ပေးခံရတာ ဒါမှမဟုတ် အကြမ်းဖက်ဝါဒနဲ့ တိုက်ခိုက်ခံရတာတွေအပါအ၀င် ဖြစ်နိုင်ခြေတွေအားလုံးကို ထည့်သွင်းစဉ်းစားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ၂၀၁၄ ခုနှစ်မှာ ပြောထားပါတယ်။

XS
SM
MD
LG