သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ဂျာမဏီနိုင်ငံထွက်ခွာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဥရောပခရီးစဉ် တခု ထွက်ခွာစဉ် (ဓာတ်ပုံ - AP)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဥရောပခရီးစဉ် တခု ထွက်ခွာစဉ် (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

လစ်ဗျားအရေးဆွေးနွေးမယ့် ညီလာခံတခုကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဂျာမဏီနိုင်ငံကို အင်္ဂါနေ့မှာ ထွက်ခွါသွားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေကို မီးလောင်တိုက်သွင်းပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို ငြင်းကွယ်မှုတွေအပါအဝင် ဂျူးမုန်းတီးရေးဝါဒကို တန်ပြန်ကိုင်တွယ်ရေး ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ဝန်ကြီး Blinken တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံနဲ့ ကုလသမဂ္ဂက ကမကထလုပ်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဘာလင်ညီလာခံမှာတော့ လစ်ဗျားနိုင်ငံထဲကတိုက်ခိုက်မှုတွေရေရှည်ရပ်တန့်ပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်အောင် ထောက်ပံ့ကူညီရေး ဆွေးနွေးကြမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း လစ်ဗျားမှာ ဒီဇင်ဘာလကျရင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအရ တရားဝင်မဲပေးနိုင်ရေးအပါအဝင် အခြား လိုအပ်တဲ့ လုပ်ငန်း အဆင့်တွေကို ဒီညီလာခံက စီစဉ်ပေးနိုင်လိမ့်မယ်လို့ လစ်ဗျားနိုင်ငံဆိုင်ရာအမေရိကန် အထူးကိုယ်စားလှယ် Richard Norlandကပြောပါတယ်။ လစ်ဗျားနိုင်ငံထဲက နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ ထွက်ခွါသွားရေးကိစ္စကိုလည်း ညီလာခံမှာဆွေးနွေးမယ်လု့ိ Richard Norland ကသတင်းထောက်တွေကို တနင်္လာနေ့မှာပြောပါတယ်။

နေတိုးတပ်တွေကျောထောက်နောက်ခံပေးခဲ့တဲ့ ၂၀၁၁ ခုနှစ်လူထုအုံကြွမှုမှာ နှစ်ပေါင်းများစွာ အာဏာရယူထားတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီဖယ်ရှားခံခဲ့ရပြီးတဲ့ နောက်ပိုင်း လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့အောက်တိုဘာလရထားတဲ့ အပစ်ရပ်သဘောတူညီမှု မှာတော့နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေနဲ့ ကြေးစားစစ်သားအားလုံး လစ်ဗျားကနေ ၃ လအတွင်းထွက်ခွါပေးဖို့ သတ်မှတ်ထားပါတယ်။ အဲဒီ သဘောတူညီမှုမရခင်အချိန်ထိ ပြိုင်ဖက်အစိုးရတရပ်က နိုင်ငံဒေသတချို့မှာအုပ်ချုပ်နေတာဖြစ်ပါတယ်။

..............................................................................

ကန်နိုင်ငံခြားရေးဝန်ကြီး ဂျာမဏီနိုင်ငံထွက်ခွာ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်



(Unicode)




XS
SM
MD
LG