သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာ့အေရး လုံျခံဳေရးေကာင္စီမွာ သီးသန္႔ေဆြးေႏြး 


11일 유엔 안보리에서 북한 문제를 논의하기 위한 공개회의가 열렸다.

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ စီးပြားေရး လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ေသာၾကာေန႔က သီးသန္႔ေဆြးေႏြးပါတယ္။

ျမန္မာ့အေရး လုံျခံဳေရးေကာင္စီမွာ သီးသန္႔ေဆြးေႏြး

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ စီးပြားေရး လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ေသာၾကာေန႔က သီးသန္႔ေဆြးေႏြးပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္လည္း ပါ၀င္ခဲ့တဲ့ ေဆြးေႏြးပဲြ မတိုင္ခင္မွာပဲ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ အေထြေထြ အက်ပ္အတည္းေတြအေပၚ စိုးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္ ဒုတိယသံအမတ္ႀကီး James Kariuki က ေျပာဆိုလိုက္တာပါ။

“ျမန္မာစစ္တပ္လက္ထက္မွာ စီးပြားေရး၊ ႏိုင္ငံေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ပိုမိုနက္ရႈိင္းလာေနပါတယ္။ ရြာေတြကို ဗုံးႀကဲခံရတာ၊ မီး႐ႈိ႕ခံရတာေတြကိုလည္း အရပ္သားေတြ ရင္ဆိုင္ေနရာပါတယ္။ ဒါေၾကာင့္လည္း ျမန္မာ့အေရး အေလးထားေျပာရမယ့္ အေရးႀကီးတဲ့ အခ်ိန္ပါ။ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ဟာလည္း ၁ ႏွစ္ေက်ာ္လာေပမဲ့ တိုးတက္မႈ မေတြ႕ရပါဘူး။” လို႔ ၿဗိတိန္ ဒုတိယသံအမတ္ႀကီးက နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ သတင္းေထာက္ေတြကို ေျပာသြားတာပါ။

အတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာလည္း လုံျခံဳေရးေကာင္စီ ျမန္မာ့အေရး ေဆြးေႏြးပဲြမွာ အစီရင္ခံ တင္ျပခဲ့ေၾကာင္း ကုလသမဂၢေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ေပမဲ့ ေဆြးေႏြးမႈ အေသးစိတ္ေတာ့ မေျပာပါဘူး။

အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ဟာ Switzerland ႏိုင္ငံ Davos မွာက်င္းပေနတဲ့ ကမာၻ႔စီးပြားေရးဖိုရမ္မွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔လည္း သီးသန္႔ေတြ႕ဆုံခဲ့ၿပီး ျမန္မာ့အေရးေဆြးေႏြးခဲ့တာပါ။ ေတြ႕ဆုံမႈအတြင္း အာဆီယံအလွည့္က် ဥကၠ႒ ကေမာၻဒီးယား အေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ဆႏၵနဲ႔ လိုအပ္ခ်က္ေတြကို ထင္ဟပ္ေစမယ့္ ျမန္မာဦးေဆာင္တဲ့ လုပ္ငန္းစဥ္အတြက္ ပံ့ပိုးေပးဖို႔၊ ျမန္မာႏိုင္ငံကို သြားေရာက္မယ့္ ခရီးစဥ္အတြင္း ျမန္မာျပည္သူေတြ အက်ိဳးရွိေစမယ့္ ရလဒ္ေကာင္းအတြက္ ေမွ်ာ္မွန္းၿပီး အဖြဲ႔အစည္းအားလံုးနဲ႔ တက္တက္ႂကြႂကြ ၫွိႏိႈင္းဖို႔ပါ တိုက္တြန္းခဲ့တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................................

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေး

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး လူသားချင်းစာနာမှု အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က သီးသန့်ဆွေးနွေးပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ပါဝင်ခဲ့တဲ့ ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုတိယသံအမတ်ကြီး James Kariuki က ပြောဆိုလိုက်တာပါ။

“မြန်မာစစ်တပ်လက်ထက်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာနေပါတယ်။ ရွာတွေကို ဗုံးကြဲခံရတာ၊ မီးရှို့ခံရတာတွေကိုလည်း အရပ်သားတွေ ရင်ဆိုင်နေရာပါတယ်။ ဒါကြောင့်လည်း မြန်မာ့အရေး အလေးထားပြောရမယ့် အရေးကြီးတဲ့ အချိန်ပါ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း ၁ နှစ်ကျော်လာပေမဲ့ တိုးတက်မှု မတွေ့ရပါဘူး။” လို့ ဗြိတိန် ဒုတိယသံအမတ်ကြီးက နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။

အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာလည်း လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အစီရင်ခံ တင်ပြခဲ့ကြောင်း ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပေမဲ့ ဆွေးနွေးမှု အသေးစိတ်တော့ မပြောပါဘူး။

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ Switzerland နိုင်ငံ Davos မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့တာပါ။ တွေ့ဆုံမှုအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ လိုအပ်ချက်တွေကို ထင်ဟပ်စေမယ့် မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်အတွက် ပံ့ပိုးပေးဖို့၊ မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အတွင်း မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် ရလဒ်ကောင်းအတွက် မျှော်မှန်းပြီး အဖွဲ့အစည်းအားလုံးနဲ့ တက်တက်ကြွကြွ ညှိနှိုင်းဖို့ပါ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG