သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အမျိုးသမီးတွေအပေါ် တင်းကြပ်မှုတွေ ရုပ်သိမ်းဖို့ ကုလလုံခြုံရေးကောင်စီတောင်းဆို


(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ လူ့အခွင့်ရေးနဲ့ အမျိုးသမီးများရဲ့ လွတ်လပ်ခွင့် အပေါ် တင်းကြပ် ချုပ်ချယ်တဲ့မူဝါဒကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းဖို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တခဲနက် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဖဂန်မှာ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူအမျိုးသမီးတွေ မျက်နှာ အပါအဝင် တကိုယ် လုံးကို လုံအောင် ဖုံးအုပ်ဝတ်ဆင်ထားရမယ်လို့ တာလီဘန်တွေ အမိန့်ထုတ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

နော်ဝေနိုင်ငံက မူကြမ်းအဖြစ် ပြုစုခဲ့တဲ့ လုံခြုံရေးကောင်စီ ကြေညာချက်မှာတော့ အာဖဂန်မှာ အမျိုးသမီးတွေ အနေနဲ့ ပညာရေး၊ အလုပ်အကိုင်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နဲ့ အမျိုးသမီးတွေ အနေနဲ့ လုပ်ငန်းဆောင်တာတွေမှာ အပြည့်အဝနဲ့ အညီအမျှ ပါဝင်လုပ်ဆောင်နိုင်ခွင့် စတာတွေကို ပိတ်ပင်တားမြစ်တဲ့ အပေါ် အထူးစိုးရိမ်ကြောင်း အဖွဲ့ဝင် ၁၅ နိုင်ငံက ပြောဆိုထားကြတာပါ။

မိန်းကလေးတွေ အတွက်အားလုံး ကျောင်းတက်ခွင့်ရဖို့ အချိန်မဆိုင်းဘဲ ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ ရုပ်မြင်သံကြား တင်ဆက်သူ အမျိုးသမီးတွေ အပါအဝင် လူမြင်ကွင်းမှာ အမျိုးသမီးတွေ မျက်နှာတွေကို ဖုံးအုပ်ထားဖို့ တာလီဘန်တွေ အမိန့်ထုတ်ခဲ့တဲ့အပေါ် လွန်စွာမှစိုးရိမ်မိကြောင်း လုံခြုံရေးကောင်စီ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG