သုံးရလွယ်ကူစေသည့် Link များ

Serena Williams တင်းနစ်လောကကို ကျောခိုင်းတော့မည် 


Serena Williams
Serena Williams

ကမ္ဘာကျော် အမေရိကန် အမျိုးသမီး တင်းနစ် အားကစားသမား Serena Williams ဟာ Grand Slam ချန်ပီယံ ၂၃ ဆုရရှိပြီးနောက် အားကစားလောကကို ကျောခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့   ပြောပါတယ်။ နောက်ထပ် ကလေးတယောက် ထပ်ယူဖို့နဲ့ စီးပွားရေးကို အာရုံစိုက်တော့မယ်လို့လည်း ပြောပါတယ်။

Serena Williams တင်းနစ်လောကကို ကျောခိုင်းတော့မည်

{{Zawgyi/Unicode}}
ကမ္ဘာကျော် အမေရိကန် အမျိုးသမီး တင်းနစ် အားကစားသမား Serena Williams ဟာ Grand Slam ချန်ပီယံ ၂၃ ဆုရရှိပြီးနောက် အားကစားလောကကို ကျောခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ နောက်ထပ် ကလေးတယောက် ထပ်ယူဖို့နဲ့ စီးပွားရေးကို အာရုံစိုက်တော့မယ်လို့လည်း ပြောပါတယ်။ ဒီလထဲမှာ အသက် ၄၁ နှစ်ပြည့်တော့မှာဖြစ်ပြီး တခုခု ပြန်လုပ်ပေးဖို့ အချိန်တန်ပြီလို့ Vogue မဂ္ဂဇင်းက အင်္ဂါနေ့ ဆောင်းပါးမှာ ရေးသားခဲ့တာပါ။

အငြိမ်းစားယူတယ် ဆိုတဲ့ စကားလုံးကို မကြိုက်တဲ့အတွက် အဲဒီအစား သူ့ဘဝကို တင်းနစ်အားကစားလောကနဲ့ ဝေးရာ တခြားပိုအရေးကြီးတဲ့ အဆင့်တဆင့်ကို တိုးတက်ပြောင်းလဲတာလို့ သဘောထားချင်ကြောင်း ပြောပါတယ်။

Serena Williams ဟာ ဒီသီတင်းပတ်ထဲ ကနေဒါနိုင်ငံ Toronto မြို့က ကွင်းအမာ တင်းနစ်ပွဲမှာ ကစားမှာဖြစ်ပြီး၊ ဒီနောက်မှာတော့ ဒီနှစ်ထဲ Grand Slam နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ စတင်မယ့် U.S. Open မှာ ကစားမှာပါ။

Serena Williams ဟာ Grand Slam တဦးချင်း ကြေးစားပြိုင်ပွဲတွေမှာ အမျိုးသမီးတွေထဲမှာရော၊ အမျိုးသားတွေထဲမှာပါ အများဆုံးအဖြစ် ချန်ပီယံဆု ၂၃ ဆု ရရှိထားသူဖြစ်ပါတယ်။ ဆု ၂၄ ဆုနဲ့ သူ့ထက်ပို ရဖူးသူအဖြစ် စံချိန်တင်ခဲ့ဖူးတဲ့ တင်းနစ်အားကစားမယ် Margaret Court ရှိခဲ့ပေမဲ့ အများစုကတော့ အပျော်တမ်းပွဲစဉ်တွေမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

080922 Serena Williams .mp3
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}




XS
SM
MD
LG