သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးမြား နဲ့ တိုက်ခိုက်ခံရလို့ နော်ဝေမှာ လူ ၅ ဦးထက်မနည်းသေဆုံး


Kongsberg
Kongsberg

{{Zawgyi/Unicode}}

နော်ဝေနိုင်ငံ အရှေ့တောင်ပိုင်းမှာ အမျိုးသားတဦးက လေး၊ မြား လက်နက်နဲ့ တိုက်ခိုက်မှုကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုအတွက် မသင်္ကာသူကို ဖမ်းထားတယ်လို့လည်း ရဲကပြောပါတယ်။

“စုံစမ်းတွေ့ရှိချက်အရ တိုက်ခိုက်မှုဟာ တယောက်တည်းက ကျုးလွန်တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့အပေါ် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ဟုတ်မဟုတ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးထားသူကို စစ်ဆေးမေးမြန်းမှုတွေ မလုပ်ရသေးတဲ့အတွက် ဘာကြောင့်ဆိုတာ ပြောဖို့စောနေပါသေးတယ်။” လို့ Kongsberg မြို့ ရဲမှူး Øyvind Aas က သတင်းထောက်တွေကို ပြောလိုက်တာပါ။

လူဦးရေ ၂၆၀၀၀ လောက်ရှိတဲ့ Kongsberg မြို့ နေရာတော်တာ်များများမှာ ဒေသစံတော်ချိန် ညနေ ၆နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူကို အနီးအနားမြို့ဖြစ်တဲ့ Drammen ကို ခေါ်သွားကြောင်း ရဲကပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒေသခံ TV2 သတင်းဌာနကတော့ တိုက်ခိုက်သူမှာ ဓားတချောင်းနဲ့ တခြားလက်နက်တွေ ပါလာသေးတယ်လို့လည်း ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့လိုက်ပေမဲ့ အရေအတွက်နဲ့ ဒဏ်ရာအခြေအနေတွေကိုတော့ ရဲကမပြောပါဘူး။ ရဲတပ်ဖွဲ့က မြို့ခံတွေကို အိမ်ပြင်မထွက်ကြဖို့ နှိုးဆော်ထားပြီး၊ ရပ်ကွက်တချို့မှာတော့ အသွားအလာတွေ တားမြစ်ထားပါတယ်။

နော်ဝေနိုင်ငံမှာ လူအများအပြား သေကျေတဲ့အထိ တိုက်ခိုက်မှုတွေ တွေ့ရလေ့ မရှိပေမဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်ယာစွန်းဝါဒီ Anders Behring Breivik ရဲ့ လက်ချက်နဲ့ လူ ၇၇ ယောက် သေဆုံးခဲ့ဖူးပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG